Feb 4, 2007

အဆုံးမဲ့အချစ်


ဒီနေ့ Peninsula Plaza ရောက်တော့ သူငယ်ချင်းစုံတွဲ သုံးစုံတိတိတွေ့တယ်။ နောက်ဆို ဘယ်သူနဲ့မှ မတွေ့အောင် အိမ်မှာပဲ အိပ်နေပြီး အပြင်မထွက်ဘဲနေရင်တောင် ကောင်းမလားပဲ။ အခုတော့ သတိတရ ဖြစ်ရပြန်ပြီ။ ထူးအိမ်သင်သီချင်းထဲကလို “အမြန်လာပါ .. အိပ်မက်ကလေးရယ်” လို့ ဆိုရမလို ဖြစ်နေပြီ။

ဒါနဲ့ အိမ်ပြန်ရောက်တော့ The Myth ရုပ်ရှင်ကားထဲမှာ ပါပြီး ဂျက်ကီချန်းဆိုထားတဲ့ ဒီ “အဆုံးမဲ့အချစ်” သီချင်းလေးကို ဘယ်နှစ်ခါမှန်းမသိ နားထောင်နေမိတယ်။ ကျွန်တော့်ကို တရုတ်လို ကိုရီးယားလို နားမလည်ဘဲ ဘာလို့ နားထောင်နေသလဲလို့ မေးမနေနဲ့ဦး။ ဒီ ဘာသာပြန်လေးကြည့်ပြီး ခံစားတာပေါ့ဗျာ...

Jackie Chan & Kim Hee-Seon - Endless Love - MP3

No comments: