Showing posts with label Articles. Show all posts
Showing posts with label Articles. Show all posts

Aug 25, 2007

သြဂုတ်တစ္ဆေ

၈၈ ရဲ့ ၀ိညာဉ်တွေ အသက်ဝင်လာခဲ့ပြီလား။

The ghost of 1988 is back to haunt Myanmar's military generals amid mounting public anger over a massive fuel price hike.
(Source : Today Newspaper : 23rd Aug 2007)

မနေ့က စင်္ကာပူထုတ် တူဒေးသတင်းစာမှာ မြန်မာပြည်တွင်းက လက်ရှိဆန္ဒပြမှုတွေကို အခုလို ရေးထားတာတွေ့တော့ အဆိုတော်မွန်းအောင်ရဲ့ ၈/၈၈ အင်းလျား သီချင်းခွေထဲက “သွေးမုန်တိုင်း” သီချင်းသံကို ကြားလိုက်မိတယ်။

~~လမ်းမထက်စီးတဲ့သွေးတွေ ပျောက်ပျက်ကာ သွားပြီမထင်နဲ့ဟေ့ ~~

ဓာတ်ဆီဈေး၊ သဘာဝဓာတ်ငွေ့ဈေးတွေကို နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီအောင်ဆိုပြီး ပညာတတ်များပီပီ ရွှေဥာဏ်တော်စူးရောက်ကာ အသိပေးကြိုတင်ကြေညာခြင်းမရှိဘဲ အဆမတန် မြှင့်တင်လိုက်တာကြောင့် အထွေထွေကုန်ဈေးနှုန်းများ တရိပ်ရိပ်တက်ကာ နိုင်ငံတကာစံချိန်မီ လခတွေ မရကြတဲ့ မြန်မာပြည်သူတွေရဲ့ လူထုဆန္ဒပြမှုတွေကို ဖြစ်ပွားစေခဲ့ပါတယ်။ လူထုဆန္ဒပြမှုတွေ ဖြစ်ပွားနေတုန်းမှာပဲ ဒေ၀ူးကုမ္ပဏီက မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ ကိုရီးယားနိုင်ငံရဲ့ လက်ရှိ သဘာဝဓာတ်ငွေ့သုံးစွဲမှု အတိုင်း ၇ နှစ် ဆက်တိုက် သုံးမယ်ဆိုရင်တောင်မှ မကုန်နိုင် မခန်းနိုင်အောင် သုံးနိုင်တယ်ဆိုတဲ့ သဘာဝဓာတ်ငွေ့သိုက်ကြီး တစ်ခုကို ထပ်မံတွေ့ရှိခဲ့တဲ့အကြောင်း ကြေညာခဲ့ပါတယ်။ မြေပေါ်မြေအောက်မက ရေအောက်မှာပါ သုံးမကုန်တဲ့ သယံဇာတတွေ ပေါများလှတဲ့ တိုင်းပြည်လို့ အစိုးရထုတ် သတင်းစာမျက်နှာတွေထက်မှာ ခဏခဏ ကြွားလုံးထုတ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ မြန်မာပြည်မှာ ဆင်းရဲမွဲတေမှုတွေ တစထက်တစ ပိုများလာခဲ့တာ ဂုတ်သွေးစုပ်နေတဲ့ စာမတတ်ပေမတတ် အာဏာရှင်မိုက်ရူးရဲတစ်စုရဲ့ အုပ်ချုပ်မှုညံ့ဖျင်းမှုကြောင့်လို့ ကျွန်တော် ပြောရင် ဘယ်သူငြင်းချင်ပါသလဲ။

