Feb 21, 2007

အနုပညာဘာသာစကား

အဝေးကြီးမခွဲခွာခင် နှုတ်ဆက်နေကြတဲ့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်ကို
သီချင်းတစ်ပုဒ်ထဲမှာ တွေ့ရမယ်..
ကဗျာတစ်ပုဒ်ထဲမှာ တွေ့ရမယ်..
ပြီးတော့ ဖန်တီးမှုဒီဇိုင်းတစ်ခုထဲမှာတွေ့ရမယ်..

သီချင်း၊ ကဗျာ၊ ဖန်တီးမှုဒီဇိုင်း..
အနုပညာတစ်ခုစီတိုင်းရဲ့ ကိုယ်ပိုင်ဘာသာစကားကို ခင်ဗျားနားစွင့်ကြည့်တဲ့အခါ..


+သီချင်းတစ်ပုဒ်ထဲမှာ..

“သစ္စာရှိကြေး”

တေးရေး၊ တေးဆို - မျိုးကျော့မြိုင်

နှုတ်ဆက်တဲ့စကားလေး စလို့ပြောတယ်
ခေါင်းကလေးငုံ့လို့ မျက်ရည်စများရယ်
သူ့လက်ကလေးကို ဆုပ်ကိုင်ရင်းနဲ့
ရင်ခုန်သံတွေ ကျယ်လောင်စေခဲ့
ခဏအကြာလေးကို မတွေးဘူးအချစ်ရယ်
မင်းထွက်မသွားခင် အချိန်ရယ်ခဏလေး
ကြင်နာသူလေးရယ် ကိုယ်ပြောပြမယ်
တို့နှစ်ယောက်အမြဲ သစ္စာရှိကြေး..

ဝေးပြီးတဲ့တစ်နေ့ ပြန်တွေ့ကြမယ်
ပြန်တွေ့ကြတဲ့အခါ သိပ်ချစ်ကြမယ်
ဒါတွေကို ကိုယ်တစ်ကယ်သိလည်း ဒီအချိန်မှာ ကိုယ်မခံစားရဲ
အရင်လိုလေ ပြောဦးကတိတွေ ကိုယ်ပျော်အောင် ပြုံးတဲ့အပြုံးလေး
ကြင်နာသူလေးရယ် ဘယ်လိုရှိဦးမယ် ဒီအချိန်မှာ ကိုယ်တစ်ကယ်လွမ်းဆွေး..

အချိန်တွေ ကုန်ဆုံးလို့နေလဲကွယ်
ရာသီတွေပြောင်းလဲနေလဲကွယ်..

သိပ်ချစ်တဲ့မင်းနဲ့ ဘယ်လောက်ပဲဝေးဝေး
ကိုယ့်စိတ်က အမြဲနီးနီးလေး
သိပ်ချစ်တဲ့မင်းနဲ့ ဘယ်လောက်ပဲဝေးဝေး
တို့နှစ်ယောက်အမြဲ သစ္စာရှိကြေး..

သူရေးတဲ့စာလေး ကိုယ်ဖတ်ကြည့်ရင်းကွယ်
ရင်မှာ မျက်ရည်လည်လာမိတယ်
အချိန်တွေရယ် ဘယ်လိုပဲပြောင်းပြောင်း
အရင်လိုလေ သူဘာမှ မပြောင်းလဲ
ကြင်နာသူလေးရယ် ကိုယ်သိပ်ချစ်မိတယ်
ပြန်ဆုံမယ့်နေ့ရက် အချိန်လေး
ကိုယ်မျှော်လင့်လို့ အမြဲပဲစောင့်မယ်
တစ်ချိန်မှာ တို့နှစ်ယောက် သိပ်ချစ်ကြကြေး..


+ကဗျာတစ်ပုဒ်ထဲမှာ ..

“ရှင်ကွဲ”

ငါတို့ရှေ့မှာ
ရထားဟာ ခါတိုင်းထက် ပိုမိုရှည်လျား
ဥသြဆွဲသံများကလည်း
ဖွာရရာ ထစ်ချုန်းပြတ်တောက်ကျနေခဲ့..

နှုတ်မဆက်မိရင်လည်း အကောင်းသား
နှုတ်ဆက်လိုက်ကြတော့
ဘူတာဟာ
အ၀ါဖျော့ဖျော့နဲ့
ဂူသင်္ချိုင်းဆန်လာ..

ကံကြမ္မာက
မျဉ်းတစ်ကြောင်းတည်းပေါ်မှာ
ခွာလေးဘက် မရပ်နိုင်ခဲ့ဘူး..

ဘယ်သူ့ကိုမှ မပြောနဲ့
ဘယ်သူ့စကားကိုမှ နားမထောင်ဘူး
မြေလို၊ ပင်လယ်လို အက္ခရာတစ်လုံးနဲ့
ငါတို့ ဆက် “ချစ်” နေကြဦးမယ်..

မမေ့ဘူးကွယ်
ဘယ်တော့မှ မမေ့ပါဘူး
ရက်စက်သွယ်ပြောင်းတဲ့
မီးခိုးလက်ချောင်းတွေက
ငါတို့ကို အပွင့်ခူးချိန်..

ရထားဟာ
လောက လူရိုင်းရဲ့ မှုတ်ပြောင်းဝကနေ
အဆိပ်တွေနဲ့
တုန်ယင်စွာ လူးလွန့် ထွက်ခွာခဲ့ရပေါ့..။

တာရာမင်းဝေ


+ဖန်တီးမှုဒီဇိုင်းတစ်ခုထဲမှာ ..

No comments: