Dec 17, 2009

တိုက်ပွဲပျော်

“တိုက်ပွဲပျော်”

ပုခက်ကြားက အူဝဲဟစ်ကာ
စစ်ကြေညာပြီး လောကကြီး၏
ခါးသီးတွေ့ကြုံ အလုံးစုံကို
မဖြုံအံခဲ ရှေ့ဆက်နွှဲရင်း
လူလည်း အတော်ကြီးခဲ့ပေါ့။

မိုက်လဲ မိုက်လို့ တိုက်လဲ တိုက်ခဲ့
ရှုံးလိုက်တာလဲ အသေင်္ချေ။

ရဲလဲရဲလို့ နွှဲလဲ နွှဲခဲ့
နိုင်ပွဲတွေလဲ အနန္တ။

ဒီလိုပဲပေါ့
တိုက်ပွဲဆိုတာ သာချင်သာမယ်
တိုက်ပွဲဆိုတာ နာချင်နာမယ်
ဘယ်ခါခန့်မှန်း သိနိုင်မလဲ။

ရှေ့ကဆီး၍ ခရီးလမ်းထဲ သစ်ပင်လှဲမလား
ရှေ့ကကန့်၍ အဟန့်အတား ဆူးတွေ ထားမလား
ယောက်ျားဟေ့နော် တိုက်ပွဲပျော်
ကျွန်တော် တိုက်ရင်း တက်မှာပဲ။

ဓနုဖြူကျော်ထွန်း
(၁၅ ရက် ဒီဇင်ဘာလ ၂၀၀၉ တွင် ကွယ်လွန်သွားသည့် ဆရာအီကြာကွေး ရေးသားခဲ့သည့်ကဗျာတစ်ပုဒ်)

1 comment:

ညီညီ said...

တိုက်ပွဲပျော် လာဖတ်သွားပါတယ်။ ရှေ့ဆက်လမ်းအတွက် အားတစ်ခု ဖြစ်စေပါတယ်.။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)