Mar 10, 2010

ကစားပွဲ

"ကစားပွဲ"

ဝင်တိုးမလား
လူစုခွဲမလား
အင်အားပြမလား
အကွက်ရွေ့မှားရင် အစားခံရမယ်
ဘ၀ / နှစ်ထောင့်တစ်ဆယ်။

(ခေလွန်း)

("/" = မျဉ်းစောင်းဟု ဖတ်ပါ)

Read More...

Dec 21, 2009

တို့တိုင်းပြည်

ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
စေတီစပါး များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်
မစားလေရ ၀မ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောက ပြိတ္တာဖြစ်မည်တည်း။

ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးမြားမြောင် ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍ တ၀မ်းတစိတ် ညီစေသတည်း။

-ဆရာဇော်ဂျီ
(၂၀၀၉ ဒီဇင်ဘာ ၂၀ တွင် ကျင်းပပြုလုပ်သည့် စင်္ကာပူ စာပေဟောပြောပွဲ၌ ဆရာချစ်ဦးညိုရွတ်ဆိုခဲ့သည့် ကဗျာ)

Read More...

Dec 17, 2009

တိုက်ပွဲပျော်

“တိုက်ပွဲပျော်”

ပုခက်ကြားက အူဝဲဟစ်ကာ
စစ်ကြေညာပြီး လောကကြီး၏
ခါးသီးတွေ့ကြုံ အလုံးစုံကို
မဖြုံအံခဲ ရှေ့ဆက်နွှဲရင်း
လူလည်း အတော်ကြီးခဲ့ပေါ့။

မိုက်လဲ မိုက်လို့ တိုက်လဲ တိုက်ခဲ့
ရှုံးလိုက်တာလဲ အသေင်္ချေ။

ရဲလဲရဲလို့ နွှဲလဲ နွှဲခဲ့
နိုင်ပွဲတွေလဲ အနန္တ။

ဒီလိုပဲပေါ့
တိုက်ပွဲဆိုတာ သာချင်သာမယ်
တိုက်ပွဲဆိုတာ နာချင်နာမယ်
ဘယ်ခါခန့်မှန်း သိနိုင်မလဲ။

ရှေ့ကဆီး၍ ခရီးလမ်းထဲ သစ်ပင်လှဲမလား
ရှေ့ကကန့်၍ အဟန့်အတား ဆူးတွေ ထားမလား
ယောက်ျားဟေ့နော် တိုက်ပွဲပျော်
ကျွန်တော် တိုက်ရင်း တက်မှာပဲ။

ဓနုဖြူကျော်ထွန်း
(၁၅ ရက် ဒီဇင်ဘာလ ၂၀၀၉ တွင် ကွယ်လွန်သွားသည့် ဆရာအီကြာကွေး ရေးသားခဲ့သည့်ကဗျာတစ်ပုဒ်)

Read More...

Nov 25, 2009

Untouchable Home

I don’t know how many of you are being attracted to a place where you were born and raised up. To me, it means a lot. When I was born, my family was living in a flat in downtown area of Yangon. My eldest sister told me that apartment was bought with 70,000 kyats. Then, 20 kyats could buy a dollar. It’s located very close to the ministers’ office where General Aung San was assassinated. It’s in an old building and we stayed at the 1st floor.

By the time I realize about my existence living in that flat, it’s so much crowded and I heard noises. Wherever I looked around, many students were sitting on rows and rows of benches in that apartment. In front of them, my dad was giving his lecture. Yes, my dad used to be a famous teacher who taught private tuition classes then.

It was unimaginable how my grandparents (parents of my mom), my parents and 3 of my siblings and I were living in that tiny unit. I wasn’t aware that was the most valuable time in my life for we could all stay together as a family. As a kid, I enjoyed playing with friends from neighborhood. We played different kinds of games on the street especially on weekend. My grandmother was always keeping an eye on me from a verandah so that she could look after me from being bullied. I think every grandparent has their own favorite grandkid. My grandfather loves my cousin who’s now studying in Malaysia a lot. I think my grandmother loves me more than my grandfather. I don’t know if I were her favorite grandkid though.

