Feb 17, 2007

သံလွင်အိပ်မက် Desktop Wallpaper


Download Wallpaper [1024x768 pixels]


သံလွင်အိပ်မက်အတွက် Desktop Wallpaper လေး တစ်ခုကို သံလွင်အိပ်မက် အမှတ်(၉) ထွက်ကာစကာလက လုပ်ဖြစ်ခဲ့ပါတယ်။ ကြည့်ရတာ ရိုးရိုးလေးဖြစ်အောင် သိပ်ရှုပ်ရှုပ်ထွေးထွေးကြီး မလုပ်ဖြစ်ဘူး။ သံလွင်အိပ်မက်ကို ၂၀၀၄ မှာ စထုတ်ခဲ့တယ် ဆိုတာရယ်။ အတိအကျပြောရရင် သြဂုတ်လ ၁၇ရက် ၂၀၀၄ မှာပါ။ ပြီးတော့ သံလွင်အိပ်မက်ကို တစ်နှစ်လေးကြိမ် ပြောင်းလဲထုတ်ဝေပြီးတဲ့နောက် သံလွင်အိပ်မက် ထွက်မယ့်လတွေရယ်။ “သံလွင်ကို အိပ်မက်တဲ့အခါ ငါတို့ရဲ့ တေးသွားကိုကြားလိမ့်မယ်”ဆိုတဲ့ စာသားရယ်။ သံလွင်အိပ်မက်ရဲ့ အမှတ်တံဆိပ်ရယ်။ နောက်ခံကတော့ အသစ်ထွက်ရှိလာတဲ့ Windows Vista Theme ကို ယူထားတာပါ။

No comments: