ချောက်နက်ထဲမှာ
အကျဉ်းကျလိပ်ပြာ
ယုံကြည်ချက်ဗလာတွေ သော့ခတ်ထား
ငါ့အနားမှာ ငါရှိမရှိမသေချာတော့
ဒီလိုပေါ့လေ
ဘ၀ဆိုတာ
ဘောလုံးပွဲတစ်ပွဲလောက်တောင် ရေရာမှုမရှိဘူး။
မနက်ဖြန်ရဲ့လမ်းများဆိုတဲ့ ဇော်ဝင်းထွဋ်ရဲ့သီချင်းဟောင်းကို
ဟောဒီရင်ဘတ်အဟောင်းနဲ့ အသံကုန်အော်ဟစ်
စိတ်ညစ်ရင် .. ဂစ်တာတီးလို့ ဘယ်သူနားချဦးမလဲ
နှစ် ကြိုးပြတ်နေတဲ့ ဂစ်တာကို အားနာတယ်။
အဲဒီနေ့က
မိုးလေ၀သကြေညာချက်အပြီး
မှန်ထဲအမှတ်တမဲ့ကြည့်မိတော့
ခြောက်ကြိုးစလုံး ပြတ်နေတဲ့ဂစ်တာဟာ ငါဖြစ်နေတယ်။
ခေလွန်း
Aug 7, 2006
မိုးလေ၀သ
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
4:31 PM
1 comments
Aug 4, 2006
အသက်သည် အိပ်မက်
အသက်သည် အိပ်မက်
အိပ်မက်သည် သူ
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏
နွေဦး၌ နှင်းကြွင်းသည်
နှင်းကြွင်းပြယ်သော်လည်း
သစ္စာကြွင်းစေ
မြတ်နိုးခြင်းကြွင်းစေ
သျှပ်မှူးကျော် (ထူးအိမ်သင်)
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
12:51 AM
0
comments
ကဏ္ဍ - Poems
Aug 2, 2006
အိမ်နဲ့ဝေးသောတနင်္လာနေ့အကြောင်း
အိပ်မပျော်ဘူး
စမ်းချောင်းကလေးအဖျားမှာ ဓားခုတ်သံတွေကြားရ
အပွင့်မပါသောသစ်ပင်ရဲ့
နေရောင်ခြည်များကြား
တစ်ခြမ်းပဲ့ရနံ့များလည်း
ကျွန်တော့်အပေါ် အပိုင်းပိုင်း ပြတ်ကျရာ
ခန္ဓာကိုယ်ကို ဖြေချဖို့
တို့ထိလာသောလေနှင့် လူစိမ်းများလက်ထဲ
ပွဲလမ်းသဘင်များလည်း အဆန်းတကြယ်တိတ်ဆိတ်
နယ်မြေသစ်
အမေနဲ့မြို့လေးကို ကြိုးလျှော့ပြီးထားခဲ့ရာ
ဘ၀သစ်
သစ္စာပန်းများ အိပ်ရာထနောက်ကျရာ
လောကဓံအသစ်
ဒုက္ခအသစ်နဲ့
အမှောင်ကို ဖောက်ထွင်းရတာ မောတယ်။
ကစ်(စ)မီကွစ်ပန်းကလေးရဲ့
ဆူညံသော လရောင်ခေါ်သံလမ်းကလေးအပေါ်
အတူတကွ
ကျွန်တော်က
ဆိုက်ပရပ်(စ)လမ်းပေါ်
စိုက်ဝင်နေတဲ့ ဓားမြှောင်တစ်ချောင်းဆီစိုက်လို့
လတ်တလော
ကျွန်တော့်ပြဇာတ်များ
ပူပြင်းစွာပေါင်မုန့်တစ်လုံးထဲ အစိမ်းသေခဲ့ရ။
အိမ်နဲ့ဝေးခဲ့ရာ။
ခရမ်းပြာထက်လူ
ရုပ်ရှင်တေးကဗျာ ဖေဖော်ဝါရီ ၂၀၀၁
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
10:49 PM
0
comments
ကဏ္ဍ - Poems
ကျွန်တော်နဲ့တိမ်ညိုနိမိတ်
ဒီလမ်းမှာဘယ်သူ့ကိုမှ ခေါ်မသွားဘူးဆိုရင်တောင်
ကျွန်တော်နဲ့ဖိနပ်ကလေးကိုတော့ ခေါ်သွားရမှာပဲ။
ကျောက်စရစ်ခဲလေးက ပြောတယ်ဖေဖေ...
မြေပြင်က ဘာမှမပြောင်းလဲပါဘူး
ခြေထောက်တွေကသာ ပြောင်းလဲနေကြတာတဲ့။ ။
တာရာမင်းဝေ
အင်တာဗျူးဂျာနယ် အမှတ် ၈၁၊ ၂၀၀၁
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
10:34 PM
0
comments
ကဏ္ဍ - Poems
Jul 29, 2006
ဒုတိယတန်းစားနေ့
ပင်လယ်က ထွေးထုတ်လိုက်တဲ့
အမှိုက်စ တစ်စပမာ
နာကျင်စွာ
ငါ ကျကျန်ခဲ့ပြီ။
ရဲရင့်ခိုင်မာ
နင်းလျှောက်လိုက်စမ်း
အပ်ဖျားထုံး
ပက်ကျိနှုတ်ခမ်းတွေပေါ်။
လိုအပ်မှုထက်
ပိုမို
နှုတ်ဆိတ်
ဆွံ့အ
အသံကြောင်ဗုံတို့ရဲ့
ထုံသံနဲ့
ဖွဲ့နွဲ့ဦးမယ်
မီးကျိုးမောင်းပျက် ၀ါကျများ။
အညွှန်းမပါတဲ့
ရက်လွန်ဆေးတစ်ခွက်
ဘာလို့ချဉ်ချင်းတပ်နေရမှာလဲ။
မီးစုန်းရဲ့
တောက်ပမှုမျိုးနဲ့
လင်းလက်ချင်သူတို့ရယ်။
ဆော်ဒါမသုံးဘဲ
ပေါင်မုန့်လို
ပွယောင်းနေတဲ့လူတွေရယ်။
သားရှောသွားတဲ့
ကမ္ဘာမြေရဲ့ ငြီးတွားသံရယ်။
အရာရာအတွက်
ရာသီဥတုတချို့နဲ့
စိတ်ဝမ်းကွဲနေခဲ့။
ရယ်သံတို့
ဒလိမ့်ခေါက်ကွေး ပြိုကျရာ
ရင်ခေါင်းတစ်လျောက်
တဲတဲမျင်မျင်i ရှန်သန်နေတာ
ထူတူထဲထဲ နာမကျန်းမှုသာ။ ။
အောင်ဘညို
စပယ်ဖြူ ၁၉၉၂၊ စက်တင်ဘာ
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
12:06 AM
0
comments
ကဏ္ဍ - Poems
Jul 27, 2006
ချစ်သူသို့
သံချေးတစ်ထပ် ရွံ့တစ်ထပ်မို့
သူတို့ရဲ့ စိတ်အတင်အချကို
မင်း ဘယ်လိုမှ ဖတ်ရမှာ မဟုတ်ဘူး။
အာငွေ့မှုတ်သံတွေကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် အိပ်ပစ်လိုက်ကွယ်
ချစ်သူရေ
လောကမာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ ဂီတပါပဲ။
စစ်တုရင်တစ်ပွဲလုံးကို
ဆွဲမှောက်ခံလိုက်ရပေမယ့်
.. ဘာဖြစ်လဲ
ဝမ်းမနည်းကြေး တို့တွေရွာသွန်းကြရုံပေါ့ ။
ယုံကြည်ထားစမ်း
ရေခိုးရေငွေ့ကလည်း
ပင်လယ်ကို ပစ်ပေါက်စိုက်ပျိုးနိုင်တယ်ဆိုတာ။
(တာရာမင်းဝေ)
( “မိုးခေါင်လို့တီးတဲ့ ဗုံသံ” ကဗျာစာအုပ်မှ)
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
10:06 PM
0
comments
ကဏ္ဍ - Poems