Feb 13, 2007

ခရီးအဆုံးထိ

သီချင်းနားထောင်ရန်

တေးရေး - လင်းလင်း
တေးဆို - လေးဖြူ

မင်းရဲ့ အနမ်းတစ်ရှိုက်နဲ့
ငါ့ရဲ့ အနမ်းတစ်ရှိုက်နဲ့ ခံစားချက်တူညီ
ရှိခဲ့တဲ့နောက်
မင်းရဲ့ အတွေးများနဲ့ ငါ့ရဲ့အတွေးများနဲ့
အနာဂတ်သစ် တူညီ
ထားခဲ့တဲ့နောက်တော့
ခမ်းနားခြင်းကင်းမဲ့ အရိုးသားဆုံး ခရီးတစ်ခု
ငါတို့နှစ်ယောက် ကိုယ်တိုင် ရွေးထားခဲ့ပြီး
သဘောထားများအပြည့်နဲ့ ဆူးလမ်းများ နင်းဖြတ်
ဘာဖြစ်ဖြစ်ပါကွယ် ခရီးများအဆုံးထိလျှောက်


(Chorus)

အဆိုးများကြုံကြိုက်တုန်းမှာ
ဒုက္ခတွေဟာ ခဏပါ
အနမ်းများကို အသက်သွင်းကာ ခရီးများ အဆုံးထိလျှောက်
လက်တွေ့ဟာ ရင်ဘတ်မှာ လမ်းဆုံးဟာ ခဏလေးပါ
အနမ်းများကို အသက်သွင်းကာ
ခရီးများ အဆုံးထိလျှောက်
ခရီးများ အဆုံးထိလျှောက် ဟူး
ခရီးများအဆုံးထိလျှောက်


Guitar Chord ယူရန်

No comments: