၂၀၀၅ သြဂုတ်လထုတ် သံလွင်အိပ်မက် အမှတ် (၄)မှာ ဖော်ပြခဲ့ဖူးပြီး ၂၀၀၅ စက်တင်ဘာလထုတ် ခေတ်မြန်မာဂျာနယ် အတွဲ ၂ အမှတ် ၁၆ မှာလည်း ဖော်ပြခြင်းခံခဲ့ရဖူးတဲ့ ကျွန်တော့် အက်ဆေးတစ်ပုဒ်ပါ။ ကျွန်တော် ရေးဖြစ်တဲ့စာတွေထဲက မြန်မာပြည်မှာ ပထမဆုံး ပုံနှိပ် ဖော်ပြခဲ့ဖူးတဲ့ အက်ဆေးလည်း ဖြစ်ပါတယ်။ အဲဒီမတိုင်မီ ပထမဆုံး ပုံနှိပ်ဖော်ပြခံရတဲ့စာမူကတော့ စင်္ကာပူနိုင်ငံထုတ် ရွှေမြန်မာ မဂ္ဂဇင်းမှာ ပါခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ပါ။
ကိုယ်ရေးထားတဲ့စာတွေကို ပုံနှိပ်စာလုံးတွေအဖြစ်နဲ့ စပြီးမြင်ရတဲ့အချိန်ဟာ အတော်လေးပျော်ဖို့ကောင်းပါတယ်။ တကယ်တမ်းတော့ ရတဲ့ စာမူခက ဘာမှ မပြောပလောက်ပါဘူး။ အဓိက က ကိုယ်ပေးချင်တဲ့ message ကို လူတွေ ဖတ်မိရင် ကျေနပ်တယ်ဆိုတဲ့ ခံစားမှုပါ။
ကွန်ပျူတာဆိုတာ ကျွန်တော်တို့လို ပြည်ပမှာ နေထိုင်လုပ်ကိုင်သူတွေအတွက်တော့ နေ့စဉ်မရှိမဖြစ်ပေါ့ဗျာ။ အခုတော့ ပြည်တွင်းမှာ နေထိုင်သူ တချို့အတွက်လည်း မရှိမဖြစ်လို ဖြစ်နေပါပြီ။ ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ ဘာမှ မဟုတ်တဲ့ ပမာဏလေးပါ။ ရန်ကုန်မှာတောင် ကွန်ပျူတာကို အရမ်းတွင်တွင်ကျယ်ကျယ်မသုံးနိုင်ကြသေးတာ တွေ့ရပါတယ်။ ဒီတော့ ကွန်ပျူတာတွေရဲ့ အခန်းကဏ္ဍဟာ အခြားအခြားသောနိုင်ငံတွေမှာ ဘယ်လိုအခြေအနေတွေ ရောက်နေပြီဆိုတာ ဖော်ပြလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအက်ဆေးကို ရေးဖြစ်ခဲ့ပါတယ်။ ဒီတော့ ပြည်တွင်းပြည်ပက မြန်မာတွေအနေနဲ့ ဒီအက်ဆေးကို ဖတ်မိတဲ့အခါ .. “ငါတို့လည်း ခေတ်နောက်ကျ မကျန်ခဲ့အောင် ကွန်ပျူတာတော့ လေ့လာမှပဲ.. အင်တာနက်ဆိုတာကြီးကိုတော့ လေ့လာဦးမှပဲ” လို့ တွေးမိကြမယ်ဆိုရင် .. အဲဒီက တဆင့် ကိုယ်တိုင် စူးစမ်းလေ့လာ ကြည့်ကြမယ် ဆိုရင်တော့ဖြင့် ကျွန်တော် အချိန်ပေးပြီး ရေးထားခဲ့တာ အကျိုးမမဲ့ဘူး ထင်ပါရဲ့ဗျာ ..
သံလွင်အိပ်မက်
http://www.thanlwin.com/thanlwinainmat/issue4/essays/essay4.htm
ခေတ်မြန်မာ
http://www.thanlwin.com/nyinyiblog/khitmyanmarvol2no16-nyinyi.pdf
No comments:
Post a Comment