I lived in one and only bed room of the apartment sharing with my parents. My mom is a retired teacher. She always praises and comforts me by saying she wanted a bright and smart son and she got me. I don’t know if I really fulfilled her wish but I had never let them down.

After 1990, my dad changed his profession and started a trading company. He was doing well and managed to buy another flat in another township soon after. Then, the place where I used to stay and play became my dad’s office.

From now and then, many changes happened. We moved to several places. My grandparents who are my mom’s parents passed away. 2 of my siblings moved to overseas. My only brother also moved out to start his family. I studied and have been working in Singapore. Only my parents are living in another apartment. My dad has stopped doing business. Whenever I go back Yangon for visit, I drop by to that old apartment. I feel my childhood there. And I recall the days we all were together as a family.

I called my mom yesterday and was told by my mom that apartment was sold. I had that strange feeling which I don’t exactly know how to explain. It may be an old and useless apartment in reality and lucky enough to have a buyer in this economy. But, I feel sad as I shall never feel the warmth I always had if I were to visit Yangon anytime soon. I don’t know how many of you are being attracted to a place where you were born and raised up. To me, it means a lot. Really, I mean it.


Read More...

Jun 3, 2009

ခင်ဗျား အရင်အတိုင်း မဟုတ်တော့ဘူး ရန်ကုန်

ဟန်ထူးလွင် (Big Bag) ရဲ့ သီချင်း တစ်ပုဒ်ထဲမှာတော့ “ရန်ကုန်မြို့ကြီးလဲ အရင်အတိုင်းပဲ” တဲ့။ မြန်မာနိုင်ငံ ခဏ ပြန်ဖြစ်တော့မှ ခင်ဗျား အရင်အတိုင်း မဟုတ်တော့မှန်း သိလိုက်ရတယ်ဗျို့။ အပြောင်းအလဲတွေ ခပ်များများနဲ့ ခင်ဗျားကို ကျုပ်တော့ မမှတ်မိလောက်အောင်ပဲ။ ခင်ဗျားဟာ ဟန်ပဲ ရှိပြီး အဆံမရှိတော့တဲ့ မြို့တစ်ခုလို့ ကျုပ် သိလိုက်ရတော့ အံ့အားသင့်သွားတယ်ဗျ။

ခင်ဗျား အသစ်ဆောက်ထားတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆောက်အဦးထဲ အရင်ကလို ကားကြီးနဲ့ ခေါ်မသွားတော့ဘဲ စင်္ကာပူမှာလို လေယာဉ်တံခါးကနေ တခါတည်း လေဆိပ်ထဲ ၀င်သွားလို့ ရတော့ ကျုပ် .. ခင်ဗျားကို အထင်ကြီးမိတာ အမှန်ပဲဗျ။ နောက်ပြီး လူဝင်မှုကြီးကြပ်ရေး ရောက်တဲ့အထိ ရွေ့လျားစက်လှေကားတွေနဲ့ ဆိုတော့ ခင်ဗျားနဲ့ မတွေ့ဖြစ်တဲ့ ၂ နှစ်လောက် အတောအတွင်း ခင်ဗျား အတော်လေး ဟုတ်နေပြီကောလို့ ကျုပ်ထင်မိလိုက်သေးတာ။ ခင်ဗျား ရေနံသူဌေးဖြစ်နေတဲ့ သတင်းတွေလည်း ကြားနေရတာကိုး။ ဒါပေမယ့်ဗျာ ... ။

ရှေ့မှာ ကျုပ်တွေ့လိုက်တဲ့ လူတန်းကြီးက တမျှော်တခေါ်ပါလား။ ကျုပ်လည်း စင်္ကာပူမှာ ဆယ်စုနှစ်တစ်ခုလောက် နေခဲ့သူဆိုတော့ စည်းကမ်းတကျ တန်းဝင်စီလိုက်တာပေါ့လေ။ ခက်တာက အတော်လေး ကြာမှ လူတန်းကြီးက နည်းနည်းလေး ရွေ့တာပဲဗျို့။ မြန်မာနိုင်ငံသားတွေ မြန်မာပြည်ပြန်လာတာကို ဘာတွေများ အချိန်ဒီလောက်ယူပြီး ခင်ဗျား စစ်ဆေးနေမှန်း ကျုပ် မသိတာ အမှန်ပဲ။ တစ်ယောက်ပြီး တစ်ယောက်ကို အခွန်ဆောင်လာလား၊ ခွင့်စာပါလား၊ ကျောင်းပိတ်လို့ ပြန်လာတာလား လုပ်နေတာ လူဝင်မှုကြီးကြပ်ရေးရဲ့ အလုပ် ဟုတ်မဟုတ် ခင်ဗျား သေချာ တွေးကြည့်ဖို့ ကောင်းတယ်ဗျ။ ကျုပ်က စင်္ကာပူမှာ အမြဲတမ်းနေထိုင်ခွင့် ရထားသူ တစ်ယောက် ဆိုတော့ စင်္ကာပူပြန်ရင် ဘယ်တော့မှ Arrival Form လည်း ဖြည့်စရာ မလိုဘူး။ ကျုပ် ဘယ်က ပြန်လာသလဲ။ ဘာသွားလုပ်သလဲ ဆိုတာလဲ စပ်စပ်စုစု မမေးဘူး။ ပြီးတော့ ကျုပ်ကို အခွန်ဆောင်သလားလည်း မမေးဘူးဗျ။ ဒါ IRAS (စင်္ကာပူ အကောက်ခွန်ဌာန) က လုပ်ရမယ့် အလုပ်လေဗျာ။

ခက်တာက မြန်မာနိုင်ငံသား တစ်ယောက်အဖြစ်ကို ဘယ်လိုအခွင့်အရေး ပေးပေး မစွန့်လွှတ်ဘဲ တစ်နေ့ မြန်မာနိုင်ငံမှာ ပြန်နေမယ်ဆိုတဲ့ စိတ်နဲ့ ဖက်တွယ်ထားတဲ့ ကျုပ်ကိုမှ ခင်ဗျားက အခွန်ဆောင် မလာရင် ပြည်ဝင်ခွင့် မပေးဘူး ဆိုတာနဲ့၊ ခွင့်စာ မပါရင် နိုင်ငံကူးလက်မှတ် သိမ်းမယ် ဆိုတာနဲ့ ဟိန်းလား ဟောက်လား ခြိမ်းလား ခြောက်လား လုပ်နေတာ တဆိတ် မလွန်လွန်းဘူးလားဗျာ။ ပြီးတော့ ခင်ဗျားဟာ အတော် အရှက်အကြောက် ကင်းမဲ့စွာနဲ့ ခင်ဗျားအတွက် ဘာလက်ဆောင်ပါသလဲ မေးနိုင်သေးတာ အံ့ပါရဲ့ဗျာ။ ကျုပ် ခင်ဗျားဆီလာဖို့ အတွက် ပြန်ခါနီးလေးတင် ဆပ်ကြေးပေးခဲ့ရပြီးပြီလေ။ ကျုပ်ဆီက ဘာများ ထပ်လိုချင်သေးတာလဲ။

ခင်ဗျားနဲ့ ကျွန်တော်ဟာ ငယ်ပေါင်းကြီးဖော်ဆိုလဲ ဟုတ်ရဲ့။ ခင်ဗျားရဲ့ အဝေးမှာ ရောက်နေပေမယ့် ကျုပ်က ခင်ဗျားရဲ့ သတင်းတွေ အမြဲ နားစွင့်နေတဲ့သူပါဗျာ။ ခင်ဗျားကတော့ ကျုပ်လိုကောင်တွေ ခင်ဗျားကို စွန့်ပြီး အဝေးကြီးကို ထွက် ထွက်သွားနေတာ မြင်ရတော့ အရေးတယူ လုပ်ပြီး နေကောင်းလား ဘာလားတောင် မေးဖော်မရဘူး မဟုတ်လား။ ခင်ဗျား အတွက် ကျုပ်ဟာ သေလူ ဖြစ်သွားခဲ့ပြီလား ရန်ကုန်.. ။ ခင်ဗျားရဲ့ နေ့စဉ်ဘ၀ထဲမှာ ကျုပ်မရှိလည်း ခင်ဗျား ရှင်သန်လို့ ရနေတယ်ဆိုတော့ ကျုပ် ပြန်လာသည် ဖြစ်စေ မပြန်လာသည် ဖြစ်စေ ခင်ဗျားအတွက်က မထူးတော့ဘူးလေ။