မီဒီယာကို မီဒီယာနဲ့ တုံ့ပြန်ရမယ်ဆိုပြီး ဓားကိုဓားချင်း တုတ်ကိုတုတ်ချင်းသာ တိုက်ခိုက်တတ်ပြီး စားပွဲဝိုင်းမှာ ဆွေးနွေးဖို့ အမြဲငြင်းတတ်သူတွေရဲ့ အာဏာစက်အောက်မှာ သတိကိုဆွဲ မတ်မတ်ရပ်ရင်း ဦးနှောက်တစ်ခုလုံး သုံးစားမရအောင် အရှင်းခံထားရတဲ့ အာဏာရှင်လက်ပါးစေ ကပ်ဖားရပ်ဖား လုပ်တတ်သူတချို့ကတော့ ဘလော့ဂ်ကို ဘလော့ဂ်ချင်းတိုက်ဖို့ မာန်ဖီနေတာကို တွေ့ရပါတယ်။ ပိုက်ဆံပေးပြီး ကလေကချေလူမိုက်တွေကို ငှားရိုက်ခိုင်းသူတွေက ဆန္ဒပြဖို့ လမ်းလျှောက်မယ့်သူတွေကို တစ်ယောက် ၂၀၀၀ ပေးပြီး အငှား လျှောက်ခိုင်းတယ်လို့ ပြောတာကတော့ တဆိတ် ရယ်စရာ မကောင်းလွန်း နေဘူးလား။ သူခိုးက လူပြန်ဟစ်တယ်ဆိုတာ ဒါမျိုးထင်ပါရဲ့။ တိုင်းပြည်က ပြည်သူပိုင်ဘဏ္ဍာငွေနဲ့ ပညာတော်သင်လွှတ်ထားတဲ့ ကျေးဇူးကိုမှ မငဲ့ကွက်ဘဲ ထမင်းကျွေးတဲ့ လက်ကို မာနတလွှားလွှားနဲ့ ပြန်ကိုက်ဖို့ ကြိုးစားနေရင် “ငါ ဘာကောင်လဲ” လို့ အရင် မေးခွန်းထုတ်လိုက်ပါ။ တိုင်းပြည်ကျေးဇူးကို နားလည်သိတတ်ပြီး ခေါင်းထဲရိုက်သွင်းသမျှကို အသိဥာဏ်နဲ့ စစ်ယူတတ်တဲ့ ....ငါတို့လက်ထက်ရောက်တဲ့အခါ အာဏာရှင်တွေလို မဖြစ်အောင် တိုင်းပြည်တိုးတက်သာယာအောင် ပြောင်းလဲပစ်မယ်ဆိုတဲ့ စိတ်မျိုးထားတတ်တဲ့ ပညာတော်သင် သူငယ်ချင်းတွေလည်း ရှိနေမယ်ဆိုတာ ယုံကြည်ပါတယ်။

လူထုဆန္ဒပြမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတာနဲ့အမျှ ကြောက်လန့်ပြီး စစ်သား၊ ကြံ့ဖွတ် (ဖွံ့ လို့ ကျွန်တော်မရေးပါ)၊ စွမ်းအားရှင် ( ရမ်းကားရှင်လို့ နာမည်ပေးရင် ပိုမှန်ပါလိမ့်မယ်) တွေကို နေရာအနှံ့ချထားပါတော့တယ်။ ဓာတ်ဆီဈေး၊ သဘာဝဓာတ်ငွေ့ဈေးတွေ တက်တာကြောင့် ရုတ်တရက် ခုန်တက်လိုက်ရတဲ့ ဘတ်စ်ကားခတွေကိုလည်း အာဏာကိုသုံးပြီး အရင်မူလ ဈေးနှုန်းအတိုင်း အတင်းအဓမ္မပြန်လည် ပြေးဆွဲခိုင်းပါတယ်။ တိုင်းပြည်တစ်ခုလုံးကို အတင်းအာဏာလု အုပ်ချုပ်နေပြီး ကလေးကစားသလို ရှုံ့ချည်နှပ်ချည် ဆောရီးလုပ်လို့ ရမယ်လို့ ထင်နေရင် အခုကတည်းက ပြေးဖို့ အထုပ်ပြင်ထားကြဖို့ လိုနေပါပြီ။ ဘာလို့လဲဆိုတော့ ကားခ၊ ဓာတ်ဆီခ ဈေးတက်ရခြင်းဟာ စနှက်တံကို ဆွဲဖြုတ်လိုက်ချင်းသာ ဖြစ်ပြီး ပြည်သူတွေ တနေ့တခြား ကြပ်တည်းလာမှုဆိုတဲ့ ဗုံးတစ်လုံးကတော့ ဖြစ်တည်နေခဲ့တာ ကြာပါပြီ။

မကြာခင်မှာ လူထုအုံကြွမှုဟာ အခုထက် ပိုပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တစတစ ကြီးမားလာတော့မှာပါ။ အာဏာရှင်တွေကလည်း အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ရိုက်ခိုင်းနေပါတယ်။ ကိုယ့်မျက်နှာကိုယ် အိုးမဲသုတ်ပြီး ပြည်သူအချင်းချင်း ညှင်းပန်းနှိပ်စက် ရိုက်နှက်ခြင်း မပြုကြဖို့။ တပ်မတော်သားတွေအနေနဲ့လဲ ပြည်သူဆိုတာ ရန်သူမဟုတ်ကြောင်း အသိတရားထားကြဖို့၊ ပြည်သူတွေအနေနဲ့လဲ ပြည်သူတွေကိုယ်စား ရဲရဲဝံ့ဝံ့ဆန္ဒပြ ဆန္ဒထုတ်ဖော်နေသူတွေကို ဘေးကနေ ရပ်ကြည့်ရုံ၊ ၀ိုင်းပြီး လက်ခုပ်တီးပေးရုံ မလုပ်ကြဘဲ .. ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြဖို့ လိုအပ်နေပါပြီ။

ကဲ... ၈၈ သြဂုတ်တစ္ဆေတွေရဲ့ အရိုးတွန်သံတွေနဲ့အတူ စစ်အာဏာရှင်တွေကို မောင်းထုတ်ကြရအောင်.. ။

Read More...

Mar 25, 2007

ဘွဲ့လွန်သင်တန်း ၀င်ခွင့်စာမေးပွဲများ



ဒီခေါင်းစဉ်နဲ့ ရေးထားတဲ့ ကျွန်တော့်ရဲ့ဆောင်းပါးကို ၂၀၀၅ ဒီဇင်ဘာလထုတ် သံလွင်အိပ်မက် အမှတ်(၅)မှာ ဖော်ပြခဲ့ဖူးပါတယ်။ ပြီးတော့ ၂၀၀၅ ဒီဇင်ဘာမှာ ထုတ်ဝေတဲ့ Living Color Magazine မှာလည်း ဖော်ပြခဲ့ဖူးပါတယ်။ ဆရာစိုးသော်တာရဲ့ ကာတွန်းဒီဇိုင်းပုံလေးကို ကြည့်မိတော့ အတော်လေး သဘောကျပါတယ်။ ဒီဆောင်းပါးကို ရေးတော့ လိုအပ်တဲ့ အချက်အလက်တွေကို ဘာသာပြန်ရတာ အတော်လေး အခက်တွေ့ရပါတယ်။ စာဖတ်တဲ့သူတွေ ကျွန်တော် မြန်မာလိုဆီလျော်အောင် ပြန်ထားတာတွေကို နားမလည်မှာ စိုးလို့ အင်္ဂလိပ်လိုပါ တွဲလျက် ဖော်ပြထားတာကို တွေ့ရမှာပါ။



“တိုင်းပြည်တစ်ပြည်၏ အကောင်းအဆိုးအနာဂတ်သည် ထိုတိုင်းပြည်တွင်ရှိသော ပညာတတ်ဦးရေ အနည်းအများ၊ ထိုပညာတတ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုနှင့် တိုက်ရိုက်အချိုးကျနေပါသည်”

သံလွင်အိပ်မက်တွင်ဖော်ပြခဲ့သောစာမူ

Living Color တွင်ဖော်ပြခဲ့သောစာမူ

Read More...