Showing posts with label Essays. Show all posts
Showing posts with label Essays. Show all posts

Nov 25, 2009

Untouchable Home

I don’t know how many of you are being attracted to a place where you were born and raised up. To me, it means a lot. When I was born, my family was living in a flat in downtown area of Yangon. My eldest sister told me that apartment was bought with 70,000 kyats. Then, 20 kyats could buy a dollar. It’s located very close to the ministers’ office where General Aung San was assassinated. It’s in an old building and we stayed at the 1st floor.

By the time I realize about my existence living in that flat, it’s so much crowded and I heard noises. Wherever I looked around, many students were sitting on rows and rows of benches in that apartment. In front of them, my dad was giving his lecture. Yes, my dad used to be a famous teacher who taught private tuition classes then.

It was unimaginable how my grandparents (parents of my mom), my parents and 3 of my siblings and I were living in that tiny unit. I wasn’t aware that was the most valuable time in my life for we could all stay together as a family. As a kid, I enjoyed playing with friends from neighborhood. We played different kinds of games on the street especially on weekend. My grandmother was always keeping an eye on me from a verandah so that she could look after me from being bullied. I think every grandparent has their own favorite grandkid. My grandfather loves my cousin who’s now studying in Malaysia a lot. I think my grandmother loves me more than my grandfather. I don’t know if I were her favorite grandkid though.

I lived in one and only bed room of the apartment sharing with my parents. My mom is a retired teacher. She always praises and comforts me by saying she wanted a bright and smart son and she got me. I don’t know if I really fulfilled her wish but I had never let them down.

After 1990, my dad changed his profession and started a trading company. He was doing well and managed to buy another flat in another township soon after. Then, the place where I used to stay and play became my dad’s office.

From now and then, many changes happened. We moved to several places. My grandparents who are my mom’s parents passed away. 2 of my siblings moved to overseas. My only brother also moved out to start his family. I studied and have been working in Singapore. Only my parents are living in another apartment. My dad has stopped doing business. Whenever I go back Yangon for visit, I drop by to that old apartment. I feel my childhood there. And I recall the days we all were together as a family.

I called my mom yesterday and was told by my mom that apartment was sold. I had that strange feeling which I don’t exactly know how to explain. It may be an old and useless apartment in reality and lucky enough to have a buyer in this economy. But, I feel sad as I shall never feel the warmth I always had if I were to visit Yangon anytime soon. I don’t know how many of you are being attracted to a place where you were born and raised up. To me, it means a lot. Really, I mean it.


Read More...

Jun 3, 2009

ခင်ဗျား အရင်အတိုင်း မဟုတ်တော့ဘူး ရန်ကုန်

ဟန်ထူးလွင် (Big Bag) ရဲ့ သီချင်း တစ်ပုဒ်ထဲမှာတော့ “ရန်ကုန်မြို့ကြီးလဲ အရင်အတိုင်းပဲ” တဲ့။ မြန်မာနိုင်ငံ ခဏ ပြန်ဖြစ်တော့မှ ခင်ဗျား အရင်အတိုင်း မဟုတ်တော့မှန်း သိလိုက်ရတယ်ဗျို့။ အပြောင်းအလဲတွေ ခပ်များများနဲ့ ခင်ဗျားကို ကျုပ်တော့ မမှတ်မိလောက်အောင်ပဲ။ ခင်ဗျားဟာ ဟန်ပဲ ရှိပြီး အဆံမရှိတော့တဲ့ မြို့တစ်ခုလို့ ကျုပ် သိလိုက်ရတော့ အံ့အားသင့်သွားတယ်ဗျ။

ခင်ဗျား အသစ်ဆောက်ထားတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆောက်အဦးထဲ အရင်ကလို ကားကြီးနဲ့ ခေါ်မသွားတော့ဘဲ စင်္ကာပူမှာလို လေယာဉ်တံခါးကနေ တခါတည်း လေဆိပ်ထဲ ၀င်သွားလို့ ရတော့ ကျုပ် .. ခင်ဗျားကို အထင်ကြီးမိတာ အမှန်ပဲဗျ။ နောက်ပြီး လူဝင်မှုကြီးကြပ်ရေး ရောက်တဲ့အထိ ရွေ့လျားစက်လှေကားတွေနဲ့ ဆိုတော့ ခင်ဗျားနဲ့ မတွေ့ဖြစ်တဲ့ ၂ နှစ်လောက် အတောအတွင်း ခင်ဗျား အတော်လေး ဟုတ်နေပြီကောလို့ ကျုပ်ထင်မိလိုက်သေးတာ။ ခင်ဗျား ရေနံသူဌေးဖြစ်နေတဲ့ သတင်းတွေလည်း ကြားနေရတာကိုး။ ဒါပေမယ့်ဗျာ ... ။

ရှေ့မှာ ကျုပ်တွေ့လိုက်တဲ့ လူတန်းကြီးက တမျှော်တခေါ်ပါလား။ ကျုပ်လည်း စင်္ကာပူမှာ ဆယ်စုနှစ်တစ်ခုလောက် နေခဲ့သူဆိုတော့ စည်းကမ်းတကျ တန်းဝင်စီလိုက်တာပေါ့လေ။ ခက်တာက အတော်လေး ကြာမှ လူတန်းကြီးက နည်းနည်းလေး ရွေ့တာပဲဗျို့။ မြန်မာနိုင်ငံသားတွေ မြန်မာပြည်ပြန်လာတာကို ဘာတွေများ အချိန်ဒီလောက်ယူပြီး ခင်ဗျား စစ်ဆေးနေမှန်း ကျုပ် မသိတာ အမှန်ပဲ။ တစ်ယောက်ပြီး တစ်ယောက်ကို အခွန်ဆောင်လာလား၊ ခွင့်စာပါလား၊ ကျောင်းပိတ်လို့ ပြန်လာတာလား လုပ်နေတာ လူဝင်မှုကြီးကြပ်ရေးရဲ့ အလုပ် ဟုတ်မဟုတ် ခင်ဗျား သေချာ တွေးကြည့်ဖို့ ကောင်းတယ်ဗျ။ ကျုပ်က စင်္ကာပူမှာ အမြဲတမ်းနေထိုင်ခွင့် ရထားသူ တစ်ယောက် ဆိုတော့ စင်္ကာပူပြန်ရင် ဘယ်တော့မှ Arrival Form လည်း ဖြည့်စရာ မလိုဘူး။ ကျုပ် ဘယ်က ပြန်လာသလဲ။ ဘာသွားလုပ်သလဲ ဆိုတာလဲ စပ်စပ်စုစု မမေးဘူး။ ပြီးတော့ ကျုပ်ကို အခွန်ဆောင်သလားလည်း မမေးဘူးဗျ။ ဒါ IRAS (စင်္ကာပူ အကောက်ခွန်ဌာန) က လုပ်ရမယ့် အလုပ်လေဗျာ။

ခက်တာက မြန်မာနိုင်ငံသား တစ်ယောက်အဖြစ်ကို ဘယ်လိုအခွင့်အရေး ပေးပေး မစွန့်လွှတ်ဘဲ တစ်နေ့ မြန်မာနိုင်ငံမှာ ပြန်နေမယ်ဆိုတဲ့ စိတ်နဲ့ ဖက်တွယ်ထားတဲ့ ကျုပ်ကိုမှ ခင်ဗျားက အခွန်ဆောင် မလာရင် ပြည်ဝင်ခွင့် မပေးဘူး ဆိုတာနဲ့၊ ခွင့်စာ မပါရင် နိုင်ငံကူးလက်မှတ် သိမ်းမယ် ဆိုတာနဲ့ ဟိန်းလား ဟောက်လား ခြိမ်းလား ခြောက်လား လုပ်နေတာ တဆိတ် မလွန်လွန်းဘူးလားဗျာ။ ပြီးတော့ ခင်ဗျားဟာ အတော် အရှက်အကြောက် ကင်းမဲ့စွာနဲ့ ခင်ဗျားအတွက် ဘာလက်ဆောင်ပါသလဲ မေးနိုင်သေးတာ အံ့ပါရဲ့ဗျာ။ ကျုပ် ခင်ဗျားဆီလာဖို့ အတွက် ပြန်ခါနီးလေးတင် ဆပ်ကြေးပေးခဲ့ရပြီးပြီလေ။ ကျုပ်ဆီက ဘာများ ထပ်လိုချင်သေးတာလဲ။

ခင်ဗျားနဲ့ ကျွန်တော်ဟာ ငယ်ပေါင်းကြီးဖော်ဆိုလဲ ဟုတ်ရဲ့။ ခင်ဗျားရဲ့ အဝေးမှာ ရောက်နေပေမယ့် ကျုပ်က ခင်ဗျားရဲ့ သတင်းတွေ အမြဲ နားစွင့်နေတဲ့သူပါဗျာ။ ခင်ဗျားကတော့ ကျုပ်လိုကောင်တွေ ခင်ဗျားကို စွန့်ပြီး အဝေးကြီးကို ထွက် ထွက်သွားနေတာ မြင်ရတော့ အရေးတယူ လုပ်ပြီး နေကောင်းလား ဘာလားတောင် မေးဖော်မရဘူး မဟုတ်လား။ ခင်ဗျား အတွက် ကျုပ်ဟာ သေလူ ဖြစ်သွားခဲ့ပြီလား ရန်ကုန်.. ။ ခင်ဗျားရဲ့ နေ့စဉ်ဘ၀ထဲမှာ ကျုပ်မရှိလည်း ခင်ဗျား ရှင်သန်လို့ ရနေတယ်ဆိုတော့ ကျုပ် ပြန်လာသည် ဖြစ်စေ မပြန်လာသည် ဖြစ်စေ ခင်ဗျားအတွက်က မထူးတော့ဘူးလေ။

ဒီလိုနဲ့ ကျုပ် အိမ်ပြန်ရောက်တဲ့ညမှာ ခင်ဗျားက မီးဖျက်ထားလိုက်သေးတယ်။ ဟိုး.. ကျုပ်ငယ်ငယ် မဆလခေတ်တုန်းကတောင် မီးပျက်မယ့်နေ့တွေ မီးလာတဲ့အချိန်တွေ မရှိဘူး။ သတင်းစာတွေထဲ ခင်ဗျား ရေးရေး နေတော့ ရန်ကုန်ဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်နေပြီဆို ဗျ။ တကယ်တမ်း ခင်ဗျား ရေးသင့်တာက ရန်ကုန်ဟာ ခေတ်နောက်ကျ မီးခဏခဏ ပြတ်နေပြီဆိုတာပဲလို့ ကျုပ်ပြောရင် ခင်ဗျားက စိတ်ဆိုးဦးမယ်။ ကျုပ်သိပါတယ်။ ကျုပ်က ခင်ဗျားကို ဝေဖန်တာနဲ့ ခင်ဗျား ငွေပေးပြီး လက်သပ်မွေးထားတဲ့ တေလေဂျပိုးတွေနဲ့ ကျုပ်ကို ရန်ရှာမယ် မဟုတ်လား။ မီးဖျက်ရုံနဲ့ ခင်ဗျားက အားမရတော့ ရေမလာအောင် လုပ်ပြန်ပါရော။ ကျုပ် အင်တာနက် သုံးမယ်လည်း လုပ်ရော ခင်ဗျားက ဖုန်းလိုင်းပါ ဖျက်လိုက်တယ်။ ခင်ဗျားမှာ ကောင်းတာ ဘာများ ကျန်သေးသလဲလို့ မျက်နှာကို စေ့စေ့ကြည့်ပြီး မေးလိုက်ချင်တယ် ရန်ကုန်.. ။

ခင်ဗျား အရင်အတိုင်း မဟုတ်တော့ဘူး ရန်ကုန်။ ခင်ဗျားဟာ ဘီယာလေး တမြမြ ဖြစ်လာပြီ။ စီးကရက်ကိုလည်း လက်က မချဘူး။ အညောင်းအညာပြေ အနင်းအနှိပ်ခံဖို့လား သားပျိုသမီးပျိုတွေကို ဖျက်စီးဖို့လား ခင်ဗျားကတော့ နေရာတိုင်းလိုလို အနှိပ်ခန်းတွေ လိုက်ဖွင့်ထားတယ်။ ကာရာအိုကေဆိုင်တွေက မီးပျက်လည်း မီးစက်နဲ့ ဆိုနေတယ်။ စည်ဘီယာဆိုင်တွေက လက်ညှိုးထိုးမလွဲဘူး။ ဘီယာ အရောင်းမြှင့်တင်ရေးလုပ်နေရတဲ့ မိန်းမပျိုလေးတွေ၊ အနှိပ်ခန်းတွေထဲ အစော်ကားခံနေရတဲ့ မိန်းမပျိုလေးတွေ၊ ကာရာအိုကေဆိုင်တွေမှာ သီချင်းအတူ လိုက်ဆိုရင်း ငွေနဲ့ အနင်းခံလိုက်ရတဲ့ မိန်းမပျိုလေးတွေ၊ နိုက်ကလပ်က ဖက်ရှင်ရှိုးအမည်ခံ ပန်းကုံးစွပ်ပွဲတွေကနေ အသပြာရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ မိန်းမပျိုလေးတွေ.. သူတို့တတွေဟာ ခင်ဗျားရဲ့ နှမသားချင်းတွေဆို ခင်ဗျား ခုလို ရီဝေေ၀ မျက်လုံးတွေနဲ့ စားမတတ် ၀ါးမတတ် စိုက်ကြည့်နေနိုင်ဦးမလား ရန်ကုန်။

ခင်ဗျား အသက် ဘယ်လောက်ရှိပြီလဲ ပြန်တွေးဦး ရန်ကုန်။ ခင်ဗျား နောက်မှ လူဖြစ်တဲ့ စင်္ကာပူတောင် အတော် ပြည့်ပြည့်စုံစုံ ဖြစ်နေပြီ။ ခင်ဗျား ရှက်တတ်ရင် ခင်ဗျားဘ၀အတွက် ခင်ဗျားကို မှီခိုနေရတဲ့သူတွေအတွက် ခင်ဗျား လုပ်သင့်တာကို ပြတ်ပြတ်သားသားလုပ်ဖို့ လိုပြီ ရန်ကုန်။ ခင်ဗျား ပြောင်းလဲဖို့ အသင့်ဖြစ်တဲ့ အခါ ကျုပ်ရော ကျုပ်သူငယ်ချင်းတွေပါ ခင်ဗျားဆီ ဆက်ဆက် ပြန်ခဲ့မယ်ဆိုတာ မမေ့ပါနဲ့။ ဘာပဲဖြစ်ဖြစ် ကံကြုံတဲ့ အခါ ပြန်ဆုံကြဖို့ ခင်ဗျားကို ကျုပ် သံယောဇဉ် မကုန်သေးဘူး.. ရန်ကုန်..။

ညီညီ(သံလွင်)

Read More...

Nov 4, 2008

Obama for America

Today is the judgement day and America will decide who their 44th president will be. I've been looking forward to this day as it's been an interesting journey to follow the presidential candidates on their way to White House.

I’m a die-hard supporter of Mr Barack Obama, Illinois senator, Democratic Party nominee and the potential frontrunner to become the first African American president of United States.

I first knew him from his famous speech back in 2004 during national convention of Democratic Party. His voice and the words he used were so convincing. In his speech, he acclaimed, “There is not a liberal America and a conservative America; there is the United States of America. There is not a black America and a White America and Latino America and Asian America; there is the United States of America”. That made me remembers the well-known speeches of former US president, J.F. Kennedy’s speech urging Americans, “Ask not what the country can do for you, ask what you can do for your country” and Martin Luther King’s “I have a dream” speech. Indeed, American dreams will soon turn into reality.

Most of us know him as Obama. Some know him as Barack Obama. Guess what’s the full name of Obama?

It’s Barack Hussein Obama.

Barack means “blessed”. He’s truly a blessed son born from Kenyan black father and Kansas white mother. His opponent used to criticize on his middle name, Hussein, accusing him of Muslim. Republican Vice President Candidate, Sarah Palin once asked voters, “Are you going to vote for McCain or Hussein?” That’s really horrible. Can we expect someone like her love to call names to become the vice president of United States? Dream on. Anyway, there’re folks concerning about his middle name. I’d rather say these folks are living in 21st Century with 20th Century mindsets. In my humble opinion, I don’t bother much about the title of the book so long as the content is attractive enough for me to read. Apparently, Obama is like an interesting book the whole world is waiting to read.

Obama campaign was a great success in American history. No one has ever raised the funds as much as his campaign did. He was endorsed by big tech firms in Silicon Valley. Most Internet users favour him more than they did to his rival, McCain. These are some of the proven facts that he’s an inspirational leader and has the ability to lead seriously, effectively and significantly.

It is my deepest sympathy with condolence to learn grandmother of Obama was died with cancer on the eve of the Election Day. She missed a chance to see his grandson giving speech in White House as a president. Anyway, she would be proud to be a grandmother of first African American President of United States.

If he’s elected as president, I’ll be so grateful to be part of the historic moment a first African American to be named as President. The time is ripe. I believe America having the best political system on earth is now ready for the change to fulfil the promise of Martin Luther King Jr.

Winning news from New Hampshire did not surprise me much as I’ve expected. I believe nothing can stop Obama from winning this election. Of all the polls, Obama is the favourite frontrunner leading 5 or more points at least which can easily defeat the margin of error. Huge crowds of voters will turn out to cast their ballots to be part of history. Make sure you don’t miss the big moment in the history witnessing the power of Obama and his aides for today is the Election Day, November 4 of 2008.

May god bless you, Obama for America!

Read More...

Oct 3, 2008

စည်းအပြင်ကလူ

အဲလ်ဘတ်ကမူးရေးတဲ့ စည်းအပြင်ကလူ (Outsider) အကြောင်းရေးမှာ မဟုတ်သလို ကျွန်တော့်သူငယ်ချင်း ကိုဖြိုးရဲ့ စည်းအပြင်ကလူ ဆိုတဲ့ ဘလော့နဲ့လည်း မသက်ဆိုင်ပါဘူး။ လက်ရှိ အလုပ်က အကြောင်းအရာလေး တချို့ကို ရေးချင်တာပါ။ တခါက စီဘောက်စ်မှာ အလုပ်အကြောင်းတွေ ရေးပါလားဆိုပြီး တစ်ယောက်က အကြံပေးဘူးတယ်။ ရေးဖို့ စိတ်ကူးရှိခဲ့ပေမယ့် အကြောင်းမတိုက်ဆိုင်လို့ မရေးဖြစ်ဘူး ဆိုပါတော့။

၂၀၀၇ ဇူလိုင်လ ၁၁ ရက်မှာ ဒီအလုပ်ကို စ၀င်ခဲ့တော့ အခုဆို ဘာလိုလိုနဲ့ တစ်နှစ်ကျော် ရှိပါပြီ။ Job Title ကတော့ System Analyst ပေါ့။ ၆ နှစ်လောက် စင်္ကာပူမှာ အလုပ် လုပ်ဖူးခဲ့သမျှ အတွေ့အကြုံအရတော့ Software Developer ဖြစ်ဖြစ်၊ Software Engineer ဖြစ်ဖြစ်၊ System Analyst ဖြစ်ဖြစ် သံတူကြောင်းကွဲ အမည်သာကွဲပေမယ့် လုပ်ရတာကတော့ သိပ်မကွာလှပါဘူး။ လုပ်သက်များရင် ကုမ္ပဏီ ခပ်သေးသေးမှာ လုပ်တဲ့အခါ Senior ရာထူး ရတတ်ပြီး ကုမ္ပဏီကြီးတွေမှာတော့ တော်ရုံနဲ့ Senior ပေးလေ့ မရှိပါဘူး။ အခုအလုပ်မှာလည်း စင်္ကာပူက အိုင်တီအလုပ်တို့ ထုံးစံအတိုင်း ကန်ထရိုက် (contract) နဲ့ လုပ်ရတာပါ။ အလုပ်မ၀င်ခင်ကတော့ ၆လ ကန်ထရိုက်မို့ မလုပ်ချင်ပါဘူး။ ဒါပေမယ့် အေးဂျင့်က ၆လလောက် လုပ်ပြီးရင် အမြဲတမ်းဝန်ထမ်း (Permanent Staff) ပြောင်းချင် ပြောင်းလိမ့်မယ်လို့ မက်လုံးပေးတာရယ် ရမယ့် လခက ကိုယ်မှန်းထားသလောက် ဖြစ်နေတာရယ်ကြောင့် ၀င်လုပ်ဖြစ်ခဲ့တယ်။

ကျွန်တော့်ကို အင်တာဗျူးလုပ်ခဲ့တဲ့ ပရောဂျတ်မန်နေဂျာနဲ့ကလည်း အတော်လေး အဆင်ပြေပါတယ်။ သူက မလေးရှားမှာ မွေးတဲ့ တရုတ်အမျိုးသားပါ။ ကျွန်တော်တို့က Client ရဲ့ ရုံးမှာ အဖွဲ့လိုက်လာပြီး လုပ်ရတာပါ။ ကျွန်တော်တို့လိုပဲ HP ၊ Accenture ၊ Avanade ၊ NCS စတဲ့ အခြား IT Vendor တွေလည်း ရှိပါတယ်။ ပရောဂျတ် မန်နေဂျာကတော့ ကိုယ့်ကို ကန်ထရိုက်နဲ့ လုပ်နေတဲ့လူဆိုပြီး ခွဲခြား ဆက်ဆံတာမျိုး မရှိပါဘူး။ အဲဒီတုန်းက ကျွန်တော်ရယ်၊ အဖွဲ့ထဲမှာ အတူ အလုပ်လုပ်တဲ့ အိန္ဒိယအမျိုးသမီး နှစ်ယောက်ရယ်က ကန်ထရိုက်နဲ့ လုပ်ကြတဲ့သူတွေပါ။ နောက်တော့ ပရောဂျတ် မန်နေဂျာက OCBC ဘဏ်ကို အလုပ်ပြောင်းသွားတယ်။ အတူ လုပ်ခဲ့တဲ့ အိန္ဒိယအမျိုးသမီးကလည်း JP Morgan မှာ အမြဲတမ်းဝန်ထမ်း အနေနဲ့ အလုပ်ရသွားတော့ ပြောင်းသွားတယ်။

ပရောဂျတ် မန်နေဂျာအသစ်က အမျိုးသမီးပါ။ လူမှုရေးနားမလည်သလို အလိုက်ကန်းဆိုးလည်း မသိပါဘူး။ သူ့အတွက် အလုပ်ပြီးဖို့က လိုရင်းပါ။ တခြား ကိစ္စ တွေကို လူသားဆန်ဆန် သိပ်မတွေးပါဘူး။ သူရောက်လာပြီးကတည်းက တစ်ဖွဲ့လုံးဟာ အဖွဲ့ငယ်လေးတွေ ကွဲသွားတယ်။ ပရောဂျတ် မန်နေဂျာ အသစ်က စလုံး (စင်္ကာပူနိုင်ငံသား) ဆိုတော့ အခြား စလုံး အမျိုးသမီး နှစ်ယောက်နဲ့ပဲ အဖွဲ့ကျလေ့ရှိတယ်။ သူ ပြောင်းလာကာစက နေ့လည်စာကို တစ်ဖွဲ့လုံး အတူသွားစားကြတဲ့အခါ ဘာစကားမှ မပြောဘဲ ငြိမ်နေပါတယ်။ သူက ဘာမှ မပြောဘဲနေနေတော့ ကျန်တဲ့သူတွေက ဘာအသံမှ မထွက်တော့ဘူး။ ပြောင်းလာကာစ နည်းနည်းရှိန်နေသေးလို့လားလို့ ထင်မိပေမယ့် နောက်ပိုင်းလည်း အဲလိုပါပဲ။ ဒီလိုနဲ့ တစ်ဖွဲ့လုံးအတူ နေ့လည်စာ သွားစားတယ် ဆိုတာ အတော့်ကို နည်းသွားပြီး ကျွန်တော်လည်း ကိုယ့်ဟာကိုယ် သွားစားဖြစ်တာ များလာတယ်။ နောက်ပိုင်းမှာ နေ့လည်စာကို ကျွန်တော်တို့နဲ့ ကုမ္ပဏီတူပေမယ့် အခြား အဖွဲ့တစ်ခုက အိန္ဒိယအမျိုးသား တစ်ယောက်နဲ့ တစ်ပတ်ကို တစ်ခါ နှစ်ခါလောက် သွားစားဖြစ်တယ်။ သူကလည်း နိုင်ငံရေး စိတ်ပါတော့ သူနဲ့ နေ့လည်စာ အတူစားကြတဲ့အခါ စားရင်းသောက်ရင်း နိုင်ငံရေး အကြောင်းတွေ၊ ကမ္ဘာ့ရေးရာတွေချည်း ပြောနေမိတာပဲ များတယ်။

ကျွန်တော်တို့ အဖွဲ့မှာ ရှိတာမှ လူ ၇ ယောက်ထဲကို အိန္ဒိယအုပ်စု ၊ စလုံးအုပ်စုနဲ့ ကျွန်တော် တစ်ယောက်တည်း မြန်မာ ဆိုပြီး သုံးစု ကွဲသလို ဖြစ်လာတယ်။ အိန္ဒိယအမျိုးသား နှစ်ယောက်ကလည်း အားအားရှိ ဆေးလိပ်ဆင်းသောက်မယ် ဆိုတာချည်းပဲ။ ကျွန်တော့်မှာ ဆေးလိပ်လည်း မသောက်တတ် နေ့လည်စာလည်း အတူ ထွက်မစားဖြစ်ကြတော့ အလုပ်ကိစ္စက လွဲရင် စကားအပို မပြောဖြစ်တော့ဘူး။ တခါတခါ အလုပ်ပါးတဲ့ ရက်၊ ရေးထားတဲ့ ပရိုဂရမ်တွေကို User တွေ အဆင်ပြေမပြေ စစ်နေတုန်း စောင့်နေရတဲ့ရက်တွေမှာဆို မနက် ရုံးလာ၊ သတင်းဖတ်၊ အီးဘွတ်ခ်လေး ဘာလေးဖတ်၊ နေ့လည်စာ တစ်ယောက်တည်း သွားစား၊ ဘလော့ဂ်တွေ ဖတ်၊ ဘလော့ဂ်ရေး၊ ကွန်ပျူတာနဲ့ ပတ်သက်တာလေးတွေ လေ့လာစရာ ရှိတာ လေ့လာ၊ ညနေ အိမ်ပြန်နဲ့ တစ်နေ့လုံး ဘယ်သူနဲ့မှ စကားတစ်ခွန်းတောင် မပြောဖြစ်ဘူး။ ပရောဂျတ် မန်နေဂျာကလည်း လုပ်စရာရှိရင် အီးမေးလ် ပို့ထားသေးတယ်။ အဲဒီ အီးမေးလ်ကို မစစ်မိရင် သူခိုင်းထားတာကို မလုပ်သေးဘူးလား ဘာလုပ်နေလဲ ဆိုပြီး ရစ်ဦးမယ်။ အမှန်က သူထိုင်တဲ့ နေရာနဲ့ ကျွန်တော် ထိုင်တဲ့ နေရာက ၁ ကိုက်လောက်ပဲ ကွာမယ်။ အဲဒါကို လှမ်းပြောရင် ရသားနဲ့ မပြောဘူး။ ဒီအလုပ်မှာ လုပ်ရတာ အတော့်ကို စိတ်ပျက်မိတယ်။

အဲဒီလို စည်းအပြင်ကို ရောက်နေသလို ခံစားမိစေတဲ့ အဖြစ်အပျက်တစ်ခုလည်း ရှိသေးတယ်။ အလုပ်ဝင်ပြီး ၄ လ လောက်အကြာမှာ ကျွန်တော့် မွေးနေ့ ရောက်လာပါတယ်။ ကျွန်တော်တို့ အဖွဲ့မှာ တစ်ယောက်ယောက် မွေးနေ့ရှိတယ် ဆိုရင် မွေးနေ့ကတ်တစ်ခု အပေါ်မှာ အားလုံး ဆုတောင်းတွေ ရေး နာမည်တွေ ထိုးနဲ့ လုပ်လေ့ ရှိတယ်။ မှတ်မှတ်ရရ ကျွန်တော့်လိုပဲ အောက်တိုဘာထဲမှာ မွေးတဲ့သူ နှစ်ယောက်အတွက် ဆုတောင်း ရေးခိုင်းလို့ ရေးပေးခဲ့ရသေးတယ်။ သူများတွေအတွက် ဆုတောင်းတွေ ကတ်ပေါ်မှာ ရေးပေးခဲ့ရပေမယ့် ကျွန်တော့် မွေးနေ့မှာ ဘာတစ်ခုမှ မရခဲ့ဘူး။ ဘာလဲ။ ကန်ထရိုက်နဲ့ လုပ်တဲ့ လူမို့ ဒီလို လုပ်တာလား။ ဒီကတ်လေး တစ်ခု ပိုသုံးလိုက်လို့ သူတို့ ဘယ်လောက်များ ကုန်ကျသွားမလဲ။ စိတ်ထဲမှာတော့ ဒဏ်ရာ ခပ်ပြင်းပြင်း တစ်ခု ရလိုက်တယ်။ ဘာမှတော့ မပြောဖြစ်ဘူး။

အလုပ်မှာက အပတ်စဉ် ကြာသပတေးနေ့တိုင်း မနက် ၉ နာရီမှာ အဖွဲ့အစည်းအဝေးလုပ်တယ်။ အဖွဲ့ရဲ့ နည်းပညာပိုင်း ခေါင်းဆောင်က အလုပ်ကို အမြဲ နောက်ကျမှ လာတတ်တယ်။ ကြာသပတေးနေ့ လုပ်တဲ့ အစည်းအဝေးတွေမှာ တခြားသူတွေ အထူးသဖြင့် စလုံးတွေ မရောက်သေးရင် ၉ နာရီမှာ မစဘူး။ သူတို့ ရောက်မှ စတယ်။ နည်းပညာပိုင်း ခေါင်းဆောင် အိန္ဒိယအမျိုးသား နောက်ကျတဲ့အခါ ပရောဂျတ် မန်နေဂျာက မသိချင်ယောင်ဆောင်နေတယ်။ အဲ.. ကျွန်တော်များ နောက်ကျလို့ကတော့ အစည်းအဝေး မပြီးခင်မှာ "အခုတလော တချို့အဖွဲ့သားတွေ အလုပ်ကို နောက်ကျမှ လာတယ်။ အလုပ်ချိန်က ၈ နာရီခွဲ ဖြစ်လို့ အားလုံး အချိန်မီ ရောက်အောင် လာကြပါ" ဘာညာနဲ့ စောင်းမြောင်းပြီး ပြောတော့တာပဲ။ တခါကတော့ အမြင်ကတ်လို့ တစ်ပတ်လုံး ၈ နာရီခွဲ အတိ ရုံးရောက်အောင် သွားပစ်လိုက်တယ်။ ဘယ်သူမှဖြင့် မရောက်သေးဘဲနဲ့။ ပရောဂျတ် မန်နေဂျာက ၈ နာရီ ၄၀ .. ၄၅ မိနစ်လောက်မှ လာတယ်။ သူ မရောက်ခင် ကျွန်တော် ရောက်နေတာ သိသားပဲ။ ဒါပေမယ့် ဘာမှ အသိအမှတ်ပြုတာမျိုး မလုပ်ဘူး။ ရတယ်လေ။ အဲဒီ နောက်ပိုင်း ကျွန်တော် ရုံးကို ကြာသပတေးနေ့က လွဲရင် အရင်ကအတိုင်းပဲ ၉ နာရီနဲ့ ၉ နာရီခွဲကြားပဲ ရောက်အောင် သွားတော့တယ်။ မကျေနပ်ဘူးလား။ မတတ်နိုင်ဘူး။ ဆောရီးပါပဲ။

အခု ပရောဂျတ် မန်နေဂျာ လက်အောက်မှာ လုပ်နေရတာ အာဏာရှင်လက်အောက်မှာ နေ နေရသလိုပဲ။ ဘယ်လိုလုပ်လုပ် အလုပ်ထဲ မပျော်ဘူး။ သူ ရုံးမလာတဲ့ နေ့ရက်မျိုး၊ သင်တန်းသွားတက်နေရတဲ့ နေ့ရက်မျိုးဆို တစ်ဖွဲ့လုံး ဖရီးရိုက်တော့တာပဲ။ စိတ်လည်း အတော်လေး ပေါ့ပါးတယ်။ ဒီ ပရောဂျတ် မန်နေဂျာရဲ့ ပြဿနာက မချီးကျူးတတ်တာပဲ။ ဘယ်လောက်ခက်ခဲတာ ဖြစ်ဖြစ် ဖြေရှင်းပေးလိုက်တဲ့အခါ သြော်.. အင်း အင်းနဲ့ မသိချင်ယောင်ဆောင်တတ်တယ်။ အမှားများ လုပ်မိလို့ကတော့ ပြောမဆုံးတော့ဘူး။ ပြီးခဲ့တဲ့ လကလည်း ကျွန်တော့်ကို တာဝန်ပေးထားတဲ့ အလုပ်အပြင် တစ်ဖွဲ့လုံးက ရေးထားတဲ့ PL/SQL Script တွေကို ဆာဗာပေါ် မပြောင်းခင် စစ်ပေးပြီး ဘယ်မှာ မှားနေသလဲ ဆိုတာ ပြပေးတဲ့ Utility တစ်ခုကို ကျွန်တော် ထပ်ရေးရတယ်။ ခပ်လွယ်လွယ် မဟုတ်ဘူး။ အတော်လေး အားစိုက် ရေးခဲ့ရတယ်။ ဒါပေမယ့် ဘာမှ appreciate မလုပ်လာဘူး။ လုပ်စရာ အလုပ်တစ်ခုကို လုပ်တာ ဘာမှ ချီးမွမ်းစရာ မလိုဘူးထင်နေလား မပြောတတ်ဘူး။ ဟိုဟာလေး ထည့်ရင် ပိုကောင်းမယ် .. ဒီဟာလေး ထပ်လုပ်နိုင်ရင် ပိုကောင်းမယ် လုပ်သေးတာ။ တခြား အလုပ်တွေ ပိနေတဲ့ မလုပ်နိုင်သယောင် မသိချင်ယောင်ဘဲ ဆောင်နေလိုက်တယ်။ လုပ်ပေးလည်း ဘာထူးဦးမှာလဲ။ လခရလို့ အလုပ် လုပ်နေတယ် ဆိုတာ မှန်ပေမယ့် စေတနာ မပါအောင် လုပ်တာ ကျွန်တော်မှ မဟုတ်ဘဲလေ။

အလုပ် ကန်ထရိုက် ၆လ ပြည့်ခါနီးတော့ မေးတယ်။ ငါ့ကို ထပ်တိုးမှာလား။ ဘယ်တော့ အမြဲတမ်းဝန်ထမ်း ပြောင်းပေးမလဲဆိုတော့ ပရိုဂရမ်မန်နေဂျာက နောက်ထပ် ၆ လ ထပ်တိုးပြီး ကြည့်တာပေါ့တဲ့။ ၁ နှစ် မပြည့်သေးဘဲ အမြဲတမ်းဝန်ထမ်း မပြောင်းချင်သေးဘူးဆိုတော့ အိုကေပေါ့။ တစ်နှစ်ပြည့်အောင်တော့ လုပ်လိုက်ဦးမယ် ဆိုပြီး ၆လ ထပ်တိုး လိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်နဲ့ အတူ အလုပ်လုပ်တဲ့ အိန္ဒိယအမျိုးသမီးက အမြဲတမ်းဝန်ထမ်း ဖြစ်သွားပြီ။ ဆိုတော့ ကျွန်တော် တစ်ဖွဲ့လုံးမှာ ကျွန်တော် တစ်ယောက်တည်း ကန်ထရိုက်နဲ့ လုပ်တဲ့သူပေါ့။ စည်းအပြင်မှာ ရောက်နေတာ သေချာနေပြီပေါ့လေ။ ကျွန်တော့် နောက် ၂ လ လောက် နောက်ကျပြီး အလုပ်ဝင်တဲ့ စလုံး အမျိုးသမီးကိုတော့ ဘယ်အချိန်က အမြဲတမ်း ၀န်ထမ်း ပြောင်းပေးလိုက်မှန်းတောင် မသိပါဘူး။ အဟား.. Foreign Talent ဆိုတော့ စိတ်က မလျော့သေးဘူး။ ကျွန်တော့်အလှည့်တော့ စောင့်ရဦးမှာပေါ့လေ။ အဲ.. ၁ နှစ် ပြည့်ပြန်တော့လည်း အမြဲတမ်းဝန်ထမ်း မပြောင်းသေးပြန်ဘူးတဲ့။ နောက်ထပ် ၆ လ ပဲ ထပ်တိုးမယ် လုပ်လာပြန်ရော။ ဒီတခါတော့ ပရောဂျတ်မန်နေဂျာရဲ့ စနက်ဆိုတော အတော်လေး သေချာသလောက် ရှိသွားပြီ။ သူ အကောင်းမပြောပေးလို့ကတော့ ပရိုဂရမ်မန်နေဂျာက ဘယ်လုပ်ပေးလိမ့်မလဲ။ အဲဒါနဲ့ အေးဂျင့်ကို အမြဲတမ်းဝန်ထမ်း ပြောင်းမပေးသေးတဲ့အတွက် လခ တိုးမပေးရင် ထွက်တော့မယ် ဘာညာ လုပ်တော့မှ လခ ၅ ရာခိုင်နှုန်းတိုးတယ်။ ဟူး.. တကယ့်ကို မလွယ်ဘူး။ ထွက်မယ်။ ကန်ထရိုက် သက်တမ်းပြည့်ဖို့ကလည်း မကြာတော့ပါဘူး။ ၃ လ လောက်ပေါ့။ ဇန်န၀ါရီ ၁၀ ရက်ဆိုရင် ကန်ထရိုက်သက်တမ်းလည်း ပြည့် ကန်ထရိုက်ပြီးအောင် လုပ်တဲ့ ဘောနပ်စ်လေးယူပြီး အမြန်ဆုံး စလုံးက ခွာနိုင်အောင် ကြိုးစားတော့မယ်။ ဒီနေ့ဟာ မနေ့ကထက်တော့ တစ်ရက် ပိုနီးလာတာပဲလေ။

အောက်တိုဘာရောက်လာပြန်ပြီဆိုတော့ မနေ့ကပဲ မွေးနေ့ကတ် နှစ်ခုမှာ ဆုတောင်း ရေးပေးလိုက်တယ်။ မကြာခင် ရောက်တော့မယ့် ကျွန်တော့် မွေးနေ့အတွက်ရော ဒီတစ်နှစ်မှာတော့ ပေးလိမ့်မယ် ထင်သလား။ အဟား .. မစဉ်းစားတာဘဲ ကောင်းပါတယ်။ စည်းအပြင်မှာပဲ တိတ်တိတ်လေး ဘလော့ဂ်ရေးနေလိုက်တယ်။

မှောင်ရတဲ့ကြားထဲ
စိတ်ဓာတ်တွေက
ခရမ်းရင့်ရင့် အေးခဲ
ခွေးဟောင်သံတွေ တိတ်အောင်စောင့်လိုက်ရတာ
စည်းအပြင်ကကောင်အတွက်
ခုထိ .. အလင်းဆိုတဲ့ အရောင် မလက်သေးဘူး။

နောက်ကို လည်ပြန်ကြည့်မိတိုင်း
ကိုယ့်ခြေရာတွေက ရုပ်ရှင်ထဲကလို
အဖြူအမည်းနဲ့ နောက်ကြောင်းပြန်တယ်
စိတ်မကောင်းပါဘူး ခုလို ကြားရတာ ၀မ်းသာပါတယ်
ကွယ်.. ဘ၀ဆိုတာ လမ်းတဲ့လား
ခြေသံပြင်းပြင်းထွက်အောင် နင်းလျှောက်ခဲ့တယ်
အသံတိတ် ဖိနပ်ကို စီးရင်း။

ခေလွန်း

Read More...

Sep 30, 2008

အမေရိကန် ဒေါ်လာ ၇၀၀ ဘီလျံနဲ့ သင် ဘာလုပ်နိုင်မလဲ

လွယ်လွယ်ကူကူ ထုတ်ချေးထားပေမယ့် ပြန်မရနိုင်တော့တဲ့ ကြွေးမှီတွေကြောင့် ၀င်ငွေလည်ပတ်စီးဆင်းမှု ရပ်သွားပြီး ဒုက္ခပင်လယ်ဝေနေတဲ့ အမေရိကန် ဝေါစထရိက ဘဏ်တွေကို အမေရိကန် ဒေါ်လာ ၇၀၀ ဘီလျံ အကူအညီပေးသင့် မပေးသင့်ကို တနင်္လာနေ့က အမေရိကန်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြတော့ ထောက်ခံမဲ ၂၀၅ မဲ ကန့်ကွက်မဲ ၂၂၈ မဲနဲ့ အကူအညီ မပေးသင့်ဘူး ဆိုတဲ့ဘက်က အနိုင်ရသွားပါတယ်။ ဒါပေမယ့် ထောက်ခံမဲထည့်ခဲ့တဲ့ လွှတ်တော်အမတ်တွေကတော့ နောက်တခေါက် ထပ်ပြီး မဲခွဲ ဆုံးဖြတ်ဖို့ တောင်းဆိုနေပါတယ်။ ဖြစ်လာ မဖြစ်လာကတော့ စောင့်ကြည့်ရမှာပါ။ ဒီလို အကူအညီ မပေးတော့ဘူး ဆိုတဲ့ သတင်းထွက်လာတာနဲ့ ကမ္ဘာအရပ်ရပ်က စတော့ဈေးကွက်တွေ ထိခိုက်တော့တာပါပဲ။ အကျိုးဆက်အဖြစ် အမေရိကန်ရဲ့ ကျဆင်းနေတဲ့ စီးပွားရေး ပိုမို ကျဆင်းလာမှာ ဖြစ်သလို အမေရိကန်ရဲ့ စီးပွားရေးအပေါ် မှီခိုနေတဲ့ ကမ္ဘာ့စီးပွားရေးလည်း အကျပ်အတည်းဆီကို ဦးတည်နေပါပြီ။

လွှတ်တော် အမတ်တွေက ဘာကြောင့် အမေရိကန် ဒေါ်လာ ၇၀၀ ဘီလျံ အကူအညီပေးဖို့ သဘောမတူခဲ့သလဲ။ အမေရိကန် ဒေါ်လာ ၇၀၀ ဘီလျံ (စင်္ကာပူ ဒေါ်လာ ၁ ထရီလီယံ) နဲ့ သင် ဘာလုပ်နိုင်မလဲ ဆိုတာကို အေပီ သတင်းဆောင်းပါး တစ်ပုဒ်မှာ ဖတ်ရတဲ့အတွက် ဝေမျှလိုက်ပါတယ်။


-အမေရိကန်ဟာ အီရတ်စစ်ပွဲအတွက် ယခုအချိန်ထိ ဒေါ်လာ ၆၄၈ ဘီလျံ သုံးစွဲခဲ့ပါတယ်။ ဒါကြောင့် ဒီ ဒေါ်လာ ၇၀၀ ဘီလျံနဲ့ အီရတ်လို စစ်ပွဲတစ်ပွဲ အမေရိကန်အနေနဲ့ ထပ်ဆင်နွှဲလို့ ရပါတယ်။

- ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်စဉ်ကာလမှာ အမေရိကန်သမ္မတ ဖရန်ကလင်ရုစဗဲ့က ပြည်သူတွေအပေါ် အကူအညီပေးခဲ့တဲ့ ပမဏထက် ဘီလျံပေါင်းများစွာ သာပါတယ်။ ရုစဗဲ့ သုံးစွဲခဲ့တဲ့ ပမာဏရဲ့ ထက်ဝက်ဟာ လူထုအတွက် အကျိုးရှိမယ့် စီမံကိန်းတွေ ဖြစ်ခဲ့တယ်။ သူသုံးစွဲခဲ့တဲ့ ပမာဏဟာ ဒီကနေ့ ငွေကြေးနဲ့ဆိုရင် ဒေါ်လာ ၂၅၀ ဘီလျံလောက်ရှိမှာပေါ့။ အဲဒီတုန်းက ပန်းခြံ စုစုပေါင်း ၈၀၀၀၊ အစိုးရပိုင်အဆောက်အဦး စုစုပေါင်း ၄၀,၀၀၀ နဲ့ ကျောင်း စုစုပေါင်း ၇၂,၀၀၀ တည်ဆောက်ပေးနိုင်ခဲ့တယ်လို့ ဝေါစထရိဂျာနယ်မှာ ဖော်ပြထားတယ်။

- အမေရိကန်မှာ ကျန်းမာရေး စောင့်ရှောက်မှု စရိတ် ၆ နှစ် ဆက်တိုက်ပေးမလား။ အမေရိကန်က တံတားတွေကို ၄ ဆလောက် ပိုအဆင့်မြှင့်ပေးမလား။ ဟာရီကိန်း ကတ်သရီနာကြောင့် ပျက်စီးခဲ့ရတဲ့ ကမ်းခြေဒေသ အဆင့်မြှင့်ရေးအတွက် လုပ်ဦးမလား။ ဒီ ဒေါ်လာ ဘီလျံ ၇၀၀ ရဲ့ တစ်ရာခိုင်နှုန်းလောက်ဖြစ်တဲ့ ဒေါ်လာ ၇ ဘီလျံလောက် သုံးလိုက်ရင် ရပါပြီ။

- ဒေါ်လာ ၇၀၀ ဘီလျံနဲ့ တိုင်းပြည် တစ်ခုကို ကောင်းကောင်း အုပ်ချုပ်နိုင်တယ်။ ဒေါ်လာ ၇၀၀ ဘီလျံ ဆိုတာ ၂၀၀၇ မှာ စုစုပေါင်း အမျိုးသားထုတ်ကုန်ပမာဏ ဒေါ်လာ ၃၁၂ ဘီလျံရှိတဲ့ ဒိန်းမတ်နိုင်ငံက စီးပွားရေးကဏ္ဍရဲ့ ၂ ဆ ကျော်ရှိပါတယ်။

- အားအလွန်ကောင်းတဲ့ နက္ခတ်တာရာကြည့် မှန်ပြောင်းကြီး အခု ၇၀ လောက် ၀ယ်နိုင်သလို အာကာသယာဉ်စခန်း ၇ ခုလောက် ဆောက်လို့ ရပါတယ်။

- အမေရိကန် ဆေးပညာ လေ့လာရေးသိပ္ပံကို အနှစ် ၂၀ လောက် ငွေကြေးထောက်ပံ့ထားလို့ ရပါတယ်။ ဒါမှမဟုတ် အမေရိကန် ထောက်လှမ်းရေးဌာနအတွက် ၁၅ နှစ်စာ အသုံးစရိတ် ပေးလို့ ရပါတယ်။ အမေရိကန် ထောက်လှမ်းရေးဌာနအတွက် တစ်နှစ်ကို အသုံးစရိတ် ၄၄ ဘီလျံ ကုန်ကျမှာ ဖြစ်ပြီး အေဂျင်စီ ၁၆ ခုမှာ လူပေါင်း ၁၀၀,၀၀၀ လောက်ကို ခန့်ထားနိုင်တဲ့ အပြင် ဂြိုဟ်တုနဲ့ အခြားလိုအပ်တဲ့ ကိရိယာတွေ၊ ကွန်ပျူတာစနစ်တွေ၊ လက်နက်တွေ၊ မော်တော်ယာဉ်တွေ ၀ယ်နိုင်ပါတယ်။

- ဒေါ်လာ ၇၀၀ ဘီလျံဟာ အမေရိကန်က လူဦးရေ ၂၂ သန်းရဲ့ တစ်နှစ်စာ လစာငွေနဲ့ ညီမျှတယ်။

- ဒေါ်လာ ၇၀၀ ဘီလျံနဲ့ဆို လဆီ ရောက်အောင်တောင် သွားနိုင်သေးတယ်။ ၁၉၆၉ မှာ လပေါ် အရောက် ခြေချနိုင်ခဲ့တဲ့ အပိုလို အစီအစဉ်အတွက် ကုန်ကျစရိတ်ဟာ ဒီကနေ့ ငွေကြေးနဲ့ဆိုရင် ဒေါ်လာ ၁၆၄ ဘီလျံလောက်ပဲ ရှိပါတယ်။

- ဒေါ်လာ ၇၀၀ ဘီလျံသာ ရမယ်ဆိုရင် အမေရိကန်တစ်နိုင်ငံလုံး အစိုးရနဲ့ ပုဂ္ဂလိက ချေးငွေလုပ်ငန်းတွေက ထုတ်ချေးထားတဲ့ ပညာရေးစရိတ် ကြွေးမှီ ဒေါ်လာ ၅၅၀ ဘီလျံကို လျော်ပစ်လိုက်လို့ ရပါတယ်။

- ဒေါ်လာ ၇၀၀ ဘီလျံဟာ ၂၀၀၅ ခုနှစ်မှာ ၀င်ရောက်ခဲ့တဲ့ ဟာရီကိန်း ကတ်သရီနာ ပြီးကတည်းက ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေမတည်ပေးခဲ့တာရဲ့ ၅ ဆ ရှိပါတယ်။

-ဒေါ်လာ ၇၀၀ ဘီလျံနဲ့ဆိုရင် Pentagon ဟာ နောက်ထပ် စစ်မျက်နှာ နှစ်ဘက်မှာ ၇ နှစ်လောက် စစ်တိုက်လို့ ရပါတယ်။ ဒါတောင်မှ တစ်နှစ်စာ အမေရိကန် စစ်တပ်ရဲ့ အသုံးစရိတ် ဒေါ်လာ ၁၄၀ ဘီလျံအတွက် သုံးစွဲဖို့ လုံလုံလောက်လောက် ကျန်ပါသေးတယ်။

- အရေးပေါ်ကယ်ဆယ်ရေး လုပ်သားတွေအတွက် တပြည်လုံး အကောင်းဆုံးနဲ့ အထိရောက်ဆုံး ဆက်သွယ်နိုင်မယ့် ဆက်သွယ်ရေးကွန်ယက်စနစ် ချိတ်ဆက်ရင်ရော ကောင်းဦးမလား။ ဒီကိစ္စအတွက် ၁ နှစ်လောက် ကြိုးစားခဲ့ကြပေမယ့် ကွန်ဂရက်လွှတ်တော်က ပိုက်ဆံတစ်ပြားမှ မထုတ်ပေးခဲ့ပါဘူး။ ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၁၅ ဘီလျံသာသာပဲ ကုန်မှာပါ။ ဆိုတော့ ဒေါ်လာ ၇၀၀ ဘီလျံနဲ့ အဲဒီလို စနစ်မျိုး ၄၇ လောက် ရမှာပါ။


ကဲ .. အမေရိကန် ဒေါ်လာ ၇၀၀ ဘီလျံနဲ့ သင်ရော ဘာလုပ်မလဲ.. ?


Reference : AP

Read More...

Sep 26, 2008

အဝေးက စာ

တစ်နှစ်ကုန်သွားခဲ့ပြီလား။ အရာရာဟာ မနေ့ တစ်နေ့ကလိုပါပဲ.. ။ သံဃာတွေ စီတန်းပြီး ဆူးလေလမ်းမ တလျှောက် မေတ္တာသုတ်တွေ ရွတ်ရင်း သွားနေတဲ့ မြင်ကွင်းတွေကို ပြန် မြင်ယောင်မိတယ်။ ပြည်သူတချို့ ပါလာတော့ “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ.. ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” ဆိုတဲ့ အော်ဟစ်သံတွေ၊ မိနစ်တိုင်း မိနစ်တိုင်း အသစ်တက်လာတဲ့ သတင်းတွေကို ဖတ်ရတာ အမော၊ အဲဒီတုန်းက ကိုနစ်နေမန်းဘလော့က စီဘောက်စ်ဟာ လူ အစည်ဆုံးထင်ပါရဲ့။ အဲဒီ ရက်ပိုင်းတုန်းက စိတ်ကလည်း မဖြောင့်၊ အလုပ်လည်း ကောင်းကောင်း မလုပ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ နိုင်ငံ့အရေး ဆွေးနွေးရတာ ခဏ ခဏပဲ။ အမြဲတမ်း ထိပ်တိုက်တွေ့နေတဲ့ အင်အားစုတွေက စစ်တပ်နဲ့ ကျောင်းသား မဟုတ်လား။ အဲဒီတုန်းက ရုတ်တရက် သံဃာတွေ အများကြီး လမ်းပေါ်ထွက်လာတဲ့ ပုံတွေ မြင်ရတော့ ကိုယ့်မျက်လုံးကိုယ် မယုံချင်ဘူး။ ဒါ တကယ်မှ ဟုတ်ရဲ့လားပေါ့။ အတော်လည်း အံ့အားသင့်ခဲ့ရသလို အတော်လည်း ကျေနပ်မိတယ်။ ဒီတစ်ခါတော့ ကိစ္စပြတ်ပြီ တွက်ထားတာလေ။ သမိုင်းတလျှောက်လုံး ကျောင်းသားနဲ့ ထိပ်တိုက်တွေ့တိုင်း စစ်တပ်က အကြမ်းဖက် ဖြေရှင်းခဲ့တာချည်းပဲ မဟုတ်လား။ အခုတခါတော့ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့ မြန်မာပြည်မှာ သံဃာတွေ ရှေ့တန်းထွက်လာခဲ့ပြီဆိုတော့ စစ်တပ်က အကြမ်းဖက် မဖြေရှင်းလောက်ဘူး ထင်ခဲ့မိတာပဲ။ သူငယ်ချင်းတွေနဲ့ ဆွေးနွေးပွဲတွေမှာလည်း စစ်တပ်က အကြမ်းဖက်မလား မဖက်ဘူးလား ဆိုတာ အတော့်ကို ငြင်းခုန်ခဲ့ရတာပေါ့။ အကြမ်းမဖက်ဖို့ များတယ်။ အကယ်၍ အကြမ်းဖက်ခဲ့ရင် သံဃာကို ထိတဲ့အတွက် စစ်တပ် ကွဲသွားနိုင်တယ်ပေါ့ဗျာ။

တကယ့်ကို ထင်မထားမိဘူး။ အကြမ်းဖက်တဲ့ လမ်းကြောင်းကို သူတို့ ရွေးချယ်ခဲ့ကြတယ်။ နောက်ပြီး စစ်တပ်ကလည်း ခုထိ ဘယ်သူခွဲခွဲ တို့မကွဲ အော်နေတုန်း ဆိုတော့ စိတ်ပျက်မိတယ်။ သွေးတွေ ချွေးတွေ မိသားစုဘ၀တွေ ရင်းခဲ့ရတာတွေလည်း မနည်းမနောရှိပြီ။ ဒီ စစ်အာဏာရှင်တွေကို ဘယ်လိုနည်းနဲ့မှ မောင်းထုတ်မပစ်နိုင် ကြတော့ဘူးလား လို့ ခဏခဏ တွေးမိတယ်။ ဒီလိုနဲ့ပဲ ၂၀၁၀ ကို ရောက် .. သူတို့ ခင်းထားတဲ့ လမ်းအတိုင်းပဲ မလျှောက်ချင်လည်း သူ့အလိုလို ရောက်သွားတော့မယ်။

တကယ်တော့ မြန်မာပြည်သူတွေခမျာ လွတ်လပ်ရေးမရခင်ကရော လွတ်လပ်ရေးရပြီးနောက်ပိုင်းပါ မလွတ်လပ်ခဲ့ရတဲ့သူတွေ မဟုတ်လား။ မျက်စိပိတ် နားပိတ် ပါးစပ်ပိတ် အစစ လိုက်ပိတ်နေတဲ့ ပြိတ္တာလိုကောင်တွေကြောင့် ဒုက္ခရောက်ကြရတယ်။ စိတ်မကောင်းဘူး ဆိုတာက လွဲရင် လက်ပိုက်မကြည့်ချင်လည်း ဒီအတိုင်းပဲ ထိုင်ကြည့်နေလိုက်ရတာ တကယ့်ကို ရင်နာပါတယ်။ မြန်မာ့အရေးဟာ တကယ်တော့ နေ့စေ့လစေ့နဲ့ မီးမဖွားနိုင်ရှာတဲ့ ကိုယ်ဝန်ဆောင် တစ်ဦးလို ဖြစ်နေရပြီ။

ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူတွေ လွတ်လွတ်လပ်နဲ့ ပြုံးပျော်နေမယ့် နေ့ကို အမြန်ဆုံး မြင်ချင်ပါပြီ။ အဲဒီအခါကျတော့ ကျွန်တော်တို့တတွေ အားလုံးရဲ့ မိသားစုဝင်တွေလည်း နိုင်ငံတွေ ဒေသတွေ ကွဲပြီး နေစရာ မလိုတော့ဘူးပေါ့။ အခြေအနေ အရပ်ရပ်ကြောင့် မဟုတ်ဘဲ မိသားစုနဲ့ ခွဲပြီး ပျော်လွန်းလို့ နိုင်ငံခြားမှာ နေ နေတယ်ဆိုတဲ့သူ ရှိရင် အဲဒီလူကို အတော် ချီးကျူးစကား ပြောမိမယ်.. “ခင်ဗျား တစ်ကိုယ်ကောင်း သိပ်ဆန်တယ်” လို့။ “အိမ် အပြန်လမ်း.. ဝေး... ” ဆိုတဲ့ မျိုးကြီးရဲ့ သီချင်းကို နားထောင်မိတိုင်း မျက်ရည်ဝဲမိတာ မဆန်းတော့ဘူး။ “သားရယ်.. မြန်မာပြည် ပြန်မလာပါနဲ့” ဆိုတဲ့ အသံရဲ့ နောက်ကွယ်မှာ အမေ့ရဲ့စိုးရိမ်မှုတွေ ကျွန်တော် မြင်ရတယ်။ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းမှာ အစိုးရကို ဝေဖန်တဲ့ စာတွေ ကဗျာတွေကို ဘလော့ပေါ်မှာ အတော်များများ ရေးဖြစ်တော့ “မင်းက မြန်မာပြည်မှာ နေတာမှ မဟုတ်ဘဲ။ မင်းက လွတ်လွတ်လပ်လပ် ဘလော့မှာ ရေးတော့ရော မင်းကို ဘယ်သူက လာဖမ်းဦးမှာလဲ” ဆိုတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ အပြောကို ကျွန်တော် ဘာမှ မတုံ့ပြန်ဖြစ်ခဲ့ဘူး။ စိတ်ထဲမှာ ပြန်ပြောနေမိတာက “အပြင်မှာ လွတ်လွတ်လပ်လပ် ရေးလို့ ရတယ် ဆိုပေမယ့် အထဲကို ပြန်ဝင်တဲ့အခါကျရင်ရော သူငယ်ချင်း” လို့ .. ။

ဒီလိုနဲ့ပဲ ကျွန်တော် ဘယ်နှစ်မိုး ဘယ်နှစ်နွေအထိ လွင့်စင်ထွက် သွားရဦးမှာလဲ.. ။ အိပ်မက်ထဲမှာတော့ ခဏခဏ ကျွန်တော် အထက်တန်းကျောင်း ပြန်တက်တယ်။ ဗိုလ်တထောင် (၅) လေ။ သူငယ်ချင်းတွေ အားလုံးနဲ့ တပျော်တပါး... ။

Read More...

Sep 17, 2008

မုန်တိုင်းအကြို ရာသီဥတု

၂၀၀၈ မှာ ဆိုင်ကလုန်း၊ တိုင်ဖွန်း၊ ဟာရီကိန်းတွေ တစ်လုံးပြီး တစ်လုံး တိုက်ခတ်နေပြီးတဲ့နောက် အမေရိကန် စီးပွားရေး မဏ္ဍိုင်ကြီးဖြစ်တဲ့ ဝေါစထရိက ရင်းနှီးမြုပ်နှံရေး ဘဏ်ကြီးတွေမှာလည်း မုန်တိုင်းအသစ် တစ်မျိုး ၀င်ရောက် နေပါပြီ။

မုန်တိုင်းရဲ့ ဗဟိုကတော့ မနှစ် ဇူလိုင်လောက်ကတည်းက ဖြစ်ခဲ့တဲ့ Subprime ချေးငွေတွေက စတာပါပဲ။ ဘဏ်တွေ ရင်းနှီးမြုပ်နှံရေးကုမ္ပဏီကြီးတွေဟာ အိမ်ရာ ၀ယ်သူတွေကို အလိုလိုက်ပြီး သေသေချာချာ မစီစစ်ဘဲ အိမ်ဝယ်ဖို့ ချေးငွေတွေ ရက်ရက်ရောရော ထုတ်ပေးခဲ့ကြတယ်။ အရစ်ကျငွေတွေ ပြန်မဆပ်နိုင်တဲ့ အခါမှာ ပိုက်ဆံမရှိဘဲ ၀ယ်ထားတဲ့သူတွေဟာ အိမ်ကို အဆုံးခံလိုက်တယ်။ ဒီတော့ ငွေစိုက်ထုတ်ပြီး ၀ယ်ပေးခဲ့ရတဲ့ ဘဏ်တွေခမျာ အိမ်ဂရမ်တွေ ကိုင်ပြီး ငွေပေါ်အောင် ပြန်ရောင်းဖို့ ကြိုးစားရတယ်။ ဒါနဲ့ ၀ယ်လိုအားထက် ရောင်းလိုအားက များလာပြီး အိမ်ရာဈေးတွေ ထိုးကျလာတယ်။ တက်ဈေးနဲ့ ၀ယ်ထားရတဲ့ အိမ်တွေကို ကျဈေးနဲ့ ထိုးရောင်းရတဲ့အခါ ရင်းနှီးမြုပ်နှံထားတဲ့ဘဏ်တွေ အထိနာပါတော့တယ်။

အမေရိကန်ရဲ့ အိမ်ရာဈေးကွက်မှာ ချေးငွေ ဖောဖောသီသီ ထုတ်ပေးခဲ့တဲ့ Fannie Mae နဲ့ Freddie Mac ကုမ္ပဏီတွေ အတော်လေး ပြုတ်ထွက်သွားတာမှာ အမေရိကန် Federal Reserve က လက်မတင်လေး ၀င်ကယ်ခဲ့ရတယ်။ မတ်လမှာ နောက်ကုမ္ပဏီ တစ်ခု ထပ်ပြီးထိတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာ Lehman Brothers ဆိုတဲ့ အမေရိကန်မှာ စတုတ္ထမြောက်အကြီးဆုံး ရင်းနှီးမြုပ်နှံရေးဘဏ်ကြီး ဒေ၀ါလီခံလိုက်ရတယ်။ သူလည်း နှယ်နှယ်ရရတော့ မဟုတ်ဘူး။ တည်ထောင်ခဲ့တာ ၁၅၈ နှစ်ကျော် ရှိတဲ့ ဘဏ်ကြီးတစ်ခုပဲ။ ဒါပေမယ့် အကြွေးတွေ ခေါင်ခိုက်နေတယ်။ ဖတ်မိသမျှ ၆၀၀ ကနေ ၈၀၀ ဘီလျံလောက် အထိ အကြွေးတင်သွားတယ်။ ဒါကိုတော့ Federal Reserve လည်း ၀င်မကယ်ဘဲ လက်ပိုက်ကြည့်နေလိုက်ရတယ်။ ဗြိတိန်မှာ ရှိတဲ့ Barclays ဘဏ်က Lehman ကို ၀ယ်ဖို့ လုပ်သေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာ Lehman ခမျာ ကူသူ မရှိ ကယ်သူမရှိဘဲ Chapter 11 အရ ဒေ၀ါလီ ခံလိုက်တယ်။ Lehman ရဲ့ အချို့ ဌာနတွေကို Barclays ဘဏ်က ခပ်ပေါပေါဈေးနဲ့ ရလိုက်တယ်။

အမေရိကန်မှာ ကုမ္ပဏီတွေ ဒေ၀ါလီခံတဲ့အခါ ဥပဒေရှိတယ်။ တစ် မျိုးက Chapter 7.. နောက်တစ်မျိုးက Chapter 11 ဖြစ်တယ်။ Chapter 7 အရ ဒေ၀ါလီခံရင် လုပ်ငန်းတွေကို ချက်ချင်း ရပ်ဆိုင်းလို့ ရှိသမျှကို ရသလောက်ဈေးနဲ့ အကုန်ထုတ်ရောင်းပြီး မြီရှင်တွေကို အကြွေးဆပ်ရတယ်။ ကုမ္ပဏီလည်း ဖျက်သိမ်းရတယ်။ Chapter 11 အရ ဒေ၀ါလီခံတယ် ဆိုရင်တော့ လုပ်ငန်းတွေကို ချက်ချင်း ရပ်ဖို့ မလိုဘူး။ ရောင်းလို့ရတာတွေကို သေသေချာချာ စုစည်းပြီး တဖြေးဖြေး ရောင်းနိုင်တဲ့အတွက် ငွေပိုပြီး ပေါ်တယ်။ တချို့ ကန်ထရိုက်တွေကို လျှော်ပစ်နိုင်ပြီး တချို့ ကန်ထရိုက်အကြွေးတွေကိုတော့ ရတဲ့ ငွေနဲ့ ပြန်ဆပ်နိုင်တယ်။ ကြွေးမြီတွေ အားလုံး ရှင်းပြီးသွားပြီ ဆိုရင် ကုမ္ပဏီကို ပြန်ထူထောင်နိုင်တယ်။

Lehman ဒေ၀ါလီ ခံသွားရတော့ သူ့ကို တဆင့် ငွေချေးထားတဲ့ ဘဏ်တွေလည်း အတော် ဒုက္ခရောက်ကြတယ်။ ချေးငွေအများဆုံး ထုတ်ချေးထားတဲ့ ဘဏ်တွေ ထဲမှာ ဂျပန်က ဘဏ်တွေလည်း ပါတယ်။ ဘီလျံပေါင်းများစွာ ထုတ်ချေးထားတာ။ Lehman ဒေ၀ါလီ ခံရတဲ့ တချိန်တည်းလိုလိုမှာပဲ အခြား ရင်းနှီးမြုပ်နှံရေး ဘဏ်ကြီး တစ်ခုဖြစ်တဲ့ Merrill Lynch ပြိုလဲ မလို ဖြစ်သွားတယ်။ ဒါပေမယ့် သူ့ကိုတော့ Bank of America (BoA) က အချိန်မီ ၀င်ကယ်လိုက်တယ်။ ဒီတော့ Merrill Lynch ရဲ့ ရှယ်ယာတွေဟာ BoA ရဲ့ လက်ထဲ ရောက်သွားတယ်။ စင်္ကာပူ အစိုးရရဲ့ ငွေတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်နေတဲ့ GIC (Gov. Investment Corp) ဟာ တလောကပဲ Merrill Lynch ရဲ့ ရှယ်ယာတွေ ၂၀ ဘီလျံဖိုးလောက် ၀ယ်လိုက်တာ သတင်းထဲ ဖတ်လိုက်ရတယ်။ အခု Merrill Lynch ကို BoA သာ ၀င်မကယ်ဘဲ Lehman နောက်သာ လိုက်ရမယ် ဆိုရင် GIC ရဲ့ ရှယ်ယာတွေ ပလုံသွားမှာပဲ။ ဘာပဲဖြစ်ဖြစ် BoA က ၀ယ်ပြီးတဲ့နောက်ရော ဒီ ရှယ်ယာ တန်ဖိုးတွေ တည်ငြိမ်နေမယ်လို့ ဘယ်သူက အာမခံရဲလို့လဲ။

အဲဒီလို ပြဿနာတွေ တစ်ခုပြီး တစ်ခု တက်နေတာကို ကာကွယ်ကြဖို့ အမေရိကန်ရဲ့ အကြီးဆုံး ရင်းနှီးမြုပ်နှံရေး ဘဏ်ကြီး ဆယ်ခုဟာ ဒေါ်လာ ၇ ဘီလျံစီ ငွေထုတ်ပြီး ဒေါ်လာ ၇၀ ဘီလျံနဲ့ အရေးပေါ် ရန်ပုံငွေ ထူထောင်လိုက်ရတယ်။ Federal Reserve ကလည်း ဈေးကွက်ထဲမှာ ငွေကြေးလည်ပတ်မှု ရပ်မသွားစေဖို့ ဘီလျံရာနဲ့ချီ သွင်းပြီး လည်ပတ်အောင် လုပ်ပေးနေရတယ်။ ဒီဂယက်ဟာ အမေရိကသာ မက ဥရောပ နဲ့ အာရှမှာပါ အတော်လေး ဂယက်ရိုက်ကုန်တယ်။ စတော့ဈေးကွက်ရဲ့ ညွှန်းကိန်းတွေ အကုန်နီးပါး ထိုးကျသွားတယ်။ အီးယူနဲ့ ဂျပန်အစိုးရတွေဟာ Federal Reserve လိုပဲ ဈေးကွက်ထဲမှာ ငွေကြေးလည်ပတ်မှု ရပ်မသွားစေဖို့ ဘီလျံပေါင်းများစွာ ထပ်မံ ထည့်သွင်းပြီး လည်ပတ်အောင် လုပ်ပေးနေရတယ်။ စင်္ကာပူ အစိုးရကလည်း လိုအပ်ရင် အဲဒီလို လုပ်ပေးနိုင်အောင် အခြေအနေကို အကဲခတ်နေတယ်။

Lehman နဲ့ Merrill Lynch တို့ရဲ့ ခြေရာကို နင်းဖို့ တံခါးခေါက်သူက .. AIG ။ အင်္ဂလန်မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို စပွန်ဆာပေးထားတဲ့ ကမ္ဘာ့အကြီးဆုံး အာမခံကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ AIG ရဲ့ ရှယ်ယာတွေဟာလည်း အရှိန်ခပ်ပြင်းပြင်းနဲ့ ၅၀-၆၀% ကျော်လောက် ကျသွားတယ်။ Federal Reserve က တစ်ရက်အချိန်ပေးပြီး ငွေ ၈၀ ဘီလျံလောက် ထုတ်ချေးဖို့ စဉ်းစားတယ်။ တစ်ကမ္ဘာလုံးမှာ AIG ရဲ့ အာမခံပေါ်လစီတွေကို ၀ယ်ထားတဲ့သူတွေ သန်းပေါင်းများစွာ ရှိတယ်။ နောက်တော့ ထုတ်ချေးဖို့ ဆုံးဖြတ်လိုက်ပြီး AIG ရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းလောက်ကို လက်လွှဲရယူလိုက်တယ်။

AIG ရဲ့ လက်အောက်ခံ ကုမ္ပဏီဖြစ်တဲ့ AIA စင်္ကာပူ ရုံးမှာတော့ မနေ့ကတည်းက အတော်လေး လူစည်ကား နေတယ်။ အာမခံပေါ်လစီ ပြန်အပ်ချင်သူတွေလည်း ပါတယ်။ အခြေအနေကို တိတိကျကျသိချင်သူတွေလည်း ပါတယ်။ စင်္ကာပူမှာ AIA က ရောင်းထားတဲ့ အာမခံပေါ်လစီ စုစုပေါင်း ၂ သန်းလောက် ရှိတယ်လို့ ဖတ်ရတယ်။ အခုတော့ AIG ကိုလည်း အမေရိကန် အစိုးရရဲ့ Federal Reserve က ၀င်ကယ်လိုက်ပြန်ပြီ ဆိုတော့ စိတ်ပူနေသူတွေ သက်မ ချနိုင်တော့မယ် ထင်ပါရဲ့။

နောက်တစ်ခါ ဘယ်သူ့အလှည့်လဲ ဆိုတာ အားလုံးက ရင်တမမနဲ့ စောင့်ကြည့်နေကြတယ်။ ရင်းနှီးမြုပ်နှံရေးပါရဂူတစ်ဦးဖြစ်တဲ့ ဆိုးရော့စ်ကတော့ အခြေအနေတွေ ဒီထက် ပိုဆိုးလာနိုင်တယ်လို့ ဆိုတယ်။ သေချာတာတော့ Federal Reserve လည်း ပြိုမလို ဖြစ်တဲ့ ကုမ္ပဏီတိုင်းကို ၀င်ပြီး တာဝန်ယူနိုင်မယ် မထင်ဘူး။ တချို့ ကုမ္ပဏီတွေကို Lehman ဒေ၀ါလီခံ သွားရသလို လက်ပိုက်ကြည့်နေရတော့မှာပဲ။

ဒီ ငွေကြေးဈေးကွက်မှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ အမေရိကန် သမ္မတလောင်း ရွေးကောက်ပွဲ အပေါ် လွှမ်းမိုးမှု ကြီးနိုင်လိမ့်မယ်။ အီရတ်အရေး၊ လူထု ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးအတွက် အပြောင်းအလဲ၊ ၀ါရှင်တန်ရဲ့ အပြောင်းအလဲတွေ အရေးကြီးသလို အခု ပြဿနာတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတာ အသစ်တက်လာမယ့် အမေရိကန်သမ္မတအတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာလိမ့်မယ်။

ဒီ မုန်တိုင်းက အခုမှ အစပဲ ရှိသေးတယ်လို့ ထင်နေတယ်။ ဟိုးတုန်းက ကြားဖူးတဲ့ ၁၉၃၀ ၀န်းကျင်က စီးပွားပျက်ကပ် ဘာညာ တစ်ပတ်ပြန်လည်လာဦးမလား။ ကမ္ဘာ့စီးပွားရေး အခြေအနေတွေမှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပြီး အဲဒီ ဂယက်ရိုက်မှုတွေကို ဘယ်လောက်အတိုင်းအတာနဲ့ ဘယ်လောက်ကြာကြာ ခံစားရဦးမလဲ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ရာသီဥတုက ကိုယ့်ဘက်မှာ ရှိမနေတော့ အစစ အရာရာ နားစွင့် မျက်စိဖွင့်ထားဖို့ လိုမှာတော့ အသေအချာပဲ။

ညီညီ(သံလွင်)

Read More...

Jun 5, 2008

Change We Believe In

In recent days, I used to hear success stories and news of those I have been following.

Being a loyal fan of Red devils, the name given by media to Manchester United Footballers, I feel astonishingly terrific for winning two major trophies in 2007-2008 season: Premiership Trophy and Champions League Trophy. I had never missed a match of every Premiership soccer matches played by Man U in this season. During Champions League Final, I watched until 5am till the end of deadly penalty kick out and award presenting ceremony. I recalled I had to get up again at 8am to go to work with red and sleepy eyes. Man U Football Club is made up of many talented youth players and they deserve more victories in years to come.

The world renowned American Idol Programme was just over and the winner was David Cook whom my wife and I had been supporting. My favourite songs by David Cook were "Hello", pop song by Lionel Richie, "I don't wanna miss a thing", rock song by Aerosmith and "Hero", a duet song with runner-up David Archuleta. It is originally a soundtrack by Chad Kroeger from blockbuster Spiderman movie. Despite not winning American the Idol, Kristy Lee was the one who sang the song I like most, "God Bless USA", in this year programme. It is about a US civilian being proud of heroes who fight for human rights, freedom and Independence of America. While others are proud of their accomplishments, we Burmese are losing face in International Community because of our inhumane government.

Democrats and Republicans have finally come out with their candidates for upcoming US presidential election. John McCain, a 71 years old Vietnam War veteran, was emerged as the presidential candidate for Republican Party. Democrats' candidate, Barack Obama, an African American senator, is the one I admire and support in this general election. He defeated his rival, Hilary Clinton, the former first lady of US, after their tough battles for five consecutive months. It is very likely he may also overcome his opponent of Republican, John McCain, in the forthcoming presidential election in this year end. The phrase from his inspirational speech of 2004 election campaign exclaims, "There is no liberal America. There is no conservative America. There is only United States of America." The slogan of the election campaign led by Obama is "Change We Believe In". Certainly, Americans are ready for change to disastrous policies of Bush administration.

Being a faithful supporter of our national leader, Daw Aung San Su Kyi, I am eager to make ourselves ready for change to let her take a leadership role in Burmese Government. I sincerely hope and suppose we are going to see her victory against dictators soon before the end of 2008. Her supporters are not divided by fans of Man U, Chelsea, Liverpool or Arsenal. Her followers are not divided by admirers of David Cook, David Archuleta or Jason. Her devotees are not divided by supporters of McCain, Hilary or Obama. Apart from those who fear to lose power and suppress the people, all of us are supporting Daw Su exclusively for her bravery and love towards the people of Burma. Whatever it is, the only unchanged universal truth is the Change in this Changing World. Last but not least, the change we believe in is the change of Democratic Burma from the foolish tyranny.

Nyi Nyi (Thanlwin)

Read More...

May 2, 2008

အိုင်ဖုန်းနှင့် ကျွန်တော် (၂)





မျှော်တလင့်လင့်နှင့် စောင့်နေရသော အိုင်ဖုန်းသည် ရောက်မည်ဟု မျှော်လင့်ထားသောရက်ထက် နှစ်ရက်လောက် နောက်ကျပြီးမှ စင်္ကာပူသို့ ရောက်လာသည်။ လူကြုံသွားယူပြီးနောက် လေဆိပ်သို့ သွားရန်ရှိသဖြင့် လေဆိပ်တွင် စောင့်ဆိုင်းနေရင်း အသင့်ယူလာသော လက်ကိုင်ကွန်ပျူတာမှ တဆင့် လိုအပ်သည့် ဆော့ဝဲလ် (iLiberty+) ကို လေဆိပ်တွင်ရှိသော Free Public Wireless စနစ်နှင့် ချိတ်ဆက် ထည့်သွင်းကာ အိုင်ဖုန်းကို အသုံးပြုနိုင်ရန် စတင်လုပ်ဆောင် ရတော့သည်။ အိုင်ဖုန်းကို စပြီး ဖွင့်လိုက်သည်နှင့် Apple ဆော့ဝဲလ်ဖြစ်သော iTunes မှတဆင့် ချိတ်ဆက်ရန် အချက် ပြနေသည်။ ပုံမှန် အတိုင်းဆိုရင်တော့ iTunes ကို ဖွင့် AT & T ဖုန်းကုမ္ပဏီနှင့် ဆက်သွယ်အသုံးပြုနိုင်ရန် ၂ နှစ် စာချုပ် ချုပ်ကာ Activate လုပ်လိုက်ရုံပင် ဖြစ်သည်။ သို့သော် စင်္ကာပူတွင် AT & T မရှိ။ ကျွန်တော် သုံးသည့် မိုဘိုင်း SIM Card က Starhub ကုမ္ပဏီမှ ဖြစ်သည်။ အင်တာနက် စာမျက်နှာများ ဖိုရမ်များတွင် ကြိုတင်လေ့လာထားပြီး ဖြစ်သည့်အလျှောက် လိုအပ်သည်တို့ကို ဆက်တိုက်လုပ်လိုက်သည်။ iLiberty+ ကို လက်ကိုင်ကွန်ပျူတာထဲသို့ ထည့်သွင်း၊ iTunes ကို ဖွင့်ထား၊ အိုင်ဖုန်းကို USB Cable မှ တဆင့် လက်ကိုင်ကွန်ပျူတာသို့ ချိတ် အဆင့်ဆင့် လုပ်ပြီးသည့်နောက် iLiberty+ တွင် လိုအပ်သည်များကို ရွေးချယ်ကို အိုင်ဖုန်းအတွင်းသို့ ထည့်သွင်းလိုက်သည်။ ထိုသို့ မထည့်ခင် ပျက်သွားရင် ဒုက္ခပဲဟူသည့် အသိက ၀င်လာသေးသည်။ သို့သော် ပျက်စရာ အကြောင်း မရှိပါဘူးဟု တွေးကာ စိတ်ဒုံးဒုံးချရင်း ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရသည်။ အိုင်ဖုန်းကို hack မလုပ်ခင် သုံးလေးရက်လောက်ကပဲ ကိုဖြိုး၏ iPod Touch ကို အောင်မြင်စွာ hack နိုင်ရန်အတွက် ဘာလုပ်ရမယ် ညာလုပ်ရမယ်ဆိုကာ ဂျီတော့ခ်မှတဆင့် ဆရာကြီး လုပ်လိုက်သေးသည်။



ထိုသို့ ထည့်သွင်းနေစဉ် ကွန်ပျူတာ၏ Dos Prompt ထဲ ရောက်နေသလို အိုင်ဖုန်း ဖန်သားပြင်၏ အမည်းရောင် နောက်ခံတွင် အဖြူရောင် စာများ ဟိုပြေး ဒီလွှားဖြစ်နေသည်။ Activation Completed... Jail break successful... YouTube Fix Done.. Installer App installed စသဖြင့် ရွေးချယ်ထားသမျှများကို ဆော့ဝဲလ်က တစ်ခုပြီးတစ်ခု ထည့်သွင်းနေသည်။ အားလုံးပြီးသွားတော့ ဖုန်းက သူ့အလိုလို ပိတ်သွားသည်။ ထို့နောက် ကမ္ဘာလုံးပုံနှင့်အတူ Slide To Unlock ဆိုတာ ပေါ်လာသည်။ အိုကေမှာ စိုပြေသွားပြီ။ SIM Card မထည့်ရသေးသဖြင့် ဖုန်းပြောလို့ မရသေးတာက လွဲရင် ကျန်သည့် Function များ အကုန် သုံးလို့ ရနေပြီ။ သို့သော် အိမ်ပြန်ရောက်ရောက်ခြင်း ဒုက္ခတွေ့တော့သည်။ ဖုန်းကို မည်သည့် SIM Card နှင့် မဆို သုံးနိုင်စေရန် unlock လုပ်နည်း၊ Activate လုပ်နည်း၊ Jailbreak လုပ်နည်း စသဖြင့် အကုန် ကြိုတင်လေ့လာထားသော်လည်း SIM Card ကို ဘယ်က ဘယ်လို ထည့်ရမလဲ မသိသဖြင့် ရွာပတ်နေခြင်း ဖြစ်သည်။ နောက်တော့ အိုင်ဖုန်းသုံးနေသည့် ယောက်ဖဆီ လှမ်းမေးလိုက်မှပဲ ဘယ်လို ထည့်ရမလဲ သိသွားသည်။ ဒါနဲ့ paper clip တစ်ခု ရှာ.. ဖွင့်ပြီး ထည့်လိုက်တော့ အိုကေ သွားသည်။ အဟား.. ထိုသို့ဖြင့် အိုင်ဖုန်းတစ်လုံးနှင့် ၂ ရက် ၃ ရက် အလုပ်ရှုပ်နေတော့သည်။ ဟို application လေး ထည့်လိုက် ဒီ application လေး ထည့်လိုက်နှင့် ကစားစရာတစ်ခု ရသလို လက်က မချနိုင် ဖြစ်နေတော့သည်။ ဖုန်းရပြီး တစ်ပတ်အတွင်း ကလိလွန်းသောကြောင့် ၁ ခေါက် crush သွားသဖြင့် သံလွင်အိပ်မက်ထွက်ခါနီး အလုပ်များနေသည့်ကြားက အကုန် ပြန်ပြီး restore လုပ်လိုက်ရသေးသည်။ အတွေ့အကြုံရတာပေါ့ဟု ဖြေသိမ့်ရသည်။




အရင်က ရုံးရောက်မှ အီးမေးလ်စစ်သည်။ မနက်နိုးနိုးချင်း ကွန်ပျူတာဖွင့်နေလျှင် ကြာနေမည် စိုးသောကြောင့် ဖြစ်သည်။ အခုတော့ မနက် နိုးနိုးချင်း အိုင်ဖုန်းကနေ တဆင့် အရေးတကြီး အီးမေးလ်ဝင်မ၀င် စစ်တတ်နေပြီ။ ညက ညဥ့်နက်နက်ကန်သဖြင့် မကြည့်ဖြစ်လိုက်သည့် ဘောလုံးပွဲများရှိလျှင်လည်း ပွဲရလဒ်ကို Safari Browser မှ တဆင့် ကြည့်ဖြစ်ပြီ။ အလုပ်သွားခါနီး ရေချိုးနေတုန်း ဖုန်းကို ဘက်ထရီအားသွင်းရင်း တခါတည်း Subscribe လုပ်ထားသည့် Pod Cast များကို Sync လုပ်ထားလိုက်သည်။ ရုံးအသွား ရထားပေါ်တွင် သီချင်းနားထောင်ချင်ထောင် Sync လုပ်ထားသည့် Pod Cast အသစ်များကို နားထောင်ဖြစ်သည်။ မြန်မာသတင်းဆိုလျှင် RFA Pod Cast ကနေ တဆင့် နားထောင်ရန် အသင့်။ BBC Pod Cast... CNN News Pod Cast များကလည်း နားထောင်ရန် ဖုန်းအတွင်းသို့ သူ့အလိုလို ၀င်နေပြီ။ ကမ္ဘာကြီးသည် အရင်ကထက် ပိုမို နီးကပ်လာသလို ခံစားရသည်။ သတင်းများ၊ Pod Cast များ နားမထောင်ချင်ရင် သီချင်းများ နားထောင်ချင် နားထောင်၊ YouTube ကနေတဆင့် Offline ကြည့်နိုင်ရန် MxTube Application နှင့် Download လုပ်ထားသည့် MTV တွေ ကြည့်၊ ဒါမှ မဟုတ် Chess ထိုးချင်ထိုး၊ Sudoku ဆော့ချင်ဆော့ လုပ်နေတတ်ပြီ။ Project Gutenberg မှ ဖန်တီးပေးထားသည့် copy rights ကျော်လွန်ကာ public domain သို့ ရောက်နေပြီဖြစ်သည့် စာအုပ်များကလည်း eBook Viewer နှင့် ဖတ်ရန် အသင့်။ လောလောဆယ်တော့ Napolean Hill ၏ စာအုပ် ဖြစ်သည့် Think & Grow Rich ကို ဖတ်နေသည်။ ကက်ဖ်ကာ၏ ၀တ္ထုတိုများ၊ ဆွန်ဇူး၏ Art of War၊ ဂျက်လန်ဒန်၏ အရိုင်းခေါ်သံ၊ လီယိုတော်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး စသဖြင့် အလကားရတိုင်း ထည့်ထားသော စာအုပ်တွေ များနေပြီ။ အရင်က ညအိပ်ခါနီး အိပ်ရာပေါ်နေရာယူတတ်သော လက်ကိုင်ကွန်ပျူတာလေး အခုတလော အနားရနေတာ ကြာပြီ။ ညအိပ်ခါနီးလျှင် အိုင်ဖုန်းလေး တကိုင်ကိုင်ဖြင့် ၀ယ်နိုင်တာလည်း မဟုတ်ဘဲ လျှောက်ထည့်ထားသော ကုမ္ပဏီအချို့၏ စတော့ခ်အတက်အကျကို ဘာရယ်မဟုတ်ကြည့်သည်။ သြော်.. Google ရှယ်ယာတွေ တက်ပြီးရင်း တက်နေပြန်ပြီ။ ပြီးတော့ မိုးလေ၀သအခြေအနေ ကြည့်သည်။ ရန်ကုန်မှာ ဒီနေ့ မိုးရွာတာပဲ။ ၂၅ ဆိုတော့ အေးမှာပေါ့။ စင်္ကာပူကတော့ နာမည်နဲ့ လိုက်အောင် ပူနေတာပဲ။ ၀ါရှင်တန်ဒီစီဘက်တော့ အေးတုန်းပဲ စသဖြင့် အားအားယားယား ကြည့်နေတတ်ပြီ။ မြန်မာဘလော့တွေ ဖတ်ကြည့်တော့ လေးထောင့်တွေချည်း ပေါ်နေသဖြင့် ခုထိဖတ်လို့ မရသေးပါ။ ဇော်ဂျီကို အင်္ဂလိပ်စာလုံးရှိသမျှ နေရာတိုင်းမှာ လိုက်ထည့်သော်လည်း မအောင်မြင်သေး။ ဇော်ဂျီရိုးရိုးသာမက ဇော်ဂျီ Arial ကိုလည်း စမ်းပြီးပြီ။ မရ။ တခါတလေတော့ အိုင်ဖုန်းကနေတဆင့် ဂျီတော့ခ်ထဲ ၀င်ပြီး ချက်ချင်လည်း ချက်နေတတ်သည်။ အိုင်ဖုန်းတွင် လွယ်လွယ်ကူကူ Ringtone ကို သီချင်းထည့်လို့ မရအောင် ဘာလို့များ လုပ်ထားမှန်းတော့ မသိ။ အင်တာနက်ထဲ ဟိုဖတ်ဒီဖတ်လုပ်ပြီး ရအောင် လုပ်လိုက်တော့လည်း ရသွားသည်။ သိသွားတော့လည်း လွယ်လွယ်လေးပဲ။ Install လုပ်ထားသည့် application တွေ များလွန်းသဖြင့် လေးမျက်နှာလောက် ဖြစ်နေပြီ။ နဂိုအတိုင်း ပါတာမှ application က ဆယ်ခုလားပဲ ပါသည်။ အခုတော့ တစ်မျက်နှာကို ၁၆ခုနှုန်းနှင့် အခု လောလောဆယ်ထည့်ထားတာ ၅၅ခု ရှိသည်။ အဟဲ.. သိပ်မများပါဘူး။ Nitendo Emulator ထည့်ပြီး ဂိမ်းတွေ ထည့်ကာ ကစားကြည့်သေးသော်လည်း သိပ်လက်မတွေ့သဖြင့် ပြန်ဖြုတ်လိုက်သည်။ သူ့နဂိုအတိုင်း ပါသည့် built-in ကင်မရာက Digital Zoom မရသဖြင့် Digital Zoom ရသည့် application တစ်ခု ထပ်ထည့်ထားသည်။ နဂိုက ဗီဒီယိုရိုက်လို့ မရ.. အသံဖမ်းလို့ မရ .. Screenshot ရိုက်ချင် ရိုက်လို့မရ။ ရအောင် ဖန်တီးလိုက်တော့လည်း ရနေပြန်သည်။ ဒါပဲ .. နည်းပညာခေတ်ကြီးမှာ ဘာဆိုဘာမှ တားဆီးလို့ မရ။ ကြိုက် ကြိုက် မကြိုက်ကြိုက် နည်းပညာလှိုင်းလုံးကြီးတွေကတော့ တစ်လုံးပြီး တစ်လုံး ၀င်ရိုက်မှာ အသေအချာပင်။ ဒါကို ကိုယ်က အလိုက်အထိုက် လိုက်သွားဖို့သာ ရှိတော့သည်။ အခုတလော ဟစ်ဖြစ်နေသည့် အဆိုတော် Leona Lewis ၏ Bleeding Love ကို Ringtone ပြောင်းထားသဖြင့် ဖုန်းသံမြည်လျှင် Keep Bleeding .. Keep Bleeding ဟု မြည်နေသည်။ ကျွန်တော်ကတော့ ထိုအသံကြားတိုင်း Keep Dreaming .. Keep Dreaming လို့ပဲ ကြားနေသည်။ သိပ္ပံဇာတ်ကားတွေထဲ မြင်ဖူးတွေ့ဖူးသည့်အရာတွေသည် အိပ်မက်သက်သက် မဟုတ်ဘဲ လက်တွေ့ဖြစ်လာနေတာတော့ အသေအချာပဲ ဖြစ်သည်။ တစ်နေ့ကျရင်တော့ ဒီမိုကရက်တစ် မြန်မာနိုင်ငံတွင် ပြန်နေကို နေဦးမည်။ ထိုအိပ်မက်သည် လက်တွေ့ဖြစ်မလာနိုင်ဘူးဟု ပြောမလား။ ကျွန်တော်တို့ အားလုံး ညီညွတ်ဖို့သာ လိုပါသည်။





Read More...

Apr 4, 2008

အိုင်ဖုန်းနှင့် ကျွန်တော်

ပန်းသီးကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် အိုင်ဖုန်းတစ်လုံးကို ကျွန်တော် လိုချင်ခဲ့သည်မှာ အမေရိကန်နိုင်ငံတွင် စပြီး ထွက်ကာစ ၂၀၀၇ ခုနှစ်လယ် ဇွန် ၂၉ ကတည်းက ဖြစ်သည်။ ပန်းသီးကုမ္ပဏီ၏ အင်တာနက်စာမျက်နှာတွင် တင်ထားသော အိုင်ဖုန်းနှင့် သက်ဆိုင်သည့် ဓာတ်ပုံများ၊ ဗီဒီယိုများကို ကြည့်ရင်း အပိုင်ရလိုစိတ်များက တားမရ ဆီးမရ။ အိုင်ဖုန်းကို အမေရိကနှင့် ဥရောပတွင်သာ ရောင်းချဦးမည်ဆိုသောကြောင့် ကျွန်းနိုင်ငံသေးသေးလေးတွင် နေထိုင်သော ကျွန်တော့်အနေဖြင့် အိုင်ဖုန်းအလာ စင်္ကာပူကစောင့်ယုံသာ ရှိသည်။ အိုင်ဖုန်း မလာခင် အိုင်ပေါ့တက်ခ်ျ စင်္ကာပူကို ရောက်လာသည်။ အိုင်ပေါ့တက်ခ်ျသည် အိုင်ဖုန်းနှင့် အတော်လေး ဆင်တူပြီး ဖုန်းပြော မရသည်က လွဲလို့ အိုင်ဖုန်းနှင့် နင်လား ငါလားဖြစ်သည်။ အိုင်ပေါ့တက်ခ်ျကို orchard ရှိ ပန်းသီး အရောင်းဆိုင်တွင် သွားစမ်းကြည့်ပြီးတော့ အတော်လေး သဘောကျသည်။ သို့သော် အိုင်ပေါ့တက်ခ်ျက ဖုန်းပြောလို့ မရ။ မဖြစ်သေး။ အိုင်ဖုန်း လာသည့် အထိ စောင့်ဦးမည် ဟု တွေးကာ လှည့်ပြန်ခဲ့သည်။

သို့နှင့် မကြာသေးမီက အိုင်ဖုန်းနှင့် ဖူးစာဆုံရန် အကြောင်းဖန်လာသည်။ တလောက အလုပ်သွားစဉ် ရထားပေါ်တွင် အိုင်ဖုန်းနှင့် ဖုန်းပြောနေသူ တစ်ယောက်ကို တွေ့ရသည်။ အိုင်ဖုန်းကို စင်္ကာပူတွင် သုံးလို့ရနေပြီလား။ အိုင်ဖုန်းကို အသုံးပြုရန်အတွက် AT & T ကုမ္ပဏီနှင့် နှစ် နှစ် စာချုပ် ချုပ်ရသည်။ အိုင်ဖုန်းကို အမေရိကရှိ AT & T နှင့် ဥရောပရှိ အချို့သော ဆက်သွယ်ရေးကုမ္ပဏီများမှ လွဲပြီး ပြင်ပရှိ အခြားသော ဆက်သွယ်ရေးကုမ္ပဏီများမှ Sim Card များနှင့် အသုံးပြုလို့ မရအောင် လုပ်ထားသည်။ အဲဒါကို သုံးလို့ရအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိနေပြီလား။ မေးခွန်းပေါင်းများစွာ ထွက်လာပြီးနောက် အင်တာနက်တွင် လိုက်ရှာကြည့်တော့ သုံးလို့ရအောင် လုပ်နိုင်သည့် နည်းလမ်းများစွာ တွေ့လာသည်။ စင်္ကာပူရှိ အွန်လိုင်းဖိုရမ် တချို့တွင် အိုင်ဖုန်း 8GB သို့ 16GB အမျိုးအစားကိုလိုက်ပြီး စင်္ကာပူဒေါ်လာ ၇၅၀ ၊ ၈၅၀ ခန့်နှင့် ရောင်းနေကြသည်။ အမေရိကတွင် အိုင်ဖုန်း ထုတ်ကာစက 4GB နှင့် 8GB များသာ ထုတ်ခဲ့ပြီး ရောင်းမလောက်ဖြစ်ကာ လူများ တန်းစီပြီး ခွဲတမ်းဖြင့် တစ်ဦးကို အိုင်ဖုန်း နှစ်လုံးကျသာ ၀ယ်ယူခွင့်ရခဲ့သည်ဟု ဆိုသည်။ မကြာသေးမီက 8GB အပြင် 16GB ကို ရောင်းချခဲ့ပြီး မူလ ဖုန်းဈေးများကို လျှော့ချပစ်ခဲ့သည်ဟု ဆိုသည်။

အမေရိကန်တွင် နေထိုင်သည့် ကျွန်တော့်ယောက်ဖဖြစ်သူက သူ အိုင်ဖုန်းတစ်လုံး ၀ယ်လိုက်သည်ဟု ဂျီတော့ခ်တွင် ပြောလာသည်။ ဒီကကောင်က လိုချင်ပါတယ်ဆိုမှ ငိုချင်လျက် လက်တို့ဖြစ်နေပြီ။ သူများတွေ ၀ယ်တော့ ကိုယ်လည်း လိုချင်သည်။ မကြာခင် အမျိုးတွေ ဆုံကြရန် ဘန်ကောက် လာဦးမည်ဟု သိထားသဖြင့် ဘန်ကောက်မလာခင် အိုင်ဖုန်းတစ်လုံး ၀ယ်လာပေးရန် တင်ကြို မှာကြားထားလိုက်သည်။ ဧပြီလ ၁၀ရက်ခန့်တွင် ဘန်ကောက်မှ စင်္ကာပူသို့ ပြန်လာမည့် လူကြုံရှိတော့ အတော်ပဲဖြစ်သည်။ US-BKK-SG .. Free Delivery ပေါ့။ 8GB အမျိုးအစား အိုင်ဖုန်းပဲ ၀ယ်ခဲ့ပေးဖို့ မှာလိုက်သည်။ အမေရိကန်ဒေါ်လာ ၃၉၉ တဲ့။ အခွန်အခများနဲ့ ဆိုတော့ စုစုပေါင်း ၄၂၄ ဒေါ်လာကျသည်။ အိုင်ဖုန်းကို AT & T ၏ ကန်ထရိုက်နှင့် မဟုတ်ဘဲ unlock လုပ်ပြီး သုံးစွဲပါက အကြောင်းတစုံတရာကြောင့် ပျက်စီးလျှင် အာမခံမရ နိုင်တော့ကြောင်း ပန်းသီးစတိုးမှ အရောင်းသမားတစ်ဦးက ကျွန်တော့် ယောက်ဖကို ပြောလိုက်သည်ဟုဆိုသည်။ ကိစ္စမရှိပါ။ အနာသိလျှင် ဆေးရှိပါသည်။ အင်တာနက်ခေတ်တွင် မရဘူးဆိုသည့် အဆိုများ မှားယွင်းကြောင်း သက်သေပြမည့် လူစွမ်းကောင်းများ အလျှိုအလျှိုပေါ်ထွက်လာနေသည်။ အထူးသဖြင့် ပန်းသီးများ အသစ်ထုတ်သမျှ အိုင်ဖုန်းနှင့်သက်ဆိုင်သည့် update များကို hack ဖို့ နည်းလမ်းများ ဖြန့်ဝေပေးနေသည့် iPhone Dev Team အားကိုးဖြင့် အာမခံ မရတော့လျှင်လည်း ကိစ္စမရှိဟု ပြောလိုက်သေးသည်။ အားကိုးရကျိုးလည်း နပ်ပါသည်။ Mac အတွက် Pwnage Tool ထွက်လာပြီ။ မကြာခင်အချိန်အတွင်း Windows version လည်း လာမည်ဟု ဆိုသည်။

တလောက နေ့လည်စာ ထမင်းစားအပြီး ဟိုကြည့်ဒီကြည့်လုပ်တော့ ဖုန်းဆိုင်တစ်ဆိုင်တွင် အိုင်ဖုန်း ကာဗာများ၊ သားရေ အိတ်များ၊ Screen Filter များ ရောင်းနေသည်ကို တွေ့သဖြင့် ဆိုင်ရှင်နှင့် လေနည်းနည်း ပစ်လိုက်သေးသည်။ ဈေးက ၄၀ အထက်တွေချည်း ဖြစ်နေသည်။ ထိုစဉ် သူ့ ခါးတွင်ထိုးထားသော အိုင်ဖုန်းမှ အသံမြည်လာသည်။ ဆိုင်ရှင်က တရုတ်လို နည်းနည်းပါးပါး ရွတ်ရင်း ဖုန်းပြောပြီးသည့်အခါ မင်း အိုင်ဖုန်း ဘယ်လောက်ပေးရသလဲ ၁၀၀၀ ကျော်မှာပေါ့ ဆိုပြီး စကား စသည်။ ဒါနဲ့ မဟုတ်ပါဘူး။ အမေရိကန်က တိုက်ရိုက်မှာတာ.. ယူအက်စ် ၄၀၀ ကျော်ရုံပဲ ပေးရသည် .. ဖုန်းက မကြာခင် ရောက်လာမည် ဟု ပြောလိုက်သည်။ အဲဒါနဲ့ မင်း အိုင်ဖုန်းရောက်တဲ့အခါ Unlock လုပ်ဖို့ အကူအညီလိုရင် ပြောတဲ့။ ဒီလူ တယ်သဘောကောင်းပါလားလို့ စိတ်က ထင်မိသည်။ ဘယ်လောက် service fees ယူသလဲ မေးတော့မှ အိုင်ဖုန်း တကားကားနှင့်ဖြစ်သည့် တောင်ပို့ကြီးထံမှ ဖွတ်က ထွက်လာသည်။ သက်သက်သာသာဆိုရင် အပင်ပန်းမခံချင်လို့ မေးမိတာပါ။ အခုတော့ စင်္ကာပူဒေါ်တာ ၁၀၀ တဲ့။ အံမယ်.. လူကို အချဉ်များ မှတ်နေသလား။ နေပါစေတော့။ အင်တာနက်မှာ လုပ်စရာ နည်းလမ်းတွေ တပုံတပင်ရှိသည်။ ပိုက်ဆံတပြားမှ မပေးရသည့် ဆော့ဝဲလ်တွေက ကူညီရန် အသင့်ရှိသည်။ အမှန်တော့ သိသိကြီးနှင့် သွားမေးသည့် ကိုယ့်အပြစ်သာ ဖြစ်သည်။ အိုင်ဖုန်းရမှ ပြန်လာတော့မည်ဟု ပြောကာ လှည့်ထွက်ခဲ့သည်။

အမေရိကန်တွင် ၀ယ်ရသည်က စင်္ကာပူတွင် ၀ယ်ရသည်ထက်စာလျှင် အပုံကြီး သက်သာသည်။ ၂ နှစ် ၃ နှစ်လောက် သုံးလာခဲ့သည့် Sony Ericsson w550 walkman ဖုန်းကလေးကို မကြာခင် အနားပေးတော့မည်။ ကျွန်တော် မှာလိုက်သည့် အိုင်ဖုန်း ဘန်ကောက်သို့ ရောက်ပြီး မကြာခင်မှာပဲ စင်္ကာပူတွင် စက်တင်ဘာလမှ စပြီး အိုင်ဖုန်းများကို ဖြန့်ရန် Singtel မှ ကန်ထရိုက်ရသွားပြီဟူသော သတင်းကို ဖတ်လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ခြောက်လလောက် စောသုံးလို့ ရသည်။ သို့သော် အိုင်ဖုန်း အမျိုးအစားသစ် ထပ်ပြီး ထွက်ရန်အတွက် တာစူနေပြီဖြစ်သည်။ ယခုလက်ရှိ အိုင်ဖုန်း အမျိုးအစားသည် EDGE Technology ကို သုံးထားသည့် 2.5 G အမျိုးအစားဖြစ်သည်။ အသစ်ထွက်လာမည့် အိုင်ဖုန်းများကတော့ 3G ဖုန်းများ ဖြစ်နေမည် ဖြစ်သည်။ 3G ဖြစ်တော့ ဘာဖြစ်သလဲဟု မေးစရာရှိသည်။ 3G ဖြစ်တော့ video call လုပ်လို့ ရမည်။ ထို့အတွက် အိုင်ဖုန်းတွင် ပါပြီးသား 2 Mega pixel ကင်မရာအပြင် video call လုပ်နိုင်ရန် အတွက် ကင်မရာအသေးစားလေးတစ်ခု ထပ်မံပြီး ပါလာမည်။ အင်တာနက်ကို Wi-Fi (Wireless Fiedelity) မှ သုံးရာတွင် broadband နီးပါး မြန်ဆန်မှုရှိမည်။ နောက်ပြီး အခြား အခြားသော အသစ်တွေ ပါလာဦးမည်ဟု ကောလဟလ သတင်းတွေ ဖတ်နေရသည်။ ဘာပဲဖြစ်ဖြစ် လက်ရှိသုံးနေသည့် ဖုန်းထက် အများကြီး သာလွန်ပြီး ဖုန်း၊ ကင်မရာ၊ အင်တာနက်၊ အိုင်ပေါ့၊ ဓာတ်ပုံ၊ ဗီဒီယိုများ ကြည့်နိုင်သည့် အိုင်ဖုန်းသည် 3G ဖြစ်မနေလို့ ကိစ္စမရှိပါ။ 3G ဖုန်းကိုင်သူအများစုပင် 3G ၏ စွမ်းရည် အပြည့်အ၀ကို အသုံးချခြင်း မရှိကြဟု စစ်တမ်းများက ဆိုသည်။

အိုင်ဖုန်းရောက်လာလျှင် လက်ရှိဖုန်းရှိ 1.3 mega pixel ထက် သာလွန်ပြီး 2.0 mega pixel camra built-in ပါလာမည်။ လက်ရှိသုံးနေသည့် အိုင်ပေါ့ကို ရုံးအသွားတွင် ထည့်သွားစရာ မလိုတော့ ။ PodCast တွေကို အိုင်ပေါ့အစား အိုင်ဖုန်းထဲသို့ Synchronise လုပ်ရဦးမည်။ အမှတ်တရဓာတ်ပုံများ၊ ဗီဒီယို အပိုင်းအစများကို အိုင်ဖုန်းထဲ ပြောင်းထည့်ရမည်။ Wi-Fi ရသမျှ နေရာတိုင်းတွင် အင်တာနက်သုံးရင်း ဘလော့ခ်များဖတ်လိုက် အီးမေးလ်များ ပို့လိုက် ဖြစ်နေမည်။ ဂျီတော့ခ် ရမရတော့ မသေချာပါ။ Web Chat Client ဖြစ်သည့် meebo နှင့်ကတော့ အဆင်ပြေမည် ထင်သည်။ ရုံးအသွား အပြန် တစ်နာရီ နီးပါး ကုန်ဆုံးနေသည့် အချိန်များကို အိုင်ဖုန်း အကူအညီဖြင့် ချုံ့ပစ်ရမည်။ သို့နှင့် အိုင်ဖုန်းသည် မကြာခင်ကာလအတွင်းမှာပင် ကျွန်တော့်အတွက် လက်စွဲတော် revolutionary gadget လေးတစ်ခု ဖြစ်လာဦးမည်မှာ သေချာသည်။

ညီညီ(သံလွင်)

(လေ့လာထားသမျှ Jailbreak, Unlock, Pwnged, Activate, installer.app, baseband, bootloader အစရှိသည့် အိုင်ဖုန်း ဝေါဟာရများ၊ မည်သည့် ဖုန်းဆက်သွယ်ရေးကုမ္ပဏီမှ ထုတ်သည့် Sim Card ကို မဆို အိုင်ဖုန်းတွင် ထည့်သုံးနိုင်ရန် ပြုလုပ်လို့ ရသည့် ဆော့ဝဲလ်များနှင့် ထိုဆော့ဝဲလ်များ၏ အကျိုးအပြစ် သုံးသပ်ချက်များကို မကြာမီကာလတွင် ပို့စ်တစ်ခု အဖြစ် တင်ပေးသွားပါမည်။ )

Read More...

Sep 19, 2007

ထွက်ပေါက်(၇)


ငယ်စဉ်က အမေ တိုင်ပေးခဲ့တဲ့ “ဘုရား.. တရား.. သံဃာ.. ရတနာသုံးပါး.. ဦးထိပ်ထား၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျော့ ကန်တော့ပါ၏” ဆိုတဲ့ သြကာသ ဘုရားရှိခိုးကို ပြန်ကြားယောင်မိသည်။ “သံဃံ သရဏံ ဂစ္ဆာမိ” ရမည့် အစား “အာဏာရှင် သရဏံ ဂစ္ဆာမိ” လုပ်ပြီး မာန်မလျော့ဘဲ အဂါဝရပြုရဲ ပြုရက်ကြတာကိုတွေကို ကြားရမြင်ရတော့ အံ့အားသင့်မိသည်ထက် စက်ဆုပ်ရွံရှာမိသည်။ သူ ၈နှစ်သားအရွယ်ကတည်းက အနိုင်ကျင့် ဗိုလ်ကျအုပ်ချုပ်ခဲ့သော လူရမ်းကားများ၏ အာဏာရှင်စနစ်သည် သူ့အသက် ၂၇နှစ် ပြည့်ခါနီးအချိန် အထိ သက်ဆိုးရှည် နေခဲ့သည်။ အချိန်တွေ ကုန်တာ မြန်လွန်းလား။ ငရဲကောင်တွေနဲ့ ၁၉နှစ်တာကတော့ ကြာလွန်းပါသည်။ ဓမ္မနှင့် အဓမ္မ၏ အားပြိုင်ပွဲကနေ သံသရာ မကြောက်သူတွေရဲ့ အစွယ်တွေကို တဖွေးဖွေး တွေ့ရသည်။ နေရာတကာ အာဏာအထိမခံ ကိုက်မည်တကဲကဲနှင့် မာန်ဖီနေသူများ၏ လည်ပင်းတွင် စာတန်းလေး တစ်ခု သွားချိတ်ဆွဲ ပေးကြပါ။ “သတိ ခွေး.. ရူး.. ကိုက်တတ်သည်”။

ရပ်ကွက်ထဲ ဟောင်ဖွာဟောင်ဖွာလုပ်ပြီး ရန်စောင်တတ်သော ခွေးရူးတစ်ကောင် စင်္ကာပူတွင် ဒီနေ့ သေသည်ဟု သတင်းထွက်နေသည်။ ဟိုကိုက်ဒီကိုက် လုပ်နေမည်စိုး၍ ယမမင်းက စောစောစီးစီး ဗီဇာထုတ်ပေးလိုက်ပုံ ရသည်။ ရပ်ကွက်ထဲရှိ အချို့ ခွေးရူးများ ကတော့ ဟောင်ရုံနှင့် အားမရ။ အာဏာကို မလွတ်တမ်းခဲထားသည်။ ထို သားရေပေါ်အိပ် သားရေနားစားများအား ယမမင်းက သူ့ကိုပါ ကိုက်မည်စိုးသဖြင့် ဘလက်လစ်ထဲထည့်ပြီး ဗီဇာထုတ်မပေးသေးကြောင်း၊ ခေါ်ရကောင်းနိုးနိုး မခေါ်ရကောင်းနိုးနိုးဖြင့် ဆုပ်လည်းစူး စားလည်းရူးဖြစ်နေသော ယမမင်းသည် အကြံအိုက်နေကြောင်း ဒီငရဲစထရိတ်တိုင်းမ် သတင်းစာ၏ ခေါင်းကြီးပိုင်းတွင် ဖော်ပြထားသည်။ ဒီငရဲစထရိတ်တိုင်းမ်သတင်းစာတွင် ညာဖြီး အာရွှီးဆောင်းပါးများ ရေးသားရန် အတွက် မြန်မာ့အတင်းနှင့် ဝေးမှုန် သတင်းစာများတွင် ပုံမှန်ရေးသားနေသော အမည်မဖော်ရဲသည့် ဆောင်းပါးရှင် လောက်ဖား များအား ခန့်ထားရန် လျာထားလျက်ရှိသည်။ လောက်ဖားများသည် မြောင်းမြမြို့စား လောက်ဖျား၏ အဆက်အနွယ်မဟုတ်ပါ။ အသားထဲက လောက်ထွက်သည့် ကပ်ဖားရပ်ဖား အာဏာရှင်လက်ပါးစေများသာ ဖြစ်သည်။

သံဃာများ စီတန်းလမ်းလျှောက်လာသည်။ သံဃာများက သပိတ်ကို မှောက်ပြီးကိုင်လာသည်။ လူအများက ကြောက်ပြီး ငေးကြည့်နေသည်။ ပြည်သူတွေပါမှာ ကြောက်နေသော သံဃာအတုများကို ရောထည့်လိုက်သည်။ ထို့နောက် “ပြည်သူတွေ မပါနဲ့ သံဃာ့ကိစ္စ သံဃာရှင်းမယ်…” ဟု နားစွန်နားဖျား ကြားလိုက်သည်။ ဒါ ဇာတ်ပွဲ မဟုတ်ပါ။ ရပ်မကြည့်နေပါနှင့်။ “အခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိဦးမလား၊ အခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိဦးမလား။ အခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနင့်ပြင် ရှိဦးမလား”ဟူသော ဆုံးမကဗျာတစ်ပုဒ်ကို ကြောက်စိတ်ပျောက်သည်အထိ မမောမချင်း ဌာန်ကရိုဏ်းကျကျ ရွတ်ပါ။ ပါဝင်ပါ။ ပူးပေါင်းပါ။ ပြည်သူ့ ဆန္ဒ ခံယူပွဲ အစစ်အမှန်များ လုပ်ပါ။ “ရပ်ကြည့်လို့ အမြတ်မရှိဘူး” ဆိုတဲ့ စကားက တစုံတရာကို စောင်းပါးရိပ်ခြည် ပြောပြနေသည်။ ထိုစဉ် ကားတစ်စင်း ဖြတ်သွားသည်။ မောင်းသွားသူကို ကြည့်လိုက်တော့ မြေခွေးတစ်ကောင်။ ကားပေါ်တွင် မြေခွေးများ ငြိမ်ဝပ်စွာ ပါသွားသည်။ တသွေး တသံ တမိန့် ဟူသည့် နဖူးစည်းများ ပတ်ထားသည်။ ရေကြည့်လိုက်တော့ စုစုပေါင်း “၄၄” ကောင်။ ခြံဝန်းတစ်ခုရှေ့တွင် ဓူဝံကြယ်ကို မြေခွေးတချို့ စောင့်နေသည်။ အိမ်နံပါတ်ကို ဖျတ်ကနဲ ကြည့်လိုက်တော့ “၅၄”။ လေးဖြူ၏ ပါဝါ ၅၄ သီချင်းစာအုပ်များကို ထွက်ထွက်ပြီးချင်း လိုက်သိမ်းတာ သတိရသည်။ သေချာတာက အဖိနှိပ်ခံရော ဖိနှိပ်သူများပါ နှစ်ဘက်လုံး ကြောက်နေကြသည်။ နောက်ဆုံး တိုက်ပွဲအတွက် ဘာကိုမှ မရင်းမနှီးဘဲ အလကားရဖို့ လက်ခုပ်လက်ဝါးတီးရင်း မျှော်တလင့်လင့် နေကြပြန်ရင်တော့ ရွှေပြည်တော် မျှော်တိုင်းဝေး သီချင်းကို အဖန်တလဲလဲ နားငြီးအောင် ကြားရဦးမည်။ “ဒို့ခေတ်ကို ရောက်မှ ညံ့ကြတော့မှာလား” ဟူသော မေးခွန်းကို မေးလိုက်တော့ ဘာဖြေရမှန်းမသိ အကြောင်သားငေးကြည့် နေကြသည်။ ဘယ်သူဆိုဆို မဆိုဆို သူကတော့ သူ့ဆန္ဒနှင့်သူ မတ်တပ်ရပ်ပြီး “ဒို့ဗမာ” သီချင်းကို ထဆိုလိုက်သည်။ “…ဒါဒို့ပြေ.. ဒါဒို့မြေ.. ဒါ ငါတို့ပြည်.. ဒို့ဗမာ”။ နောက်တစ်နေ့ နံနက်ခင်း မြန်မာ့အတင်း သတင်းစာတွင် ကဗျာဆရာသည် အမေကျော် ဒွေးတော်လွမ်းသည့် အနောက်တိုင်း လက်ဝေခံ မြန်မာ့နိုင်ငံရေး အမြတ်ထုတ်လိုသူ ပြည်ပြေးတစ်စု၏ သွေးထိုးလှုံ့ဆော်မှုကို နားယောင်ကာ အကြမ်းဖက်သမားတို့၏ လုပ်ရိုးလုပ်စဉ်အတိုင်း “ဒို့ဗမာ” သီချင်းကို အကျယ်ကြီး သီဆိုခဲ့သည်ဟူသည့် ဆောင်းပါး ပါလာတော့သည်။

Read More...