ဒီလိုနဲ့ ကျုပ် အိမ်ပြန်ရောက်တဲ့ညမှာ ခင်ဗျားက မီးဖျက်ထားလိုက်သေးတယ်။ ဟိုး.. ကျုပ်ငယ်ငယ် မဆလခေတ်တုန်းကတောင် မီးပျက်မယ့်နေ့တွေ မီးလာတဲ့အချိန်တွေ မရှိဘူး။ သတင်းစာတွေထဲ ခင်ဗျား ရေးရေး နေတော့ ရန်ကုန်ဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်နေပြီဆို ဗျ။ တကယ်တမ်း ခင်ဗျား ရေးသင့်တာက ရန်ကုန်ဟာ ခေတ်နောက်ကျ မီးခဏခဏ ပြတ်နေပြီဆိုတာပဲလို့ ကျုပ်ပြောရင် ခင်ဗျားက စိတ်ဆိုးဦးမယ်။ ကျုပ်သိပါတယ်။ ကျုပ်က ခင်ဗျားကို ဝေဖန်တာနဲ့ ခင်ဗျား ငွေပေးပြီး လက်သပ်မွေးထားတဲ့ တေလေဂျပိုးတွေနဲ့ ကျုပ်ကို ရန်ရှာမယ် မဟုတ်လား။ မီးဖျက်ရုံနဲ့ ခင်ဗျားက အားမရတော့ ရေမလာအောင် လုပ်ပြန်ပါရော။ ကျုပ် အင်တာနက် သုံးမယ်လည်း လုပ်ရော ခင်ဗျားက ဖုန်းလိုင်းပါ ဖျက်လိုက်တယ်။ ခင်ဗျားမှာ ကောင်းတာ ဘာများ ကျန်သေးသလဲလို့ မျက်နှာကို စေ့စေ့ကြည့်ပြီး မေးလိုက်ချင်တယ် ရန်ကုန်.. ။

ခင်ဗျား အရင်အတိုင်း မဟုတ်တော့ဘူး ရန်ကုန်။ ခင်ဗျားဟာ ဘီယာလေး တမြမြ ဖြစ်လာပြီ။ စီးကရက်ကိုလည်း လက်က မချဘူး။ အညောင်းအညာပြေ အနင်းအနှိပ်ခံဖို့လား သားပျိုသမီးပျိုတွေကို ဖျက်စီးဖို့လား ခင်ဗျားကတော့ နေရာတိုင်းလိုလို အနှိပ်ခန်းတွေ လိုက်ဖွင့်ထားတယ်။ ကာရာအိုကေဆိုင်တွေက မီးပျက်လည်း မီးစက်နဲ့ ဆိုနေတယ်။ စည်ဘီယာဆိုင်တွေက လက်ညှိုးထိုးမလွဲဘူး။ ဘီယာ အရောင်းမြှင့်တင်ရေးလုပ်နေရတဲ့ မိန်းမပျိုလေးတွေ၊ အနှိပ်ခန်းတွေထဲ အစော်ကားခံနေရတဲ့ မိန်းမပျိုလေးတွေ၊ ကာရာအိုကေဆိုင်တွေမှာ သီချင်းအတူ လိုက်ဆိုရင်း ငွေနဲ့ အနင်းခံလိုက်ရတဲ့ မိန်းမပျိုလေးတွေ၊ နိုက်ကလပ်က ဖက်ရှင်ရှိုးအမည်ခံ ပန်းကုံးစွပ်ပွဲတွေကနေ အသပြာရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ မိန်းမပျိုလေးတွေ.. သူတို့တတွေဟာ ခင်ဗျားရဲ့ နှမသားချင်းတွေဆို ခင်ဗျား ခုလို ရီဝေေ၀ မျက်လုံးတွေနဲ့ စားမတတ် ၀ါးမတတ် စိုက်ကြည့်နေနိုင်ဦးမလား ရန်ကုန်။

