Feb 2, 2007

ဖေဖော်ဝါရီ ၂ရက် ညနေ


အခု စင်္ကာပူမြစ်ကမ်းဘေးနားလေးမှာ ထိုင်နေတယ်။



ခင်ဗျား ပြုံးနေမလား။ အထင်မကြီးပါနဲ့ဗျာ။ ကျွန်တော့် ဘေးမှာ ဘယ်ကောင်မလေးမှ မပါပါဘူး။ မရှိမဲ့ရှိမဲ့ ခြစ်ခြုတ်ဝယ်ထားရတဲ့ laptop လေးတစ်လုံးပဲ ပါတာပါ။ တခြားတခြားသောသူများကတော့ အတွဲကိုယ်စီနဲ့ပေါ့။ တကယ်တော့ စင်္ကာပူမြစ်ကမ်းဘေး ဆိုတာ စင်္ကာပူရဲ့ အင်းလျားပဲလေ။ ပြောရင်းနဲ့ အင်းလျားကို သတိရလာပြန်ရော။

အင်းလျားက ဘယ်တော့မှ ထိုင်စရာနေရာမရတဲ့ ခုံတန်းတွေရယ် ..
စိမ်းလန်းစိုပြေရဲ့ ညနေခင်းတွေရယ် ..
ပြီးတော့ ကျွန်တော် ရင်ခုန်တဲ့ စကားပန်းတစ်ပွင့်ရယ် ..

ရေးဖူးတဲ့ ကဗျာတစ်ပိုဒ်ထဲကလို ဆိုရင်တော့.. အဲဒီလိုမျိုး ပန်းကို တိုးတိုးလေး လွမ်းနေတယ်...

2 comments:

Anonymous said...

စင်္ကာပူမှာ ကျွန်မအကြိုက်ဆုံးနေရာလေးပါ..
အဲဒီမြစ်ကမ်းနဖူးပေါ်က ထမင်းဆိုင်တွေက ဈေးတော့ကြီးတယ်နော်..

ညီညီ(သံလွင်) said...

ဟုတ်ကဲ့ ဈေးကြီးတော့ အဲဒီဆိုင်တွေမှာ မစားဖြစ်ဘူး။ ထောင့်က Coffee Bean မှာ ဖြစ်ဖြစ် မြစ်ကမ်းဘေးမှာပဲ ဖြစ်ဖြစ် ထိုင်ဖြစ်တာများတယ်။