Sep 16, 2007

ထွက်ပေါက်(၆)


ကြားချင်မှန်းမသိ မကြားချင်မှန်းမသိ လာလာအော်နေတာ ခက်သည်။ အမှန်တရား.. အမှန်တရားဟု ပါးစပ်ကမချ တဖွဖွ ရေရွတ်ရင်း သက်စေ့ပုတီးစိတ်သူတွေ များလာသည်။ အပုပ်အသိုးများကို လှလှပပထုပ်ပိုးပြီး အမှန်တရားတံဆိပ်ကပ်ထားသော ဈေးကွက်ဝင်ကြော်ငြာများ ဘလော့ဂ် စာမျက်နှာတွေမှာပါ တွေ့လာသည်။ အမှန်တရား လက်လီလက်ကား ရောင်းရန်ရှိသည်။ “ပ” စောက် ဟု အပေါ်စီးက ကြည့်သူက ပြောသည်။ အောက်က လူက “ဂ” ငယ် ဟု ငြင်းသည်။ အရှေ့ကသွားသူက ဒါ “င” မဟုတ်လားဟု စောဒကတက်သည်။ နောက်က လူက .. သေချာတယ် ဒါ “၁” ပဲ ဟု အော်လိုက်သည်။ သူတို့ အားလုံးကို ခင်ဗျားတို့ ဒီမှာကြည့်ဆိုပြီး “၀” ဆွဲပြလိုက်သည်။ တစ်ယောက်က “သုည” ဟု ပြောသည်။ နောက်တစ်ယောက်က မဟုတ်ဘူး.. အဲဒါ “၀လုံး” တဲ့။ ကျန်တစ်ယောက်က ဒါ “စက်ဝိုင်း” ဖြစ်ရမယ် ဟု ပြောပြန်သည်။ နောက်ဆုံး တစ်ယောက်က ဘာမှ မပြောတော့ ပါးစပ်အ၀ိုင်းသားနဲ့ တွေးနေသည်။ အမှန်ခပ်ပြင်းပြင်း တစ်ပက်ကို အမှားခပ်များများရောပြီး ခပ်သွက်သွက်မော့သောက်လိုက်သည်။ ပုလင်းကို ကြည့်လိုက်တော့ အမှန်ပါဝင်မှုရာခိုင်နှုန်း ၄၀။ အမှန်ပါဝင်မှု အနည်းအများ ပေါ်လိုက်ပြီး ကိုယ့်အတိုင်းအတာနှင့်ကိုယ် ရေချိန်မလွန်အာင် သောက်ဖို့ လိုမည်။ တကယ်တော့ အမှန်အမှားသည် အချိန်ကာလ၊ အယူအဆ၊ အတွေးအခေါ်ပေါ်လိုက်ပြီး ကွဲပြားတတ်သည် ဆိုသည့်အကြောင်း ပြောမပြဖြစ်တော့။ အမှားဟု ပြောပြီး သူတို့ လွှင့်ပစ်ထားတာတွေထဲကို မွှေနှောက်ရှာဖွေလိုက်တော့ အမှားတွေ ကြားမှာ အမှန်တွေ ဟိုတပိုင်း ဒီတစ။ သူတို့အားလုံးကို သူတို့၏ အမှန်တရားများနှင့်အတူ ထားရစ်ခဲ့သည်။

လမ်းတွင် ကျားတစ်ကောင်နှင့် တွေ့တော့ သူ သတ်သတ်လွတ်စားနေသည်ဟု ပြောသွားသည်။ သာဓု မခေါ်ဖြစ်။ ကျားသည် ကျားအလုပ် မလုပ်ဘဲ သူတော်ကောင်းယောင်ဆောင်နေခြင်းသည် ပိုပြီး အန္တရာယ်ကြီးသည်။ လောကတွင် အဆောင်အယောင်တွေများသည်။ အယောင်ဆောင်တွေ များသည်။ ကျားအတုက သတ်သတ်လွတ်စားသည်။ လွတ်လပ်ရေးအတုက သံတိုင်တွေကို ရိုက်ချိုးပြသည်။ ပြည်သူအတုက အင်္ကျီအဖြူ ပုဆိုးအစိမ်းဝတ်ပြီး လက်သီးလက်မောင်းတန်းကာ ထောက်ခံကြသည်။ သံဃာအတုက ခေါင်းကို ပြောင်နေအောင် ရိတ်ထားသည်။ ဒီမိုကရေစီအတုက အော်တိုကရေစီကို ဒီမိုကရေစီ အရေခွံ လဲပစ်လိုက်သည်။ ပိုက်ဆံအတုတွေက စက္ကူစုတ်တွေလို ခြင်္သေ့ခေါင်းစွပ်ပြီး တဝေါဝေါ ထွက်ကျလာသည်။ ကျစ်လျစ်မှု မရှိသောကြောင့် ဖောင်းပွသည့်အရာကို ကျပ်ငွေ ဟု အမည်တပ်လိုက်သည်။ ငွေတန်ဖိုးကျခြင်းသည် ရွှေ တန်ဖိုးတက်ခြင်းကြောင့် မဟုတ်။ “ရွှေ” ၏ အသုံးမကျသော လုပ်ပုံကိုင်ပုံများကြောင့်သာ ဖြစ်သည်။ “ရွှေဘ” က ငါ့ကြောင့် ဖြစ်တာ မဟုတ်ဘူးနော် ဟု ထပြောသည်။ ဟုတ်တယ်။ “နေ” ဖျက်လိုက် “ရွှေ” ဖျက်လိုက် လုပ်နေသောကြောင့် အားလုံးက နေပူရွှေပူဒဏ်ကြောင့် ရေ “ငတ်” နေကြပြီ။

နတ်ရေကန်ထဲ ဆင်းလိုက်တာနှင့် ပျိုမြစ်နုနယ် လှပသွားသည် တဲ့။ မီးလျှံထဲခုန်ဝင်လိုက်တာနှင့် ဖီးနစ်ငှက်က ရှင်ပြန်ထမြောက်လာသည်တဲ့။ ဘုံခုနှစ်ဆင့်မှာ လွင့်တဲ့ တိမ်တိုက်ဟု တာရာမင်းဝေက ၀တ္ထုတစ်ပုဒ်ရေးခဲ့ဖူးသည်။ အဆင့်ခုနှစ်ဆင့်နှင့် ဖျားယောင်းပြီး ချွေးသိပ်ထားတဲ့ တိမ်တိုက်တွေကိုတော့ Propaganda မြေပုံ တိမ်တိုက်ဟု အမည်တပ်လိုက်သည်။ ကိုယ်နဲ့ မတူ ကိုယ့်ရန်သူဟု တရားသေ ယူဆထားတာတော့ အတော့်ကို ဆိုးသည်။ ကွန်ဆာဗေးတစ်အတွေးအခေါ်တွေ ခေတ်ကောင်းချိန်မှာ လစ်ဘရယ် ခေတ်ပြောင်း တော်လှန်ရေး လုပ်ရဦးမည်။ အီဗော်လူးရှင်းနှင့် မရလျှင် ရီဗော်လူးရှင်း လုပ်ရမည်။ ဗိုလ်ချုပ်အောင်ဆန်းက အသာတကြည် တောင်းဆိုလို့ မရရင်တော့ ကျုပ်က အတင်းလုပ်ရမှာပဲဟု ဆိုသည်။ ကဲ .. ထွက်ပေါက်မပေးရင်တော့ အတင်းလုပ်ဖို့ လိုလိမ့်မည်။ ခဏတာ ရင်းဖို့ကြောက်နေရင် တစ်ဘ၀စာမက မျိုးဆက်တစ်ခုလုံး သုံးစားမရအောင် ဖြစ်သွားမှာကတော့ သေချာသည်။

Read More...

Sep 14, 2007

ထွက်ပေါက်(၅)

ဒိုင်လူကြီး၏ ပွဲပြီးကြောင်းအချက်ပြသည့် ၀ီစီမှုတ်သံက မြွေတစ်ကောင်လို ရွှီကနဲ ထွက်လာသည်။ မိနစ်ကိုးဆယ်မှ မပြည့်သေးဘဲ။ ကဲပါလေ။ ဆက်ကန်လည်း ရှုံးဦးမှာပဲ မဟုတ်လား။ ကံကြမ္မာသည် အစကတည်းက လူမမျှသည့်ပွဲကို ကန်ခိုင်းထားခြင်းဖြစ်သည်။ ဒိုင်ကလည်း ညစ်သည်။ တစ်ဖက်အသင်းက ကောင်တွေက လူချသည်။ ဒိုင်မမြင်အောင် ရိုက်သည်။ ဆိုးဆိုးရွားရွား လူအချခံလိုက်ရသည့် ဘောလုံးသမားတစ်ယောက်က ဆက်မကန်ချင်တော့ဘူးဟု ပြောကာ ဘေးထွက်ထိုင်နေသည်။ ပွဲကြည့်ပရိသတ်ကတော့ စိတ်ထဲက အော်ဟစ်ပေါက်ကွဲနေသည်။ အသံက မထွက်။ တစ်ဖက်အသင်းမှ အားပေးသူ လူမိုက်တချို့ကတော့ “ကဲ ငါမပြောဘူးလား.. ငကြောက်တွေပါကွာ” ဟု ပြောပြီး မဏ္ဍပ်တိုင် တက်ပြသည်။ သို့သော် လူပီသသည့် အကျင့်စရိုက်မရှိသောကြောင့် ခွေးကျဝက်ကျ ပြုတ်ကျသည်။ ကြည့်ရတာ အော့နှလုံးနာသည်။ တော်ပြီ.. ဒီပွဲကို ဆက်မကြည့်ချင်တော့။ ရေခဲသေတ္တာထဲမှာ မစားရသေးသည့် ပန်းသီး ၂လုံးကျန်သေးသည်။ ကြော်ငြာထဲကလို တစ်လုံးက မီးထွန်းဖို့ .. တစ်လုံးက ကတ်ဆက်ဖွင့်ဖို့ မဟုတ်ပါ။ နယူတန်ရှာမတွေ့ခဲ့သည့် နိယာမကို သူရှာတွေ့ခဲ့သည်။ ပန်းသီးစားချင်လျှင် ကိုယ့်ဘာသာခွဲစားမှ ရသည်ဟူသည့် နိယာမ ဖြစ်သည်။ သူများက ပါးစပ်ထဲ လာခွံ့ပေးသည့်အချိန်ကို နှစ်ပေါင်း ၄၀ကျော် ထိုင်စောင့်နေတာနဲ့ပဲ ပန်းသီးများ ပုပ်ကုန်သည်။ မနေ့ညကတော့ ဒီမိုကရေစီ နည်းလမ်းနှင့်အညီ ရွေးကောက်ပွဲများ မကြာမီဆောင်ရွက်သွားမည်ဟု လော်စပီကာနှင့်အော်နေသည်။ အိပ်မက်လား တကယ်လား မသေချာပါ။ အိပ်မက်ဆိုလည်း တကယ်ဖြစ်ချင်ဖြစ်နိုင်ပြီး တကယ်ဆိုပေမယ့် အိပ်မက်လည်း ဖြစ်ချင်ဖြစ်တတ်ပါသည်။

ဒေါက်.. ဒေါက်… အိမ်ရှေ့က တံခါးခေါက်သံကြားလို့ ထွက်ကြည့်တော့ ထောက်ခံပွဲလာမတက်ရင် ဒဏ်ငွေရိုက်မည်ဟု ရပ်ကွက်လူကြီးဆိုသူက ဟန်ပါပါမာန်ပါပါ ခါးထောက်ပြီး ပြောသည်။ ကြည့်ရင်းကြည့်ရင်း ရပ်ကွက်လူကြီးနှင့် စကားပြောရသည်မှာ အခြောက်ကြီးတစ်ယောက်နှင့် စကားပြောရသလို ဖြစ်လာသည်။ အခြောက်များကို သိပ်ကြည့်မရပါ။ ထို့ထက် သူများကို အာဏာပြလိုက် ပါဝါပြလိုက် ခြောက်လှန့် ဟိန်းဟောက်တတ်သူများကို ပိုရွံသည်။ အခြောက်ချင်းအတူတူ ပါဝါအခြောက်များက တမူးသာသည်။ မိမိကိုယ်တိုင် စိတ်မလုံသောကြောင့် သူများကို လိုက်လံခြောက်လှန့်လေ့ရှိခြင်း ဖြစ်သည်ဟု ဖတ်ဖူးသည်။ အခြောက်သည် သူ၏ စိတ်မလုံခြုံမှုကို ဖုံးကွယ်ရန် သူမှန်ကြောင်း လိုက်လိုက်အော်သည်။ ယိုသူမရှက် မြင်သူရှက်ဆိုသလို အရည်မရ အဖတ်မရ အော်အော်နေသည့် ထိုအခြောက်ကို Anonymous ဟု နာမည်ပေးလိုက်သည်။

အတင်းအကြပ်လုပ်ခြင်းကို မုန်းတီးသူ စာရင်းလုပ်လျှင် သူပါမည်။ ခင်ဗျား ကျုပ်ကို အမိန့်မပေးနဲ့။ “အမိန့်”သည် ဆိုလို့ကောင်းရုံ ကျော်ဟိန်း သီချင်းတစ်ပုဒ်သာ ဖြစ်သည်။ ငယ်ငယ်က ကျောင်းအုပ်ကြီးအမိန့်အရ အတန်းပိုင်ဆရာမက ကြံ့မရ ဖွတ်မရ အသင်းထဲ တစ်တန်းလုံး အတင်းဝင်ခိုင်းတာကို သတိရသည်။ ဆရာမကို အမေက မ၀င်ခိုင်းဘူးဟု ခပ်တည်တည် သွားပြောလိုက်သောကြောင့် ၀င်စရာမလိုခဲ့။ အမေသည် ဆရာမ၏ တစ်ချိန်က ဆရာမဖြစ်ဖူးတာကြောင့် အမေ့ကို မလွန်ဆန်ရဲပါ။ ထို့ကြောင့် ဖွတ်မရ ဓားမဆုံးသွားသည်။ ခက်သည်။ တခါတလေ ဒီလိုပဲ Law of Jungle ကို မသုံးချင်ဘဲ သုံးရတာ ခက်သည်။ လိမ်ရညာရတာကို ထမင်းစားရေသောက်သလို လုပ်နေကြတာ ခက်သည်။ လူဦးရေက သန်း ၅၀။ ဖွတ်မရ ဓားမဆုံး အသင်းဝင်က သန်း ၂၀။ ဟုတ်မှလဲ လုပ်ပါ ကိုယ့်လူတို့ရယ်။ ဟားတိုက်ရယ်ရတာကြာတော့ အတော် စိတ်ပျက်လာသည်။ နေရာတကာ ရယ်စရာတွေချည်း တွေ့နေရသည်။ သတင်းစာ ကောက်ကိုင်လိုက်သည်။ ရယ်လိုက်သည်။ တီဗီကို ဖွင့်လိုက်တော့ သတင်းလာနေသည်။ ရယ်ရပြန်သည်။ ဒါနဲ့ ကာရာအိုကေ အခွေပဲ ကြည့်တော့မည် ဟူသော စိတ်ကူးကို အကောင်အထည် ဖော်လိုက်သည်။ မရယ်ချင်တော့လို့ ဖွင့်ပါတယ်ဆိုမှ ရယ်စရာက မှန်သားပြင်အပြည့် စာလုံးကြီး ပြူးတူးပြဲတဲနှင့် တက်လာသည်။ “ပြည်သူ့သဘောထား” တဲ့။ ထို့နောက် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံကြီးပီသစွာ မီးက ပျက်သွားတော့သည်။ အမှောင်ထဲမှ ရယ်သံများက မဆုံးတော့.. ဟား.. ဟား….ဟား…။

Read More...

Sep 12, 2007

ဘလော့ဂ်ဂါ၏ သစ္စာ၊ ဘလော့ဂ်ခြင်းနှင့် အမှန်တရား

ဘလော့ဂ်များသည် ပုံနှိပ်မီဒီယာ၏ နေရာကို အစားထိုးရန်ထက် မီဒီယာ၏ အားနည်းချက်ကို ထပ်မံဖြည့်စွက်နိုင်ခြင်း၊ ဘလော့ဂ်ဖတ်သူများထံသို့ သတင်းကို အချိန်နှင့်အမျှ လျင်မြန်စွာ ပေးနိုင်ခြင်း၊ ဘလော့ဂ်ဂါ၏ အတွေးအမြင်များကို ဝေမျှနိုင်ခြင်း၊ လာရောက် ဖတ်ရှုသူများမှ ဝေဖန်အကြံပေးဆွေးနွေးနိုင်ခြင်း တို့ကြောင့် ယနေ့ခေတ်မီဒီယာလောကတွင် မျက်ကွယ်ပြုထားခြင်းငှာ မစွမ်းသာအောင် အရေးပါလာခဲ့သည်။ ယခင်က မီဒီယာများက ထုတ်ပြန်သမျှကိုသာ ဖတ်ရှုခဲ့ရသူများ အဖို့ မီဒီယာများ မသိလိုက်သော သိသိနှင့် အခြေအနေ အရပ်ရပ်ကြောင့် ထုတ်ဖော်ရေးသားခြင်း မပြုရသော ခွင့်မပြုသော သတင်းအချက်အလက် သုံးသပ်မှုများကို ဘလော့ဂ်ဂါများက မိမိအမြင်နှင့် ပေါင်းစပ်ကာ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ရေးသား တင်ပြလာကြသည်။ မိမိကိုယ်တိုင် အယ်ဒီတာ၊ မိမိကိုယ်တိုင် ထုတ်ဝေသူလုပ်ကာ အင်တာနက်သုံးစွဲသူ ဘလော့ဂ်ဖတ်သူများအတွက် အကျိုးရှိစေမည်ဟု ယူဆသည်များကို တင်ပြကြသည်။ ဆွေးနွေးကြသည်။ ဝေဖန်သုံးသပ် ကြသည်။ ထိုသို့ ရေးသားရာတွင် မိမိနေထိုင်ရာရှိ အာဏာပိုင်များကို မဝေဖန်ရ။ မည်သူ့ အကြောင်းကိုတော့ဖြင့် လုံးဝ ရေးသားခြင်း မပြုရဟု ပိတ်ပင်တားဆီးလို့ မရနိုင်ပါ။

မင်းတုန်းမင်းလက်ထက်ကတည်းက “ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဖုရား မကောင်းလျှင် ငါ့မိဖုရားကိုရေး” ဟု သတင်းစာကို လွတ်လပ်ခွင့် အပြည့်အ၀ပေးထားပြီးဖြစ်သည်။ မိမိကိုယ်တိုင် ကောင်းအောင်နေပြလျှင် ဘယ်သူကမှ လာပြီး ဒီကောင် မကောင်းဘူးဟု လာမပြောပါ။ ပြောလာခဲ့လျှင်လည်း ထိုသူသည် မနာလိုစိတ်ဖြင့် ပုတ်ခတ်ခြင်းသာ ဖြစ်ပါလိမ့်မည်။ မိမိက ကောင်းပါလျှက်နှင့် မဟုတ်မမှန် လုပ်ကြံပြောဆိုသည်ဟု ထင်လျှင်လည်း တရားဥပဒေရှိပါသည်။ ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်ပါ။ သတိပေးသလိုနှင့် အသာတကြည် ချော့မော့ခြင်း၊ မရလျှင် ခြိမ်းခြောက်ခြင်း၊ ထိုသို့မှ မရလျှင် မွန်းလွဲသန်းခေါင်ဖမ်းဆီးခြင်း ပြုလုပ်နေသည် များသည် ဥပဒေ၏ ပြင်ပမှ လုပ်ရပ်များသာဖြစ်သည်။ ဘလော့ဂါ စစ်မှန်လျှင် ဘလော့ဂ်ဖတ်သူ၏ အချိန်ကို လေးစားသည်။ ကိုယ်ကျိုးတစ်ခုထဲကြည့်ပြီး အထက်လူကြီး မျက်နှာရဖို့ ပေါက်ကရ ရေးနေသူကိုလည်း ဘလော့ဂါဟုပင် နာမည် မတပ်ထိုက်ပါ။ မြန်မာ ဘလော့ဂါများသည် တိုင်းပြည်နှင့်လူမျိုးကို ချစ်သည်ဟု တစာစာအော်ပြီး နှိပ်စက်ကလူ ပြုနေသူများထက် ကိုယ့်တိုင်းပြည်ကို ချစ်ကြသည်။ ထို့ကြောင့် ဝေဖန်သည်။ ထောက်ပြသည်။ ဒါကို မလုပ်ရ မရေးရ ဟု တားဆီးပိတ်ပင်ခြင်းသည် တရားမျှတမှု ရှိရဲ့လား။ “ငါတို့ကတော့ တစ်သက်လုံး ဘယ်တော့မှ မျှမျှတတ လုပ်ခဲ့တာ မဟုတ်ဘူး” ဟု ပြောလာမည် ဆိုရင်တော့ အမှန်တရားကို ဘယ်တော့မှ ဖုံးကွယ်ထားလို့ ရမည် မဟုတ်ပါ။

အခုတလော မြန်မာများအကြားဝယ် ဘလော့ဂ်ရေးခြင်း ဘလော့ဂ်ဖတ်ခြင်းများ ခေတ်စားလာသည်နှင့်အမျှ အမျိုးမျိုး အစားစားသော ဘလော့ဂ်များကို တွေ့လာရသဖြင့် ၀မ်းသာမိပါသည်။ ဘလော့ဂ်ရေးသူအများစုမှာ ခေတ်ပညာတတ် လူငယ်များဖြစ်သဖြင့် လူငယ်အချင်းချင်း ကူညီကြသည်။ အသိပညာ၊ အတတ်ပညာများ မျှဝေကြသည်။ ဆွေးနွေးတိုင်ပင် ခြင်းများ၊ ဝေဖန်အကြံပေးခြင်းခြင်းများ ပြုကြသည်။ ဘယ်နေရာမဆို စုန်းပြူးများ ပါလာစမြဲဖြစ်ကြောင်းကို မေ့လျော့ထားလို့ မရကြောင်း ထပ်မံပေါ်ပေါက်လာသော လူမိုက်အားပေး ဘလော့ဂ်အချို့က အချက်ပြခဲ့ကြသည်။ လမ်းလျှောက်ဆန္ဒပြသူ တွေက ပိုက်ဆံ ၂၀၀၀ ကျပ်ရလို့ လိုက်လျှောက်တာလို့ ပြောတဲ့သူက ပြောသည်။ အစိုးရကို ဆန့်ကျင်သည့် မီဒီယာသတင်းငှာနများမှ သတင်းများကို အမှားကြီးတွေဟု ပြောတဲ့သူက ပြောသည်။ အချိန်နှင့်အမျှ ထုတ်ပြန်ရသောကြောင့် တခါတရံ အမှားအယွင်းတစုံတရာ ရှိကောင်းရှိပေမည်။ ထိုသို့သော စေတနာအမှားအတွက် အပြစ်တင်စရာ မလိုပေ။ အစိုးရမီဒီယာ တီဗီ၊ ရေဒီယို၊ သတင်းစာတို့မှ ထုတ်လွှင့်နေသော သတင်းများကရော ရာခိုင်နှုန်း ဘယ်လောက် ဘယ်ရွေ့ဘယ်မျှ မှန်နေပြီး ဘယ်လိုစေတနာရည်ရွယ်ချက်တွေနဲ့ ထုတ်ပြန်နေလို့လဲ ဆိုသည့် မေးခွန်းကို ကိုယ့်ဘာသာ ပြန်မေးခွန်းထုတ်ကြည့်ပါ။

သူ့လူကိုယ့်ဘက်သားယောင်ဆောင်ကာ စေတနာ သဘောရိုးနှင့် ကွန်မန့် ရေးသလိုနှင့် နောက်ကွယ်က ပြနေသော လက်သီးကို မမြင်ရဘူးဟု ထင်လျှင်၊ လက်ရှိအခြေအနေအရပ်ရပ်အရ အစစငဲ့ကွက်ပြီး မတရား လုပ်ခံနေရမှုကို ငြိမ်ခံနေရခြင်းကို “ငါတို့ လုပ်လိုက်တာ ကြောက်လန့်ကုန်ပြီ၊ ငါတို့ ခြိမ်းခြောက်တာနဲ့ ငြိမ်ကျသွားတာပဲ” ဟု ထင်နေလျှင် မှန်ထဲကို ရဲရဲကြည့်ပြီး ငါလုပ်တာ မှန်ရဲ့လား ကိုယ့်လိပ်ပြာကိုယ်လုံပါရဲ့လားဟု မေးကြည့်ပါ။ သေချာတာက အမှန်တရား ဘက်တော်သား ဘလော့ဂ်ဂါများ၊ ဘလော့ဂ်ဖတ်ပရိသတ်များသည် ပြောသမျှယုံ၊ လှည့်သမျှယုံမည့်သူများ မဟုတ်ပါကြောင်း။

Read More...