ခင်ဗျား အသက် ဘယ်လောက်ရှိပြီလဲ ပြန်တွေးဦး ရန်ကုန်။ ခင်ဗျား နောက်မှ လူဖြစ်တဲ့ စင်္ကာပူတောင် အတော် ပြည့်ပြည့်စုံစုံ ဖြစ်နေပြီ။ ခင်ဗျား ရှက်တတ်ရင် ခင်ဗျားဘ၀အတွက် ခင်ဗျားကို မှီခိုနေရတဲ့သူတွေအတွက် ခင်ဗျား လုပ်သင့်တာကို ပြတ်ပြတ်သားသားလုပ်ဖို့ လိုပြီ ရန်ကုန်။ ခင်ဗျား ပြောင်းလဲဖို့ အသင့်ဖြစ်တဲ့ အခါ ကျုပ်ရော ကျုပ်သူငယ်ချင်းတွေပါ ခင်ဗျားဆီ ဆက်ဆက် ပြန်ခဲ့မယ်ဆိုတာ မမေ့ပါနဲ့။ ဘာပဲဖြစ်ဖြစ် ကံကြုံတဲ့ အခါ ပြန်ဆုံကြဖို့ ခင်ဗျားကို ကျုပ် သံယောဇဉ် မကုန်သေးဘူး.. ရန်ကုန်..။

ညီညီ(သံလွင်)

Read More...

Mar 19, 2009

စေတသိက်

“စေတသိက်”

စိတ်လိုလက်ရ မရှိမှတော့
စိတ်အချဉ်ပေါက်တာ ဘာဆန်းသလဲ
စိတ်လိုက်မာန်ပါ စကားလုံးတွေအကြောင်း
စိတ်ဆိုးမာန်ဆိုး မှတ်ချက်တွေ အကြောင်း
စိတ်မပါ လက်မပါ မနက်ခင်းတွေ အကြောင်း
စိတ်ပျက်လက်ပျက် ညနေခင်းတွေ အကြောင်း
စိတ်ပေါင်းကိုယ်ခွာ လုပ်ရတဲ့ လူတချို့နဲ့
စိတ်ခွာကိုယ်ပေါင်းလုပ်ရတဲ့ လူတချို့အကြောင်း
အိမ်အပြန်လမ်းပျောက်နေတဲ့ အလုပ်လက်မဲ့ တစ်ယောက်အကြောင်း
ဘလော့ရေးချင်စိတ် ကုန်ခမ်းနေတဲ့ ဘလော့ဂါ တစ်ယောက်အကြောင်း*
နေ့ဆိုအိပ်ပြီး ညဆို မအိပ်တဲ့ ဂျစ်ပစီ တစ်ယောက်အကြောင်း**
ရေးပြီးသားတွေကို Save မလုပ်ဘဲ စိတ်ထဲမှာပဲ လွှင့် လွှင့်ပစ်တတ်တဲ့ ကွန်ပျူတာသမား ကဗျာရူး တစ်ယောက်အကြောင်း
မိုးအကြောင်း လေအကြောင်း
ခင်ဗျားအကြောင်း ကျွန်တော့်အကြောင်း
လောကကြီးအကြောင်း
သတ်ပုံမှားနေတဲ့ ဘ၀တွေအကြောင်း
ဘာဆိုဘာအကြောင်းမှ မတွေးတော့ဘူး
စိတ်လွတ်ကိုယ်လွတ် အိပ်လိုက်တော့မှ
ကောင်းကင်တခွင်လုံး အလင်းတွေ ပွင့်ကျလာ...။

ခေလွန်း

*ဘလော့မရေး၍ ဘလော့ဂါဟု မသတ်မှတ်တော့လျှင် ဘလော့ဂါ အစား “လူ” ဟု ပြင်ဆင်ဖတ်ပါ
**အိမ်ပိုင်ရာပိုင် ရှိသည့်အခါ ဂျစ်ပစီ ဟု ခေါ်ရန် မလိုတော့ပါ

Read More...