Showing posts with label Photos. Show all posts
Showing posts with label Photos. Show all posts

Jul 2, 2007

အနုပညာဘာသာစကား (၂)


National Flower of Singapore

မိုးလုံးမှိုင်း(သို့မဟုတ်) ဗင်ဒါလို့ခေါ်တဲ့ သစ်ခွနွယ်ဝင် ပန်းတစ်မျိုးကို
ကဗျာတစ်ပုဒ်ထဲမှာ တွေ့ရမယ်..
သီချင်းတစ်ပုဒ်ထဲမှာ တွေ့ရမယ်..
ပြီးတော့ သက်ငြိမ်ဓာတ်ပုံတွေထဲမှာတွေ့ရမယ်..

ကဗျာ၊ သီချင်း၊ သက်ငြိမ်ဓာတ်ပုံ..
အနုပညာအစုံစုံရဲ့ ကိုယ်ပိုင်ဘာသာစကားကို ခင်ဗျားနားစွင့်ကြည့်တဲ့အခါ..

+ကဗျာတစ်ပုဒ်ထဲမှာ

“ဗင်ဒါ (သို့) သက်ရှိကဗျာ”

မိုးလုံးမှိုင်းလို့ သိခဲ့တဲ့ပန်း
အရောင်တွေနဲ့ ဖွဲ့ထားတဲ့ ကဗျာ
အဲဒါ ဗင်ဒါ ဖြစ်တယ်။

ပန်းဘာသာစကားနဲ့ သီကုံး
ယဉ်ယဉ်လေး ပြုံးတတ်တဲ့ ဗင်ဒါ ...
ပန်းဘုရင် တော်ဝင်သစ်ခွ
အလှနတ်ဘုရားမလို့ ခေါ်ကြတဲ့ ဗင်ဒါ ...
ဖူးငုံလှိုင်ပွင့် ၀င့်ဝင့်ကြွားကြွား
ယုံကြည်မှုခပ်များများနဲ့ ဗင်ဒါ ...

ဗင်ဒါကို နှုတ်ဆက်တော့
ဗင်ဒါက ခပ်သော့သော့ ရီတယ်
ဗင်ဒါကို လက်ပြတော့
ဗင်ဒါက သော့တစ်ချောင်း ပေးတယ်
ဗင်ဒါကို ဘာလုပ်ဖို့လဲမေးတော့
ဗင်ဒါက တံခါးတွေကို ဖွင့်ပေါ့တဲ့
ဗင်ဒါကို ချန်ခဲ့မယ်လုပ်တော့
ဗင်ဒါက ပေါ့ပေါ့ပါးပါး ငိုတယ်
ဒါနဲ့
ဗင်ဒါကို ခေါ်မယ်လုပ်တော့
ဗင်ဒါက နေခဲ့တော့မယ်တဲ့
ဗင်ဒါကို မခေါ်ခဲ့ဘူး
ဗင်ဒါက ရင်ထဲပါလာတယ်... ။ ။

ခေလွန်း
ဇူလိုင် ၂ ရက်၊ ၂၀၀၇

+သီချင်းတစ်ပုဒ်ထဲမှာ

မိုးလုံးမှိုင်း (သို့) ဖူးငုံလှိုင်

တေးဆို - မွန်းအောင်

မိုးလုံးမှိုင်းလို့ တို့သိခဲ့တဲ့ ဗင်ဒါတွေ
ကောင်းကင်ယံထက် ကျွန်းထိပ်များကို တွယ်ကာနေ
နွေခါဆိုရင် ရွက်ရိုးဆစ်မှာ ဖူးငုံလှိုင်ပွင့်စေ..

ဂျိန်းဖောတို့မြေ ချမ်းအေးလွန်းရင် ခေါင်ရည်ရယ်
မီးပုံဖိုပြီး ၀ိုင်းဖွဲ့ကမယ် လာလေလာ
ပျော်ပျော်ရွှင်ရွှင်ဆိုတေးဟစ်ကာ လှည့်အတူကဦးမယ်..

နှင်းခဲလို့နေ မိုးသားထက်က တောင်စဉ်တွေ
မြစ်ဧရာနဲ့ လက်တက်တို့ဆီ ရေဆိုရေ
သွယ်ကာထာဝစဉ် ယူအမြဲသုံးစေ လန်းစိုပြေဖို့လေ..

+သက်ငြိမ်ဓာတ်ပုံတွေထဲမှာ





စင်္ကာပူနိုင်ငံရှိ Botanical Garden တွင် တွေ့ရသော ဗင်ဒါပန်းများ

Read More...

May 7, 2007

၂၀၀၇ သင်္ကြန်ဓာတ်ပုံများ (၃)

သင်္ကြန်အပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ရွှေတိဂုံဘုရားကို သူမနှင့်အတူ သွားဖြစ်ခဲ့ပါတယ်။
ဘုရားပေါ်မှာ နှစ်ဆန်းတစ်ရက်နေ့ ထုံးစံအတိုင်း လူများက ပျားပန်းခတ်မျှ စည်ကားနေပါတယ်။

ဘုရားပေါ်မှာ ရိုက်ဖြစ်တဲ့ အမှတ်တရ ဓာတ်ပုံတွေထဲက တချို့ပါ...





ဒါကတော့ ဘုရားပေါ်က အဆင်းမှာ တွေ့ရလို့ ရိုက်ထားတာပါ..
ဘုရားဖူးပြီး ကြည်နူးလာတဲ့ အာရုံလေးတောင် ဘယ်ပျောက်သွားမှန်းမသိတော့ဘူး ..

Read More...

May 3, 2007

၂၀၀၇ သင်္ကြန်ဓာတ်ပုံများ (၂)





Read More...

၂၀၀၇ သင်္ကြန်ဓာတ်ပုံများ (၁)

၂၀၀၇ ရန်ကုန်သင်္ကြန်မှာ ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံလေးတွေထဲက တချို့ပါ..
ပြန်ပြီး မကဲလိုက်ရတဲ့သူတွေအတွက် အလွမ်းပြေပေါ့ဗျာ..







၂၀၀၇ သင်္ကြန်ဓာတ်ပုံများ (၂) နဲ့ (၃) ကို ဆက်လက် တင်ပေးပါမယ်။ မကြာမီမျှော် ...

Read More...

Mar 20, 2007

၂၀၀၇ NYP သင်္ကြန်မှ ပုံရိပ်များ

Nanyang Poly ရဲ့ ၂၀၀၇ မြန်မာ့ရိုးရာသင်္ကြန်ပွဲကို မတ်လ ၁၇ရက်နေ့မှာ NYP ရှိ Theatre for the Arts မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဓာတ်ပုံမရိုက်ရဘူးလို့ ကြေညာတော့မှပဲ ပါလာတဲ့ ကင်မရာကို ထုတ်ရိုက်ဖို့ သတိရပြီး ရိုက်ဖြစ်သွားတဲ့ ပုံလေးတွေပါ။ :) သံလွင်အိပ်မက်အတွက် သတင်းလာယူမယ်လို့ ကြိုပြောထားတာကြောင့် ရှေ့နားမှာ ထိုင်စရာနေရာရဖို့ ကြိုတင်စီစဉ် ပေးထားတဲ့အတွက် ညီငယ်နိုင်လင်းထွန်းကို ကျေးဇူးတင်ပါတယ်။

ဒီတစ်နှစ်သင်္ကြန်ပွဲသွားမှပဲ ကိုယ့်ကိုယ်ကို တော်တော်အသက်ကြီးပြီဆိုတာ သတိပြုမိပါတော့တယ်။ လွန်ခဲ့တဲ့ ၅နှစ်လောက်က အဲဒီစင်မြင့်ပေါ်မှာ NYP ရဲ့ Lazy Bones Band နဲ့အတူ အသံခပ်ချာချာနဲ့ သီချင်းတက်ဆိုခဲ့ဖူးတာကို အမှတ်ရပါတယ်။

ပြဇာတ်ကတော့ ရယ်နေရလို့ ဓာတ်ပုံတောင် မရိုက်ဖြစ်လိုက်ဘူး။ ပြဇာတ်ထဲမှာ ပြောသလိုဆိုရင်တော့ Organizer တစ်ဖြစ်လဲ Nursing (နတ်ဆင်း) ကျောင်းသူများကို အပီချုပ်ထားတယ်ဆိုတဲ့ နတ်ချုပ်ကြီးတွေကိုတော့ တိုက်ပုံကြီးများ တကားကားနဲ့ တွေ့ရပါတယ်။ :) ဗိုလ်အောင်ဒင် တစ်ဖြစ်လဲ သေးထွက် (အဲ.. သက်ထွေး) ကတော့ ကျွန်တော်ပြန်ခါနီး သေနတ်ကြီးနဲ့ လှမ်းပစ်နေပါသေးတယ်။

ငယ်ငယ်က ပုံရိပ်တွေကို ပြန်မြင်နေရသလိုပဲ။ ကျောင်းထဲ ပြန်မရောက်ဖြစ်တာ နှစ်နဲ့ချီကြာခဲ့ပြီ။ ဘာပဲဖြစ်ဖြစ် အခုလို သင်္ကြန်ပွဲ ဖြစ်မြောက်ရေးကို မဖြစ်ဖြစ်အောင် အချိန်ယူဆောင်ရွက်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေအားလုံးကို ကျွန်တော် ကျောင်းသားဟောင်းကြီးတစ်ဦးမှ ဂုဏ်ယူပါကြောင်း NYP ရေဒီယိုမှတဆင့် လှိုင်းတွန့် လှိုင်းစောင်း လှိုင်းပြတ်များအကြားမှ ပြောကြားလိုက်ပါတယ်... :)




























Read More...

Feb 21, 2007

အနုပညာဘာသာစကား

အဝေးကြီးမခွဲခွာခင် နှုတ်ဆက်နေကြတဲ့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်ကို
သီချင်းတစ်ပုဒ်ထဲမှာ တွေ့ရမယ်..
ကဗျာတစ်ပုဒ်ထဲမှာ တွေ့ရမယ်..
ပြီးတော့ ဖန်တီးမှုဒီဇိုင်းတစ်ခုထဲမှာတွေ့ရမယ်..

သီချင်း၊ ကဗျာ၊ ဖန်တီးမှုဒီဇိုင်း..
အနုပညာတစ်ခုစီတိုင်းရဲ့ ကိုယ်ပိုင်ဘာသာစကားကို ခင်ဗျားနားစွင့်ကြည့်တဲ့အခါ..


+သီချင်းတစ်ပုဒ်ထဲမှာ..

“သစ္စာရှိကြေး”

တေးရေး၊ တေးဆို - မျိုးကျော့မြိုင်

နှုတ်ဆက်တဲ့စကားလေး စလို့ပြောတယ်
ခေါင်းကလေးငုံ့လို့ မျက်ရည်စများရယ်
သူ့လက်ကလေးကို ဆုပ်ကိုင်ရင်းနဲ့
ရင်ခုန်သံတွေ ကျယ်လောင်စေခဲ့
ခဏအကြာလေးကို မတွေးဘူးအချစ်ရယ်
မင်းထွက်မသွားခင် အချိန်ရယ်ခဏလေး
ကြင်နာသူလေးရယ် ကိုယ်ပြောပြမယ်
တို့နှစ်ယောက်အမြဲ သစ္စာရှိကြေး..

ဝေးပြီးတဲ့တစ်နေ့ ပြန်တွေ့ကြမယ်
ပြန်တွေ့ကြတဲ့အခါ သိပ်ချစ်ကြမယ်
ဒါတွေကို ကိုယ်တစ်ကယ်သိလည်း ဒီအချိန်မှာ ကိုယ်မခံစားရဲ
အရင်လိုလေ ပြောဦးကတိတွေ ကိုယ်ပျော်အောင် ပြုံးတဲ့အပြုံးလေး
ကြင်နာသူလေးရယ် ဘယ်လိုရှိဦးမယ် ဒီအချိန်မှာ ကိုယ်တစ်ကယ်လွမ်းဆွေး..

အချိန်တွေ ကုန်ဆုံးလို့နေလဲကွယ်
ရာသီတွေပြောင်းလဲနေလဲကွယ်..

