
ကျွန်တော်နှင့် သက်ဆိုင်သော
ဒီနေ့ ရဲလေးရဲ့ ကျွန်တော်နှင့် သက်ဆိုင်သောအခွေထဲက “ကျွန်တော်နှင့်သက်ဆိုင်သော” ဆိုတဲ့ သီချင်းလေးကို အခါခါ နားထောင်နေမိတယ်...
ဘာဖြစ်လို့ တွေ့ဆုံချိန်တွေ နည်းရတာလဲ.. တွေ့တာမှ မကြာသေးဘူး .. ဘာဖြစ်လို့တို့တတွေ ခွဲရမှာလဲ...
လွမ်းရတဲ့မနက်မျိုးဆို ဒီဇင်ဘာ ၁၉ကို ခေါင်းထဲမှာ မှတ်မိနေဆဲ .. နှစ်ယောက်အတူတူထွေးပိုက်ရင်းနဲ့ ဟစ်ဟော့ပ်ရှိုးကို ရပ်ကြည့်နေတဲ့ နေ့ရက်တွေကို
မမေ့သေးခဲ့ပါ ..
လေယာဉ်ကွင်း လိုက်မပို့နိုင်ဘဲ နှုတ်ဆက်ကြရင်း ဝေးသွားတာပဲ .. မင်းစာသင်ကျောင်းကို အပြေးအလွှားလာရင်း တွေ့ခဲ့ကြတာတွေကို သတိရပေးပါ..
ဝေးနေလည်း အချိန်တိုင်း ကိုယ်ညတိုင်း သတိရနေဆဲပါ.. ရင်မှာ မင်းပုံရိပ်တွေ မမေ့နိုင်အောင် ငါရိုက်နှိပ်ထားပြီး သိမ်းဆည်းထားခဲ့..
Feb 15, 2007
ကျွန်တော်နှင့် သက်ဆိုင်သော
Subscribe to:
Post Comments (Atom)

No comments:
Post a Comment