Feb 15, 2007

ကျွန်တော်နှင့် သက်ဆိုင်သော (၂)

ကျွန်တော်နှင့် သက်ဆိုင်သော (၂)


နေ၀င်ချိန်ဆို ငိုနေခဲ့တာ မင်းမသိနိုင်ဘူး .. အကြိမ်ကြိမ်အခါခါ ကိုယ်မျှော်လင့်တာ နီးစပ်နိုင်ဖို့အတွက်ကို .. ပင်လယ်ပြင်ရယ် တိမ်တွေခြားပါစေ မဝေးခဲ့ပါဘူး အချစ်လေးရယ် ကိုယ့်အိပ်မက်မှာလည်း မင်းအကြောင်းတွေး ...

ရန်ကုန်မှာတစ်ယောက်တည်း ... ငါ့ကိုမင်းအခုလွမ်းနေသေးလား ... တိမ်တွေကို ကျော်ဖြတ် အရောက်လာခဲ့မယ် မင်းရှိရာကို ...

နှလုံးသားတစ်ခုတည်းပါ.. အခက်အခဲတွေ မမှုဘဲ ငါ.. နေ့နေ့ည ကြိုးစားနေတာ မိသားစုနဲ့ မင်းအတွက်ပါ..

တစ်ဘ၀လုံးလက်တွဲဖို့ စဉ်းစားထားတာ အသေချာဆုံးပါ.. ငါမေးတာ ဖြေပါဦးကွာ.. ဒီအချိန်မှာ လွမ်းနေခဲ့တာ မင်းပဲ အသေချာဆုံးပါ..

အချိန်ကို ကြည့်တော့ ည ဆယ့်နှစ်နာရီ.. မင်းကို လွမ်းတဲ့စိတ်က ဒီညလိုပဲ နက်နက်လာပြီ..

ခဏ ခဏ.. နင်ပေးတဲ့ စာတွေ ဖတ်ပြီးတော့.. ည ည .. ဆိုရင် အတွေးထဲကနေ မထွက် ပြီးတော့ အလှအပတွေလည်း နောက်ထပ် ငါမမက် စိတ်ချ..

မျှော်လင့်ခြင်းများနဲ့ ရှေ့အနာဂတ်မှာ ခရီးဆက်ရင်း ရောက်လာတော့မယ့် နီးစပ်ခြင်း...

No comments: