ကျွန်တော်တို့ ၀န်းကျင်မှာ ကလေးတစ်ယောက်လိုပဲ တွေးတတ်သူတွေကို တခါတရံမှာ ကြုံရတတ်တယ်။ ကလေးအတွေးဆိုတာကတော့ ခပ်လွယ်လွယ် ပြောရရင် တည်ငြိမ်ရင့်ကျက်မှုမရှိသေးတဲ့ အတွေးအခေါ်မျိုးကို ဆိုလိုတာပါ။ လူကတော့ လူကြီးတစ်ယောက်ဖြစ်နေပြီး စိတ်က ကလေးဆိုး တစ်ယောက်လို ပြောတတ် ပြုမူတတ်ကြတဲ့သူတွေ ကျွန်တော်တို့ ၀န်းကျင်မှာ ဘယ်လောက်တောင်များနေပြီလဲ။ တီဗီဖွင့်ကြည့်ပါ.. သတင်းစာ ဖတ်ကြည့်ပါ.. ကလေးတွေ ရန်ဖြစ်နေသလို အပြုအမူတွေ အပြောအဆိုတွေကို မျက်စိနောက်စရာကောင်းအောင် တွေ့ရမြင်ရကြားရမှာပါ။ မင်းခိုက်စိုးစန်ရဲ့ “ကလေးအတွေး” အက်ဆေးစာအုပ်က ခင်ဗျားတို့ကို တွေးစရာတွေ ပေးနိုင်ပါလိမ့်မယ်..
[Download here]
1 comment:
File တစ်ခုကို download ချသူ ၁၀၀မှာ ဘယ်နှစ်ယောက်လောက် ကျေးဇူးတင်ပါတယ်ပြောဖူးလဲ။ Although the uploader won't need an appreciation, I bet he will appreciate the interaction (at least).
Thank you ပါ ညီညီ။
Post a Comment