Sep 11, 2007

ထွက်ပေါက်(၄)

ဖုန်းသံတွေ မြည်လာသည်။ ကိုယ်ပိုင်အချိန်ရောင်းခ မရသေးကြောင်းဖတ်ပြီးလို့ စိုးရိမ်ပြီး မေးကြမြန်းကြသည်။ ဘယ်လိုလဲ။ အိုကေပါ။ အဆင်ပြေပါသည်။ ရစရာ ရှိတာများ ရပြီးနောက် ပေးစရာ ရှိတာများ ပေးလိုက်သည်။ လောကကြီးတွင် အပေးအယူ ရှိမှ ၀င်ငွေ လည်ပတ်စီးဆင်းမှု ရှိမည်။ မပေးအယူသာ ရှိသူများကြောင့် ကိန်းဂဏန်းများ အိပ်ပျော်နေကြသည်။ ပျင်းရိငြီးငွေ့ဖွယ် ကောင်းသောနေ့သည် အလုပ်များပြားလွန်းသောနေ့ထက် မိုးပိုရွာသည်။ မိုးရွာနေမှန်းသိလျက်နှင့် ထီးမယူဘဲ ထွက်ခဲ့သည်။ အိမ်မှ အလုပ်အထိ လမ်းတလျှောက် အိမ်မှ ကားဂိတ်အထိ၊ ကားဂိတ်မှ ရထားဘူတာအထိ၊ ဘူတာမှ ရုံးအထိ မိုးစိုမည် မဟုတ်မှန်း သိနေသည်။ လာနေကျလမ်းကြောင်း အတိုင်း စက်ရုပ်များ တန်းစီပြီး ထွက်လာကြသည်။ တိုးဝှေ့ခြင်း၊ တွန်းတိုက်ခြင်းများ မရှိ။ အထပ်နံပါတ် ၃၅ အရောက်တွင် ဓာတ်လှေကားပေါ်က ထွက်ပြီး ရုံးထဲသို့ လှမ်းဝင်လိုက်သည်နှင့် အေးစိမ့်စိမ့်လေများက ဆီးကြိုကြသည်။

မနက်ရှစ်နာရီခွဲမှာ ရုံးကိုအရောက်လာကြပါဟု ပြောလေ့ရှိသော မန်နေဂျာကို ကိုးနာရီထိ မတွေ့။ မေးကြည့်တော့မှ သင်တန်းသွားတက်သည်ဟု ဆိုသည်။ အီးမေးလ်စစ်သည်။ ဘလော့ဂ်တွေ ဖတ်သည်။ ကွန်မန့်တွေ ဟိုရေးဒီရေး လုပ်သည်။ သတင်းတွေ ဖတ်သည်။ ဒီရက်ပိုင်း လုပ်စရာ မည်မည်ရရ မရှိ။ ပရောဂျက်တစ်ခုအပြီးနှင့် နောက်တစ်ခု အစပျိုးချိန်တွင် ဒီလိုပဲ အားယားနေတတ်သည်။ ဖြစ်နိုင်ရင် ဘာမှ လုပ်စရာမရှိဘဲ ထိုင်နေသည်ထက် စာကြည့်တိုက်မှ ငှားလာသော ဒီဘိုးနိုး၏ စာအုပ်ကိုသာ ဖတ်နေချင်သည်။ နာရီကို ကြည့်လိုက်တော့ ၁၁ရက်နေ့ ၁၁နာရီ ၁၁မိနစ်။ ဒီရာသီတွင် မန်ယူအခြေအနေ မကောင်း။ မန်ယူပရိသတ်အများအပြားရှိသော မြန်မာပြည်သူတွေလည်း အခြေအနေ မကောင်း။ မနှစ်ကတော့ မန်ယူ ပရီးမီးယားဗိုလ်စွဲခဲ့သည်။ တချိန်ကတော့ မြန်မာနိုင်ငံကို အခြားအာရှနိုင်ငံများ အားကျ အတုယူခဲ့ရသည်။ အခုတော့.. သရေကျသည်။ ရှုံးပွဲဆက်သည်။ အနီကတ်ပြခံလိုက်ရ လက်နက်အပြခံလိုက်ရဖြစ်နေသည်။ တောင်မင်း မကယ်နိုင် မြောက်မင်း မကယ်နိုင် ဖြစ်နေသောကြောင့် အလယ်အလတ်လမ်းစဉ်ကို လိုက်သော မဇ္ဈိမဒေသက ကုလမင်းထံ အကူအညီ တောင်းသည်။ သို့သော် ကုလမင်းကို ကြိုးကိုင်ချယ်လှယ်နေသည့် စွမ်းအင်မရမှာစိုးသော အိမ်နီးနားချင်းပေါက်ဖော်နှင့် လက်နက်ခဲယမ်း မရောင်းရမှာစိုးသော လက်နက်ကုန်သည်တို့က တင်းတင်းဆုပ်ထားသော လက်များကို ဖြည်ပြလိုက်တော့ “ဗီတို” ဟူသော စကားလုံးကြီး ထွက်ကျလာသည်။ ဗီတိုသည် ဗီရိုလို ထည့်ချင်တာထည့်လို့ မရပေမယ့် လုပ်ချင်တာတော့ လုပ်လို့ရသည်။ Balance of Power .. ဖြစ်အောင် ညီမျှခြင်း၏ တစ်ဘက်စီတွင် ဗီတိုတွေ ပေါင်းထည့်လိုက်သည်။ ထိုအခါ ဘာအဖြေမှ မထွက်တော့။ ဒီလိုနဲ့ပဲ ရ၀မ်ဒါမှာ သုံးလအတွင်း လူတွေ သန်းနဲ့ချီပြီး သေခဲ့သည်။ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ အနစ်နာခံခြင်း ဘာတစ်ခုမှ မရှိဘဲ အခွင့်ကောင်းယူခြင်း၊ အနိုင်ကျင့်ခြင်း၊ ဗိုလ်ကျစိုးမိုးခြင်းသာ တတ်မြောက်ခဲ့သူတွေကို မောင်းထုတ်ဖို့ ပျံရင်းမသေဘဲ တိုက်ရင်းသေခဲ့ရသည့် ငှက်တွေ ဘယ်လောက်များနေပြီလဲ။ စနစ်တကျ ဖျက်ဆီးထားသဖြင့် လူငယ်တွေ စိတ်ပျက် လက်ပျက်ရုံမက ခြေပါ ပျက်နေပြီ။ အားအားရှိ ဘီယာဆိုင်၊ ကာရာအိုကေဆိုင်၊ အနှိပ်ခန်းများသို့ ခြေထောက်တွေ လှည့်နေသည်။ အခု စင်ပေါ်တက်ပြီး မိန့်ခွန်းချွေနေတဲ့ အဘိုးကြီးတွေ အိုပြီး သေတော့ နောက်မျိုးဆက်တက်တဲ့အခါ ကောင်းလာနိုင်တယ်ဟု တစ်ယောက်က ပြောသည်။ ထိုသို့ ပြောသော ပုဂ္ဂိုလ်ကို ထီလက်မှတ်တစ်စောင်ပေးပြီး အတိတ်ရေးခိုင်းကာ ခင်ဗျားအိပ်တော့ဟု ပြောပြီး ထွက်လာခဲ့သည်။ မျှော်လင့်ကြသည်။ ခေတ်တွေ ပြောင်းသွားသည်။ သင်္ဘောဦးတွင် စီးကာ ပါလာမည့် နန်းသိမ်းပွဲခံ မင်းသားကို မျှော်သည်။ ရတနာဂီရိသို့ ပါသွားသည့် မိန်းမကြောက်ရသော မင်းကို မျှော်သည်။ ဖက်စစ်ဂျပန်ကို မျှော်သည်။ မဟာမိတ်တပ်တွေကို မျှော်သည်။ လွတ်လပ်ရေးကို မျှော်သည်။ ကုလတပ်တွေကို မျှော်သည်။ ခေတ်တွေ ပြောင်းသွားသည်။ မျှော်လင့်ခြင်းများ မပြောင်းသေး။ အာဏာရှင်စနစ် မပြောင်းသေး။ ဟေရာကလိုက်တပ်စ်က မြစ်တစ်ခုကို နှစ်ခါ မဆင်းနိုင်ဟု ပြောသွားသည်။ ထို့အတူ ကုန်ဈေးနှုန်းကိုလည်း နှစ်ခါ အတူမတွေ့နိုင်။ တစ်နေ့ တစ်နေ့ တက်နေသော ကုန်ဈေးနှုန်းများနှင့် တစ်နေ့ တစ်နေ့ ကျနေသော စိတ်ဓာတ်များ၊ အနာဂတ်ကို သေနတ်နှင့်မှားပြီး ခါးကြားထိုးထားတဲ့လူများ၊ အတိတ်ကို မျက်လုံးလေးမှိတ်ပြီး အိပ်မောကျနေသူများ၊ ပစ္စုပ္ပန်ကို တရားနဲ့ဖြေရင်း ခန္တီစနေသူများ.. ဒါဟာ ပြဇာတ် တစ်ပုဒ်ဆိုရင်တော့ ကားလိပ်ချဖို့ သင့်နေပြီ။ အဆင်သင့်စောင့်နေသော မကရသေးသည့် အသစ်စက်စက် နောက်ပြဇာတ်တစ်ပုဒ်က “ဒီမိုကရက်တစ်မြန်မာပြည်မှ ကြိုဆိုပါသည်” ။

Read More...

Sep 6, 2007

ထွက်ပေါက်(၃)

ရှိသည်။ မရှိခြင်းတွေ အပြည့်အသိပ်ရှိသည်။ ၁၀နာရီခွဲ အစည်းအဝေးရှိသည်။ ဘာဖြစ်ဦးမလဲဆိုတဲ့ အတွေးရှိသည်။ ပရိုဂျက်မန်နေဂျာ အလုပ်ပြောင်းမည့် အကြောင်း ကြေညာသည့် စကားများ ရှိသည်။ ကျား နှင့် ရှင်ကြီး ဘယ်သူက ပါဝါကြီးသလဲ။ ဦးနှောက်က အသံပေးနေသလို ဗိုက်ထဲကလည်း အသံပေးသည်။ သူအိပ်ရာထတော့ မနက်စာသည် အိပ်မောကျနေခဲ့သည်။ သေချာတာက မန်နေဂျာနောက်တစ်ယောက် မကြာခင်ရောက်လာမည်။ ကြံရည်ကြိတ်သူ ပြောင်းသွားခြင်းအတွက် ကြံသကာဖြင့်လုပ်ထားသော စက်ရုပ်များအတွက် ဘာမှတော့ ထူးထူးခြားခြား ဖြစ်လာမည်ဟု မထင်ပါ။ ဖြစ်တော့ရော..။ ဖြစ်ဖြစ်ကွာ..ဘာပဲဖြစ်ဖြစ်..။ စိတ်ရှုပ်သည့်အချိန်တွင် ဘာပဲဖြစ်ဖြစ်ဟု သူသုံးလေ့ရှိသည်။

အာခေါင်တွေ ခြောက်လာသဖြင့် ရေတွေ ပါးစပ်ထဲ ရောက်အောင် လောင်းထည့်လိုက်သည်။ ညက စာတစ်အုပ်ဖတ်ရင်း မီးဖွင့်ပြီး အိပ်ပျော်သွားသည်။ အိမ်လခ မပေးရသေး။ ကိုယ်ပိုင်အချိန်ရောင်းခ ခုထိ မရသေး။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဟု စာတန်း လည်ပင်းမှာ ချိတ်ပြီး လျှောက်သွားနေသူကို “ခင်ဗျားကောင်းပေမယ့် ကျွန်တော်ဆိုးတယ်”ဟု ပြောကာ ခြေထိုးခံလိုက်သဖြင့် မှောက်ရက်လဲ သွားသည်။ ချက်လက်မှတ်တစ်စောင်က လိုချင်လိုက်ခဲ့ဟု ပြောပြီး အဝေးကို ထွက်သွားသည်။ အမောတကော ပြေးလိုက်ပြီး ကြည့်တော့ ထိုချက်လက်မှတ်ပေါ်တွင် ဘာမှ ရေးမထား။ အကြွေးဝယ်ကတ်သည် သုံးရစွဲရလွယ်သော်လည်း အတိုးပေးရတာ မလွယ်ကူပါ။ “ယနေ့အကြွေး မရောင်းပါ” ဟု ရေးကာ ထိုင်ငိုက်နေတတ်သော စတိုးဆိုင် ပိုင်ရှင်ကို နှိုးပြီး “မနက်ဖြန်မှ အကြွေးလာဝယ်မယ်” လို့ ပြောလိုက်သည်။ သူ့တွင် မနက်ဖြန်အတွက် အိပ်မက်များစွာ ရှိသည်။ မနက်ဖြန်ကို စောင့်ပြီး အိပ်မက် မက်ရင်း အိပ်ရာမှ နိုးတိုင်း ယနေ့ကို ပြန်ရောက်သွားသည်။ မနက်ဖြန်သည် ဘယ်တော့မှ ရောက်မလာသော အနာဂတ်တစ်ခုသာ ဖြစ်သည်။ နောင်မှ နောင်တ မရဖို့ အခုကတည်းက “တ” ထားလိုက်သည်။ ပိုက်ဆံရှိသည့်အခါ ကဗျာစာအုပ်ထုတ်မည်။ ကိုဖြိုးနဲ့တောင် ဟိုတနေ့က ပြောမိသေးသည်။ ပိုက်ဆံရှိသည့်အခါတွင် ထုတ်မည်ဟု စဉ်းစားထားသဖြင့် ထိုကဗျာစာအုပ် ထွက်လာဖို့ နှစ်အတော်ကြာသည်အထိ လမ်းမမြင်တော့ပါ။ အိုကွာ.. ဘာပဲဖြစ်ဖြစ်..။ ခုတလော စာတွေပဲ တစ်ကြောင်းပြီးတစ်ကြောင်း ချရေးချင် နေသည်။ သူ့စိတ်တွင် အမှန်တကယ် ဆာလောင်နေသောအရာသည် ဟိုရောက်ဒီရောက်အတွေးများ မဟုတ်ဘဲ စကားလုံးများသာ ဖြစ်သည်။ သေနတ်သံများ ကြားသည်။ သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်လို့ရသလို လူအုပ်ထဲလည်း ပစ်လို့ရတယ်ဆိုတဲ့ စကားကို ကြားသည်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆိုရှယ်လစ်လမ်းစဉ်ဟု ခေါင်းစဉ်တတ်ကာ ကိုယ်ပိုင်သံစဉ် တစ်ခုလို ဖန်တီးပြီး နားငြီးအောင် တီးပြနေတဲ့အသံတွေ သမိုင်းစာအုပ်ထဲက ကြားသည်။ လမ်းညွှန်မြေပုံတွေ မလိုပါ။ လှေကား ခုနှစ်ထစ် တက်စရာ မလိုပါ။ ကိုယ်ကျိုးမဖက်သည့် စေတနာနှင့် စာနာနားလည်မှုသာ လိုအပ်သည်။ စိတ်ထဲမှ ၀ုန်းကနဲ ထွက်လာသော ဒေါသကို ထိန်းရန် နံပါတ်စဉ် ရွတ်ပါဟု ဘယ်ပညာရှိက ပြောသွားမှန်းမသိ။ တစ်.. နှစ်.. သုံး.. လေး.. ငါး.. ခြောက်.. ခုနစ်.. ရှစ်.. ။ ထိုပညာရှိသည် ပညာရှိနည်းဖြင့် ဆဲခိုင်းခြင်းသာ ဖြစ်သည်။ ဘယ်လောက်ပဲ အော်ဆဲဆဲ မကြားချင်ယောင်ဆောင်နေသူအတွက် ဘာမှ ဖြစ်မသွားတာကတော့ ဆိုးသည်။ အမှန်က မကြားချင်ယောင် ဆောင်ရင်း တကယ် မကြားတော့တာလည်း ဖြစ်နိုင်သည်။ စိတ်ပျက်သလို လက်လည်းပျက်နေသော လူများနှင့် ပြိုလုဆဲဆဲဖြစ်နေသော အဆောက်အအုံကို ကျားကန်ထားကြသည်ကို စိတ်ပျက်လက်ပျက်နှင့် ကြည့်နေရုံပဲ ရှိတော့သည်။ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်တော့ မျက်လုံး အသေဖြင့် လူများ.. စိတ်ဓာတ် အသေဖြင့် လူများ.. မျှော်လင့်ချက် အသေဖြင့်လူများ.. ဒီအိပ်မက်ဆိုးက အလန့်တကြား နိုးထချင်ပြီ။

Read More...

Sep 5, 2007

ထွက်ပေါက်(၂)

လူသည် မိမိဝတ်ဆင်ထားသည့် စိတ်ပေါ်မူတည်ပြီး ထူးခြားသည့် အရောင်အမျိုးမျိုး ထွက်သည်။ လွင့်ထွက် သွားသည့် စိတ်အင်္ကျီကို လိုက်ကောက်ရင်း ဒလိမ့်ကောက်ကွေး လိမ့်ကျသူကို လူတချို့ ၀ိုင်းကြည့်ပြီး ဟားတိုက်ရယ်နေကြသည်။ လူတချို့က ပြေးပြီး နင်းကြသည်။ အရောင်အမျိုးမျိုး စမ်းဝတ်ကြည့်ပြီးသည့်နောက် အရောင်မပါသော အင်္ကျီသာ အသင့်တော်ဆုံး ဖြစ်ကြောင်း ဓာတ်ခွဲခန်း အဖြေထွက်လာသည်။ ထိုအဖြေစာရွက်ကို တစစီစုတ်ဖြဲရင်း ဆက်ပြီး လမ်းလျှောက် ထွက်လာခဲ့သည်။ အမှန်တွင် လမ်းလျှောက်ထွက်သူကို လမ်းက ဖြတ်လျှောက်သွားခြင်းသာ ဖြစ်သည်။ လေလွင့်ခြင်းလမ်းမများ ဟူသော သီချင်းကို တစ်ယောက်တည်း အပြန်ပြန်အလဲလဲ သီဆိုနေမိသည်။ သူသည် လေလွင့်ခြင်းလမ်းမထက်တွင် လျှောက်ရင်း နောက်ကိုလည်း ပြန်မကြည့်ရဲ ရှေ့ကိုလည်း မျှော်မကြည့်ရဲသူ ဖြစ်သည်။ သွားရင်းလာရင်း ကြုံသည့် အနှောင့်အယှက်များကို သူ မလိုလားပါ။ ပြဿနာကို ရှာရန် မီးလိုက်ထွန်းနေသူများကို မီးထိန်ထိန်လင်းနေသည့်အခန်းတွင် ထားဖို့ မဖြစ်မနေ လိုအပ်သည်။ လကုန်ရင် လခရမယ်ဆိုတဲ့စကားသည် လဆန်း ၅ရက်အထိ လခ မရသေးသူအတွက် လှောင်ပြောင်ရယ်မောသံသက်သက် ဖြစ်သည်။ လိမ်ညာရမှာကို စိတ်ပျက်သူအတွက် ပိုစိတ်ပျက်အောင် ပတ်ဝန်းကျင်က ၀ိုင်းကူပြီး လိမ်ညာကြသလား။

စိတ်မပါဘဲ စိတ်ပါချင်ယောင်ဆောင်ဖို့ ကြိုးစားရတာလောက် ပင်ပန်းတာ မရှိပါ။ ထောင်ပေါင်းများစွာသော ကွန်ပျူတာသုံးဘာသာစကားများကို ပြောဆိုနားလည်ဖို့ ယေဘုယျကျကျ တွေးတတ်သည့်ဦးနှောက်တစ်ခုသာ လိုသည်။ ကြက်တူရွေးများသည် သင်ထားသမျှ ဖြေဆိုနိုင်သော်လည်း မသင်ထားလျှင် လုံးဝ မဖြေတတ်ကြပါ။ စိတ်လေဖို့ကောင်းအောင် ဆုတံဆိပ်များကို မက်မောကြသည်။ ရင်းနှီးမြုပ်နှံခြင်း ဆိုသည့်စကားက ရင်းနှီးတာလား မြုပ်နှံလိုက်တာလား ကြောက်မက်ဖွယ်ရာ ခြောက်လှန့်သည်။ ဟန်မဆောင်တတ်သူကို ရိုင်းစိုင်းသူဟုခေါ်ပြီး ဟန်ဆောင်တတ်သူကို ယဉ်ကျေးသူဟု ခေါ်တတ်သည့် လူ့အဖွဲ့အစည်းတွင် စံနှုန်းများလွဲချော်နေပြီ ဆိုသည့်အကြောင်းကိုဖော်ပြရန် အမှောင်ကမ္ဘာသတင်းစာတွင် နေရာလွတ် မရှိသေးပါ။ အတင်းအဖျင်း ပြောတတ်သူတစ်စုက သတင်းစာတွင် ပါသော သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း အမွှန်းတင်ထားသည့်ဆောင်းပါးတစ်ပုဒ်ကို မြိန်ရေယှက်ရေ စားမြုံ့ပြန်နေသည်။ မနီးမဝေးရှိလူငယ်တစ်စုက ဘောလုံးသမားတွေအကြောင်း ဖတ်ထားသမျှကို လက်ဖက်ရည်ခွက်ထဲ လောင်းထည့်ပြီး ပြိုင်တူမော့လိုက်ကြသည်။ ရေဒီယိုကြီးကိုင်ပြီး ငိုက်စိုက်ငိုက်စိုက် လျှောက်လာသူတစ်ဦးထံမှ သီချင်းသံသဲ့သဲ့ကြားရသည်။ ~~ယုံကြည်ခြင်းနဲ့ ကြိုးစားထားမှ~~ တစ်ချိန်မှာ အောင်မြင် လွတ်မြောက်မယ် မဟုတ်လား~~။ အလံကို တိုင်တစ်ဝက်သို့ လျှော့ချလိုက်ကြသည်။ ထို့နောက် ထုံးစံအတိုင်း ခေတ်တစ်ခုလုံး အမှောင်ချပစ်လိုက်သည်။

Read More...

Sep 3, 2007

ထွက်ပေါက်

အရောင်အသွေးကျနေတဲ့ အင်္ကျီတစ်ထည်ကို ယနေ့ဟု သတ်မှတ်ပြီး အဘိဓာန်မှာ ရှာမတွေ့တဲ့ လူတစ်ယောက်ကို ကဗျာဆရာဟု သတ်မှတ်ပါ။ ချိုးဖြူငှက်တစ်ကောင် ထပျံသွားသည်ဟု ပြောသံကြားရသည်။ ရုတ်တရက် ထပျံသွားသလား လှုပ်လီလှုပ်လဲ့ ထပျံသွားသလား။ မျက်လုံးများ မှိတ်ထားသောကြောင့် မမြင်လိုက်ပါ။ မျက်လုံးတွေ မှိတ်ထားသည့်ကာလမှာ ကြာခဲ့ပြီ။ ဖွင့်ထားလည်း မမြင်ချင်တာတွေ တွေ့ရမည့် အတူတူ (သို့မဟုတ်) ဖွင့်ထားလည်း မမြင်အောင် အတင်း လိုက်ပိတ်ခံနေရမည့် အတူတူ အလိုက်တသိပဲ မျက်လုံးတွေကို မှိတ်ထားလိုက်သည်။

ငရဲဘုံဆိုသည်မှာ လခစားအလုပ် လုပ်ရသော အချုပ်အနှောင်ကို မုန်းတီးစက်ဆုပ်သူများ နေထိုင်ရာ နိတ္ထိအခန်းသာ ဖြစ်သည်။ လူမှုရေး နားမလည်သော မန်နေဂျာသည် အလုပ်သမားတွေကို ကြံချောင်းတွေလို အရည်ညှစ်ယူနေရသည်ကို အားရကျေနပ်ပုံ မရသေး။ ကော်လာကို အဖြူရောင်ဆိုးဆိုး အပြာရောင်ဆိုးဆိုး စက်ရုပ်သည် စက်ရုပ်သာ ဖြစ်သည်။

စည်းကမ်းကာလနားများအကြား လခစား လုပ်ရသော ကဗျာဆရာ၏ မွန်းကျပ်မှုအောက်တွင် ကဗျာအသေများကို တစ်နေ့ပြီး တစ်နေ့ မြေမြုပ်ပစ်လိုက်ရသည်။ သံသရာဆိုသည်မှာ ဥသြသံမပေးဘဲ တိတ်တဆိတ် ထွက်ခွာသွားသည့် ရထားတစ်စင်းသာ ဖြစ်သည်။ နောက်ဆုံးရထား ဟုတ်မဟုတ် မရေရာသလို နောက်ဆုံးဘူတာ ဟုတ်မဟုတ်လည်း မသေချာပါ။ နောက်မှ ဆုံးမယ့် အတူတူ အစကတည်းက ဆုံးလိုက်ရင် အကောင်းသား။ အခုတော့ လွယ်ထားတဲ့ အပြာရောင်ကျောပိုးအိတ်မှာ မျှော်လင့်ခြင်းတွေ တနင့်တပိုးနဲ့ ခြေဦးတည့်ရာရော ခြေဦးမတည့်ရာပါ လျှောက်ရတာ အချိန်ကုန်သည်။ အချိန်ကို ၀ယ်လို့ မရဘူးလို့ ငယ်ငယ်တုန်းက ဆရာမတစ်ယောက်က စာစီစာကုံးရေးဖို့ သင်တော့ ပြောဖူးသည်။ အခုတော့ တနင်္လာကနေ သောကြာအထိ အချိန်ကို ချ ချရောင်းနေတာ ဆရာမ မသိရှာပါ။ အချိန်ဆိုတာများ တန်ဖိုးရှိလွန်းလို့ သူများက ဈေးကြီးပေးလာဝယ်နေရတဲ့ အချိန်ကို ကိုယ်တိုင်ပြန်မ၀ယ်နိုင်တဲ့ အထိပဲ။ လူတွေ ယဉ်ကျေးလာကြသည်။ လူတွေ တိုးတက် လာကြသည်တဲ့။ ထိုအဆိုကို ရာနှုန်းပြည့်ထောက်ခံခြင်း မပြုနိုင်သည့်အတွက် စိတ်မကောင်းပါ။ ယဉ်ကျေးတိုးတက်ပါတယ် ဆိုတဲ့ လူတွေ အချင်းချင်း နှိပ်စက်ကြ ညှင်းပန်းကြ သတ်ဖြတ်ကြတာများ ကိုယ့်နားကိုယ်တောင် ယုံနိုင်ခြင်း မရှိပါ။ ထိုကဲ့သို့ အဓိပ္ပာယ်မရှိတာတွေကို အဓိပ္ပာယ်ရှိသယောင် ဟန်ဆောင်ပန်ဆောင် ကောင်းတတ်တဲ့ သတ္တ၀ါကို “လူ” လို့ နာမည် ပေး ကင်ပွန်းတပ် လိုက်ကြသည်။

ငှက်တစ်ကောင်က အမေ့အိမ် သီချင်းကို ငှာန်ကရိုဏ်းကျကျ သီဆိုနေသည်။ ရထားတစ်စင်း ခုတ်မောင်းသံ နီးလာပြီ။ ရပ်ထားမှာလား။ ဆက်သွားမှာလား။ တကယ်တော့ ရပ်နေသော်လည်း သွားနေနိုင်ပြီး သွားနေသော်လည်း ရပ်နေနိုင်သည်ဆိုသည့်အချက်ကို ကျွန်တော်တို့ စနစ်တကျ မေ့လျော့နေခဲ့သည်။

Read More...

