ကမ္ဘာကြီး ပူနွေးလာပြီ
ကမ္ဘာကြီး အေးခဲလာပြီ
အိုဇုန်းလွှာကြီး ပေါက်ပြဲနေပြီ
သစ်တောတွေ ပြုန်းတီးနေပြီ
သဘာဝပတ်ဝန်းကျင် ပျက်စီးနေပြီ
အေအိုင်ဒီအက်စ်
ကြက်ငှက်တုပ်ကွေး
ရပ်ကွက်ထဲက အေးဒီးစ်ခြင်တွေ ..
ဒါတွေ ဂရုမစိုက်အားဘူး
နက်သထက်နက်လာတဲ့ ဆင်းရဲတွင်းမှာ
ဘာသိဘာသာ နေထိုင်ရင်း
ဂလိုဘယ်လိုက်ဇေးရှင်းကို
အယ်လ်ဇေးရှင်းလို ထင်လိုထင်
အင်တာနက်ကို
အင်တာနတ် ထင်လိုထင်
သမုဒ္ဒရာ ၀မ်းတစ်ထွာကို
ကြုံသလို ဖြေရင်း ရှင်းရင်း
ရေလာမယ့် အချိန်ကို မျှော်
မီးလင်းတဲ့ အချိန်မှာ ဟေးကနဲ အော်ကြ
ကျောက်ခေတ်မှာ လူမဖြစ်ဘဲ
ကြောက်ခေတ်မှာ လူဖြစ်ရသူတွေ
သေချာတာက
ဒီအတိုင်းဆက်နေသွားလို့ မဖြစ်တော့ဘူး။
ညီမင်းနိုင်
စက်တင်ဘာ ၁၁ရက်၊ ၂၀၀၇။
Sep 11, 2007
အရေးတကြီးကိစ္စ
ရေးသူ- ညီညီ(သံလွင်) ၊ ရေးသည့်အချိန်- 3:09 PM
ကဏ္ဍ - My Poems, NyiMinNaing, Poems
Subscribe to:
Post Comments (Atom)
4 comments:
ဒီလိုကဗျာမျိုးတွေ လုံးဝကြိုက်တယ် .. ဆက်ရေး ဆက်ရေး ပါးပါးသာရေး ညီညီ
ကဗျာလေးကကောင်းတယ်။
ဒါပေသိ ဆက်စဉ်းစားမိတယ်...
အော်..လူဖြစ်ရတဲ့ ဒို့ဒုက္ခ
သေချင်သေ မသေချင်နေ
အဖြစ်ဆိုးတွေပွေနေသကွ။
ဒီအတိုင်းဆက်နေမသွားဖို့ သိပေမဲ့လဲ
ကြောက်ခေတ်ထဲက ဘယ်လိုလွတ်နိုင်အောင်
နည်းလမ်းကရှာဖွေနေရဆဲလေ။
ညီညီရေ.. သိပ်ကောင်းတဲ့ ရေးချက်ပဲ ။
ဟားကြိုက်တယ်ဗျာ
Post a Comment