သိပ်ချစ်တဲ့မင်းနဲ့ ဘယ်လောက်ပဲဝေးဝေး
ကိုယ့်စိတ်က အမြဲနီးနီးလေး
သိပ်ချစ်တဲ့မင်းနဲ့ ဘယ်လောက်ပဲဝေးဝေး
တို့နှစ်ယောက်အမြဲ သစ္စာရှိကြေး..

သူရေးတဲ့စာလေး ကိုယ်ဖတ်ကြည့်ရင်းကွယ်
ရင်မှာ မျက်ရည်လည်လာမိတယ်
အချိန်တွေရယ် ဘယ်လိုပဲပြောင်းပြောင်း
အရင်လိုလေ သူဘာမှ မပြောင်းလဲ
ကြင်နာသူလေးရယ် ကိုယ်သိပ်ချစ်မိတယ်
ပြန်ဆုံမယ့်နေ့ရက် အချိန်လေး
ကိုယ်မျှော်လင့်လို့ အမြဲပဲစောင့်မယ်
တစ်ချိန်မှာ တို့နှစ်ယောက် သိပ်ချစ်ကြကြေး..


+ကဗျာတစ်ပုဒ်ထဲမှာ ..

“ရှင်ကွဲ”

ငါတို့ရှေ့မှာ
ရထားဟာ ခါတိုင်းထက် ပိုမိုရှည်လျား
ဥသြဆွဲသံများကလည်း
ဖွာရရာ ထစ်ချုန်းပြတ်တောက်ကျနေခဲ့..

နှုတ်မဆက်မိရင်လည်း အကောင်းသား
နှုတ်ဆက်လိုက်ကြတော့
ဘူတာဟာ
အ၀ါဖျော့ဖျော့နဲ့
ဂူသင်္ချိုင်းဆန်လာ..

ကံကြမ္မာက
မျဉ်းတစ်ကြောင်းတည်းပေါ်မှာ
ခွာလေးဘက် မရပ်နိုင်ခဲ့ဘူး..

ဘယ်သူ့ကိုမှ မပြောနဲ့
ဘယ်သူ့စကားကိုမှ နားမထောင်ဘူး
မြေလို၊ ပင်လယ်လို အက္ခရာတစ်လုံးနဲ့
ငါတို့ ဆက် “ချစ်” နေကြဦးမယ်..

မမေ့ဘူးကွယ်
ဘယ်တော့မှ မမေ့ပါဘူး
ရက်စက်သွယ်ပြောင်းတဲ့
မီးခိုးလက်ချောင်းတွေက
ငါတို့ကို အပွင့်ခူးချိန်..

ရထားဟာ
လောက လူရိုင်းရဲ့ မှုတ်ပြောင်းဝကနေ
အဆိပ်တွေနဲ့
တုန်ယင်စွာ လူးလွန့် ထွက်ခွာခဲ့ရပေါ့..။

တာရာမင်းဝေ


+ဖန်တီးမှုဒီဇိုင်းတစ်ခုထဲမှာ ..

Read More...

Feb 17, 2007

ခရမ်းရောင်လ၀န်းအောက်ကည

အိပ်ပျော်နေတဲ့ စင်္ကာပူရဲ့ ကွန်ကရိတောကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ပုံပါ..




အထက်က ပုံကို Photoshop နဲ့ နည်းနည်း ဟိုပြင်ဒီပြင် လုပ်လိုက်တဲ့အခါမှာတော့ အောက်မှာ ပြထားတဲ့ ပုံကို ရပါတယ်..
Blackmore's Night ရဲ့ Under the Violet Moon သီချင်းထဲကလိုမျိုး ခရမ်းရောင်လ၀န်းအောက်က ညကို ဖန်တီးယူကြည့်လိုက်တာပါ..


Read More...

Feb 12, 2007

ပုဂံနေ၀င်ချိန်

၂၀၀၆ ဒီဇင်ဘာရဲ့ ဆောင်းနေ့ရက်တွေမှာ ပုဂံကို အလည်ရောက်ခဲ့စဉ်က ရိုက်ကူးဖြစ်တဲ့ ဓာတ်ပုံတွေထဲက တစ်ပုံပါ။ မှိုင်းပျရီဝေနေတဲ့ ပုဂံနေ၀င်ချိန်ဟာ ကမ္ဘာလှည့်ခရီးသည်တွေ တကူးတက လာကြည့်ရလောက်အောင် တကယ့်ကို လှပါတယ်။ ဒီဓာတ်ပုံကို ရွှေဆံတော်ဘုရားပေါ်ကနေ ရိုက်ယူခဲ့တာပါ။




စကားပန်းရနံ့တွေ သင်းပျံ့နေတဲ့ အမှတ်တရ ပုဂံညနေဟာ
အခုထိ ကျွန်တော့်ကို ဖမ်းစားနေဆဲ ...
ပြန်တွေးမိတိုင်း ရင်ခုန်နေဆဲ ...

Read More...

Feb 10, 2007

အရုဏ်ရဲ့အရောင်များ


အရုဏ်တက်နေထွက်ချိန်ရှုမျှော်ခင်းကို အဝေးက ၀ိုးတ၀ါးတောင်တန်းတွေရယ်၊
မှိန်ပျပျ ပုဂံစေတီပုထိုးတွေရယ်၊ အိပ်ရာနိုးကာစ တိမ်တွေရယ်၊
လူးလွန့်စ ဧရာဝတီမြစ်ကြီးရယ်၊ ပြာလွင်လွင်ကောင်းကင်ကြီးရယ်
အားလုံးတစ်သားတည်း ပေါင်းစပ်ပြီး
အရုဏ်ရဲ့အရောင်တွေအဖြစ် ဘောင်ခတ်ကြည့်တဲ့အခါ ...



(မှတ်ချက်။ ။ nyinyithanlwin.blogspot.com ဟု အမည်တပ်ထားသော ပုံများမှာ ကျွန်တော်ကိုယ်တိုင် မတောက်တခေါက်ဖြစ်ကတတ်ဆန်း ရိုက်ယူထားသော ပုံများ ဖြစ်ပါတယ်။ သူငယ်ချင်းတွေက “အဲဒါ မင်းရိုက်ထားတဲ့ပုံလား” လို့ ခဏခဏ မေးကြလွန်းလို့ပါ။)

Read More...

Feb 7, 2007

Curtain Call

နာမည်ကျော် ရက်ပ်အဆိုတော် Eminem ရဲ့ အခွေဒီဇိုင်းလေးကို နည်းနည်းပြင်ကြည့်တာပါ။ ဘာမှတော့ မဟုတ်ပါဘူး။





ဒါကတော့ မူရင်းပုံပါ ...

Read More...

Feb 6, 2007

ဧရာဝတီသက်သေ



ကဗျာဆရာရဲ့သူမအတွက် ဧရာဝတီကို
သူမရဲ့ကဗျာဆရာက ကတိတစ်ခုပေးဖူးတယ်..
ဒါကြောင့် ဒီဓာတ်ပုံကို “ဧရာဝတီသက်သေ” လို့ နာမည်ပေးထားတယ်..
ငြိမ်ငြိမ်လေး ကြိုးစားနားထောင်ကြည့်တဲ့အခါ အဲဒီကတိအကြောင်း ဒီဓာတ်ပုံကနေ တဆင့် ဧရာဝတီက ပြန်ပြောပြပါလိမ့်မယ်..

Read More...

Feb 5, 2007

အတုနဲ့အစစ်

ကျွန်တော်တို့ဝန်းကျင်မှာ အတုတွေရှိသလို အစစ်တွေလည်းရှိတယ်။



ဒီပုံထဲကလိုတော့ လွယ်လွယ်နဲ့ခွဲလို့ မရဘူး။
အစစ်ဆိုတာလည်း တကယ်တမ်းတော့ အစစ်ယောင်ဆောင်ထားတဲ့ အတုအယောင်သာ ဖြစ်တယ်။
အတုဆိုတာလည်း တကယ်တမ်းတော့ အတုယောင်ဆောင်ထားတဲ့ အတုအယောင်သာ ဖြစ်တယ်။
ပညတ်ချက်တွေကို ဖယ်လိုက်ပြီး ဖွင့်ဆိုချက်တွေကို ခွာချလိုက်တဲ့အခါ ခင်ဗျားတွေ့ရမှာ ဗလာနယ်သက်သက် ဖြစ်တယ်။

Read More...