Aug 30, 2007

ငါးလေးရဲ့ကမ္ဘာ

ဘ၀ရဲ့ ယုံကြည်စရာ ခပ်ပါးပါးတွေကြား ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။ တကယ်တမ်းဆို ယုံကြည်စရာ ဆိုတာကိုက ယုံချင်စရာ မကောင်းတာ။ ငါးလေးရဲ့ကဗျာဆိုပြီး ဟိုးတလောက ရေးခဲ့ဖူးတာ သတိရတယ်။ ဒီတစ်ခါတော့ ငါးလေးရဲ့ ကမ္ဘာအကြောင်း နည်းနည်းပြောချင်ပါတယ်။

ငါးလေးရဲ့ကမ္ဘာမှာ ငါးတွေ ငါးတွေ နေရာအနှံ့ နေထိုင်ကူးခတ်နေကြတာ သန်းပေါင်းထောင်ချီလို့။

နေထိုင်ရာဒေသအလိုက် ခွဲမလား။ အလှပြကန်ကျဉ်းကျဉ်းထဲက ငါး၊ မြောင်းကြိုမြောင်းကြားက ငါး၊ ရေအိုင်ထဲက ငါး၊ စမ်းချောင်းထဲက ငါး၊ ပင်လယ်ထဲက ငါး၊ သမုဒ္ဒရာထဲက ငါး.. ငါးတွေ များလွန်းလှတယ်။

ယုံကြည်မှုဝါဒစွဲ အရ ခွဲမလား။ ဆိုရှယ်လစ် ငါး၊ ကွန်မြူနစ် ငါး၊ ဖက်ဆစ် ငါး၊ ကတ်ပတယ်လစ် ငါး (စကားချပ်။ ။Capitalist ကို ဆိုရှယ်လစ်ပြတင်းပေါက်မှ လှမ်းကြည့်ပြီး မြန်မာမှုပြုထားသော အရင်းရှင်ဆိုတဲ့ စကားကို မကြိုက်လို့ အရင်းရှင် ငါးဟု မသုံးပါ။) ၊ လစ်ဘရယ် ငါး၊ ကွန်ဆာဗေးတစ် ငါး၊ လက်ဝဲ ငါး၊ လက်ယာ ငါး၊ အကြမ်းဖက်ဝါဒီ ငါး၊ ဘာသာရေးအစွန်းရောက် ငါး၊ ယူတိုပီယမ် ငါး၊ ဒီမိုကရက်တစ် ငါး.. ငါးတွေ များလွန်းလှတယ်။

အလုပ်အကိုင်အရ ခွဲမလား။ အင်ဂျင်နီယာ ငါး၊ ဆရာဝန် ငါး၊ အိုင်တီပညာသည် ငါး၊ ဘောလုံးသမား ငါး၊ စာရင်းကိုင် ငါး၊ အနုပညာသည် ငါး၊ အိမ်ရှင်မ ငါး၊ စီးပွားရေးသမား ငါး၊ ပွဲစား ငါး၊ ရပ်ကွက်လူကြီး ငါး၊ ဘာမှ မတတ်ဘဲ ရာထူးကြီးကြီး ရထားတဲ့ ငါး၊ ပိုက်ဆံရရင် ဘာမဆိုလုပ်တဲ့ ငါး၊ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် ငါး.. ငါးတွေ များလွန်းလှတယ်။

ငါးတန်းစားအလိုက် ခွဲမလား။ အခြေခံငါးတန်းစားတွေ ဖြစ်တဲ့.. ကြုံရာကျပန်း ငါး၊ တစ်နေ့ကူးမှ တစ်နေ့စားရတဲ့ ငါး။ ငါးလတ်တန်းစားတွေ ဖြစ်တဲ့.. အချိန်မှန် အလုပ်သွားရတဲ့ အလုပ်သမား ငါး၊ ရုန်းရင်းကန်ရင်း ကူးရတဲ့ အသေးစားလုပ်ငန်းရှင် ငါး၊ အကြွေးယူပြီး ပြန်မပေးတတ်တဲ့ ရပ်ကွက်ထဲက ကုန်စုံဆိုင် ပိုင်ရှင် ငါး၊ ငွေတိုးချေးစားတဲ့ ငါး။ ရေပေါ်ဆီလွှာမှာ ကူးတဲ့ ငါးတန်းစားတွေ ဖြစ်တဲ့.. ဘီယာတမြမြနဲ့ ငါး၊ ပန်းကုံးစွပ်တဲ့ ငါး၊ ဆူဆူဖြိုးဖြိုး ရေမထိုးဘဲ လာဘ်ထိုးရတဲ့ ငါး၊ သာကူးညာပေါင်း ကပ်ဖားရပ်ဖား ငါး၊ အခန့်သားကူးရင်း ဘဏ်တိုးမစားဘဲ လာဘ်ခိုးစားတဲ့ ငါး၊ ငါးကြီးရဲ့ ပီအေနဲ့ သိတဲ့ ငါး၊ အကောင်ကြီးကြီး အမြီးရှည်ရှည်နဲ့ ငါး၊ အခွင့်ထူးခံငါး၊ ဘုရင်ရူး ရူးတဲ့ ငါး။ ငါး အတန်းအစားတိုင်းမှာရှိတဲ့ ဘောလုံးပွဲလောင်းတဲ့ ငါး၊ နှစ်လုံးထီတိုးတဲ့ ငါး.. ငါးတွေ များလွန်းလှတယ်။

ငါးပေါင်း သောင်းခြောက်ထောင်ထဲမှာမှ ရပ်ကွက်ထဲက ဘလော့ဂ်ဂါငါးတွေလည်း အများအပြား ရှိပါသေးတယ်။ စည်းအပြင်က ငါး၊ လွတ်ကျခဲ့တဲ့ မြို့စား ငါး၊ အန္တရာယ်နယ်မြေက ငါး၊ ကော်ဖီကြိုက်တဲ့ ကဗျာဆရာ ငါး၊ မင်းသားယောင်ဆောင်ထားတဲ့ ငါး၊ သတ်ပုံမှားတဲ့ ဂျာနယ်လစ် ငါး၊ အိုအေစစ်ထဲမှာ ကူးတဲ့ ငါး၊ ဂေါက်သီးရိုက်တဲ့ ငါး၊ ဆိုက်ကားနင်းတဲ့ ငါး၊ ပရိုဂရမ်မာ ငါး၊ အိုး မိုင်ဂေါ့အစား အိုး မိုင်ဘလော့ဂ်လို့ ညည်းတတ်တဲ့ ငါး၊ ဒေါင်းယောင်ဆောင်တဲ့ ငါး၊ ကင်မရာတလွယ်လွယ်နဲ့ ငါး၊ အမြဲစိမ်း ငါး၊ ကိုပင်ဟေဂင်က ငါး၊ မိုးညိုရင် ကဗျာရေးတဲ့ ငါး၊ စကားပန်းကြိုက်တဲ့ ငါး၊ ဆရာဝန်မ ငါး၊ ကိုးန၀င်းကြေစနေသမီး ငါး၊ ကန်သေးသေးလေးထဲမှာ ကူးတဲ့ အကောင်ခပ်သေးသေး ငါး၊ ဂျစ်ကန်ကန် ငါး၊ ကွမ်းယာကြိုက်တဲ့ ငါး၊ ရေနံချောင်းကလာတဲ့ ငါး၊ ဘာညာသာရကာ ငါး၊ ကြယ်ငါး၊ ရေခဲပြင်မှာ ကူးတဲ့ ငါး၊ သီချင်းဆိုတဲ့ ငါး၊ အိမ်ခြံမြေပွဲစား ငါး၊ ညမှ ထွက်တဲ့ ငါး.. ငါးတွေ များလွန်းလှတယ်။ နောက်ပြီး ဘလော့ဂ်ငါးတွေအတွက် ကွန်မန့်တွေ ၀င်ဝင်ရေးတတ်တဲ့ ဒီမို ငါး။

ဒီလိုများလွန်းလှတဲ့ ငါးတွေအကြားမှာ ကဗျာဆရာ ငါးကတော့ ကူးလို့ခတ်လို့ ဘလော့ဂ်ပို့စ်တွေ တင်နေတုန်းပါပဲ။ အိမ်အပြန်လမ်းကတော့ ဝေးဆဲ။

Read More...

Aug 19, 2007

တစ်ခါကလွယ်အိတ်လေး

တစ်ခါက ကျွန်တော့်မှာ လွယ်အိတ်လေးတစ်လုံးရှိပါသည်။ ထူးထူးခြားခြား မဟုတ်ဘဲ ရိုးရိုးသာမန် အညိုရောင် လွယ်အိတ်လေးတစ်လုံးပါ။ သို့သော် ထိုလွယ်အိတ်လေးသည် ကျွန်တော်နှင့် တရင်းတနှီး အတူရှိနေခဲ့သော ရဲဘော်ရဲဘက်တစ်ဦး ဖြစ်ခဲ့သည်။ ထိုစဉ်က ထိုလွယ်အိတ်လေးကို “တိုက်ပွဲဝင်လွယ်အိတ်” ဟု ကျွန်တော် အမည်ပေးခဲ့ဖူးပါသည်။ ဘာကြောင့်လည်း ဆိုတော့ ထိုလွယ်အိတ်ကလေးကို လွယ်ကာ ကျွန်တော့် ဆယ်တန်းကျောင်းသား ဘ၀ကို ကျော်ဖြတ်ခဲ့ရသောကြောင့် ဖြစ်သည်။ တကယ်လည်း ဆယ်တန်းကျောင်းသား ဘ၀သည် ကျွန်တော့်အတွက် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ခဲ့သည်။ ကျွန်တော် အောင်နိုင်ခဲ့သလား။ ရှုံးနိမ့်ခဲ့သလား။ ကျွန်တော်ကတော့ အပြင်းအထန် တိုက်ခဲ့သည်မှာ သေချာသည်။ ကျွန်တော့်ကိုလည်း အပြင်းအထန် လာတိုက်ခဲ့ကြတာကို ခံစားခဲ့ရဖူးပါသည်။ ဘာဖြစ်ဖြစ် လွယ်အိတ်လေးကတော့ အသိဆုံးဖြစ်ပေမည်။

ထိုလွယ်အိတ်ကလေးထဲတွင် ကျွန်တော် မှတ်သားထားသော ကျောင်းစာမှတ်စုများစွာ နေရာယူဖူးသည်။ ထို့အပြင် ကျွန်တော် တခါတရံ စိတ်ကူးရရင်ရသလို ရေးဖြစ်သော ကဗျာအပိုင်းအစများ နေရာယူဖူးသည်။ လွယ်အိတ်ကလေးထဲတွင် ကျွန်တော့်ဖတ်လက်စ စာအုပ်များလည်း နေရာယူဖူးပါသည်။ သူငယ်ချင်းများနှင့်အတူ ပေါင်းကာ စုထုတ်ခဲ့ဖူးသော ကဗျာစာအုပ်ကလေးများလည်း အချိန်တော်တော်ကြာ နေရာယူခဲ့ဖူးပါသည်။ ဆယ်တန်းပြီးကာစ ကဗျာဆရာဂိုက်ဖမ်းပြီး ထိုလွယ်အိတ်ကလေးကို လွယ်ကာ ၃၃လမ်းရှိ လေထန်ကုန်းနားတွင် ၀ါသနာတူသူငယ်ချင်းနှင့် ယောင်လည်လည်လုပ်ခဲ့ဖူးပါသည်။ ထိုလွယ်အိတ်ကလေးထဲမှ ကဗျာများကို ထုတ်၍ မဂ္ဂဇင်းအယ်ဒီတာအချို့အား တောင်းတောင်းပန်ပန်ဖြင့် ရွေးမှာ မဟုတ်မှန်းသိသိကြီးနှင့် စာမူတွေ ပေးခဲ့ဖူးပါသည်။ ထိုလွယ်အိတ်ကလေးထဲသို့ပင် အမြဲတမ်း အရွေးခံရလေ့မရှိသော ကဗျာများကို မျက်နှာငယ်ငယ်ဖြင့် ပြန်လည်သိမ်းဆည်းခဲ့ရဖူးပါသည်။ မိုးရေထဲတွင် လွယ်အိတ်ကလေးကို ပိုက်ပြီး လွယ်အိတ်လေးမိုးစိုမှာ စိုး၍ မိုးခိုဖို့နေရာ ရှာခဲ့ဖူးပါသည်။ လွယ်အိတ်ကလေးကို ပေါင်ပေါ်တင်ကာ လက်ဖက်ရည်ဆိုင်မှာ ကာရန်မဲ့ ကဗျာတွေ အကြောင်း သူငယ်ချင်းတစ်ချို့နှင့် ငြင်းခုံခဲ့ဖူးပါသည်။ ထိုလွယ်အိတ်ကလေးကိုပင် နံဘေးမှာထားပြီး ထူးအိမ်သင် သီချင်းတွေ လည်း ဆိုညည်းခဲ့ကြဖူးပါသည်။ “အဝေးက လမ်းဟောင်းလေးကို ငါဟာနှုတ်ဆက် .. အမေ့ရဲ့မျက်ရည်စက်တွေငါဟာ နှုတ်ဆက်.. အပြာရောင် ကျောပိုးအိတ်တစ်ခုထဲ.. ဒဏ်ရာအဟောင်းလေးကိုထည့် သွားရတော့မယ်...” ဆိုတဲ့ လက်ဖက်ရည်ဆိုင် စပီကာမှ ထွက်လာသော အသံအတိုင်း တိုးတိုးလေး လိုက်ညည်းရင်း လွယ်အိတ်အညိုလေးထဲက ကျွန်တော့် ဒဏ်ရာပေါင်းများစွာ အကြောင်း တွေးငေးခဲ့ဖူးပါသည်။

လွယ်အိတ်ကလေးသည် ကျွန်တော့်သနပ်ခါးပွင့်လေးအတွက် မပေးဖြစ်ခဲ့သော ကဗျာတွေအကြောင်း သိသည်။ ကျွန်တော့်ရင်ဘတ်ထဲက ၀မ်းနည်းမိုးတိမ်တွေအကြောင်း သိသည်။ ကျွန်တော့်ရင်ဘတ်ထဲက ပျော်ရွှင်တိမ်တိုက်တွေ အကြောင်းလည်း သိသည်။ ကျွန်တော့်နှလုံးသားထဲ သိမ်းဆည်းထားသော ရင်ခုန်သံတွေ အကြောင်း သိသည်။ ကျွန်တော် ပြန်မဆုံချင်သော ကျွန်တော်ပြန်မတွေ့ချင်သောသူများအကြောင်း သိသည်။ ကျွန်တော် တိတ်တဆိတ်မက်ခဲ့ရသော နိုးတ၀က်အိပ်မက်တွေ အကြောင်း သိသည်။ ဘယ်သူမှသိခွင့်မရခဲ့သော ကျွန်တော့် အကြောင်း တော်တော်များများကို သိသူမှာ ကျွန်တော်ပြီးလျှင် လွယ်အိတ်ကလေးသာ ဖြစ်မည် ထင်ပါသည်။ တကယ်တော့ လွယ်အိတ်ကလေးသည် ကျွန်တော့်ကို အမြဲအားပေးတတ်သူ၊ ကျွန်တော့်နှင့်အတူ လမ်းတွေ မညည်းညူစတမ်း လျှောက်ခဲ့သူဖြစ်သည်။ လွယ်အိတ်ကလေးကို ပခုံးထက်မှာလွယ်ကာ လမ်းလျှောက်နေရသော အရသာကို ကျွန်တော် အခုတဖန် ပြန်မရနိုင်တော့သည်မှာ သေချာပါသည်။

စင်္ကာပူသို့ ကျောင်းတက်ရန် ထွက်လာခါနီး တစ်နေ့တွင်တော့ ကျွန်တော့်လွယ်အိတ်ကလေးထောင့်စွန်းမှာ အနည်းငယ် စုတ်ပြဲနေသည်ကို အမှတ်မထင် တွေ့လိုက်ရပါသည်။ အမေက ပြန်ပြီး ချုပ်ပေးမည် ပြောသော်လည်း ကျွန်တော် လက်မခံခဲ့ပါ။ “နေပါစေ အမေ..” ဟု သာ ပြန်ပြောလိုက်ပါသည်။ “ဒီလိုလေး စုတ်ပြဲနေတာကိုက တိုက်ပွဲဝင်တစ်ယောက်ရဲ့ ဒဏ်ရာကို တခမ်းတနား ဂုဏ်ပြုဖော်ပြနေတာပဲ” ဟူသော ကျွန်တော့်ခပ်ကြောင်ကြောင်အတွေးကိုတော့ အမေ့အား မပြောဖြစ်ခဲ့ပါ။ အမေကတော့ လွယ်အိတ်ကလေးကို မကြာခဏလျှော်ဖို့ ဆွယ်တရား ဟောတတ်သည်။ ကျွန်တော်က ခဏခဏ မလျှော်စေချင်ပါ။ လွယ်အိတ်ကလေး နွမ်းသွားမည်ကို စိုးပါသည်။ ပြီးတော့ ခဏခဏ လျှော်ပြီး မွှေးမြသစ်လွင်တောက်ပြောင်နေတာထက် ခပ်မှိုင်းမှိုင်းဖြင့် အနံ့ခပ်ပြင်းပြင်းလေးထွက်နေသည်ကို ကျွန်တော် ပိုသဘောကျပါသည်။

ဒီလိုနှင့် ကျွန်တော် စင်္ကာပူသို့ထွက်ခဲ့ပါသည်။ လွယ်အိတ်ကလေးကို ကျွန်တော်နှင့်အတူ မခေါ်လာဖြစ်ပါ။ အမှန်က သူ့ကို ကျွန်တော့်ကိုယ်စား မြန်မာပြည်မှာ ထားခဲ့ချင်သောကြောင့် ဖြစ်သည်။ ကျွန်တော် မြန်မာပြည်ပြန်လည်ဖြစ်သည့်အခါ ကျွန်တော် အဝေး ရောက်နေတုန်း ဘာတွေ ဖြစ်ပျက်နေသလဲဆိုသည်ကို သူ့ကို ပြန်မေးမည်ဟူသော ခပ်ကြောင်ကြောင် စိတ်ကူးဖြင့် ထားခဲ့မိခြင်း ဖြစ်သည်။ ကျွန်တော် စင်္ကာပူမှာ ကျောင်းတက်ပြီး ၆လအကြာတွင် မြန်မာပြည်သို့ အလည်တစ်ခေါက်ပြန်ရောက်ခဲ့ပါသည်။ သို့သော် လွယ်အိတ်ကလေး အိမ်တွင် ရှိမနေတော့ပါ။ ဆင်းရဲနွမ်းပါးတဲ့ တစ်ယောက်ယောက်ကိုများ ပေးပစ်လိုက်ပြီလား။ ဒါမှမဟုတ်။ ကျွန်တော် ဆက်မတွေးဖြစ်တော့ပါ။ လွယ်အိတ်ကလေးရှိနေသေးလျှင်လည်း အတော့်ကို ဟောင်းနွမ်း နေလောက်ပါပြီ။ ကိစ္စ္စမရှိပါ။ ကျွန်တော့် အတွေးထဲ အာရုံထဲတွင် တစ်ချိန်က ကျွန်တော့် တိုက်ပွဲဝင် လွယ်အိတ်ကလေး အမြဲထာဝရရှိနေမည်ဆိုတာ ကျွန်တော်သာ အသိဆုံးဖြစ်ပါသည်။

အခုအချိန်တွင် ကျွန်တော့်မှာ ထိုလွယ်အိတ်ကလေးရှိနေဦးမည်ဆိုလျှင် ဘာတွေထည့်ထားရင် ကောင်းမလဲ လို့တော့ တစ်ခါတစ်ခါ တွေးမိပါသည်။ ချစ်သူနှင့်အတူ ရိုက်ထားသော ဓာတ်ပုံလေးတွေ ထည့်ထားလျှင် ကောင်းမလား။ “နတ်ဆိုးတွေ ငါ့ပန်းရနံ့ကို ရှူရင်းနဲ့လဲကျ ကောင်မလေး တစ်ယောက် ငါ့ကိုလွမ်းတဲ့ည” ဟူသော ချစ်သူရဲ့ ကဗျာရွတ်သံလေးတွေ ထည့်ထားလျှင် ကောင်းမလား။ မျက်လုံးမှိတ်လိုက်တိုင်း တွေ့တွေ့နေရသည့် ချစ်သူရဲ့ အပြုံးလေးတွေ ထည့်ထားလျှင် ကောင်းမလား။ အနမ်းတွေကို ပန်းတွေအဖြစ် ဖန်ဆင်းပြီး လွယ်အိတ်လေးထဲ ထည့်သိမ်းထားရင် ကောင်းမလား။

ထိုအညိုအရောင် လွယ်အိတ်ကလေးတစ်လုံး၏ ညှို့ယူမှုအောက်တွင် အရာရာသည်
ပေါ့ပါးစွာ ...
လွတ်လပ်စွာ ...
အထိန်းအကွပ်မဲ့စွာ ...
မျှော်လင့်စွာ ...
ရူးသွပ်စွာ ...
ကျွန်တော့် ရင်ခုန်သံကတော့ အခုထိ ခပ်မှန်မှန်ထွက်နေဆဲဖြစ်သည်။

ညီညီ(သံလွင်)

သံလွင်အိပ်မက် အမှတ် ၉ မှာ ရေးဖြစ်ခဲ့သော အက်ဆေးတစ်ပုဒ်ပါ။ ဒီနေရာမှာ သွားဖတ်နိုင်ပါတယ်။

Read More...