Jul 31, 2008

ကဗျာဆရာနဲ့ စကားစမြည်

ရင်ဘတ်ထဲမှာက
တကယ်တမ်း ကဗျာ.. ။
ကာရန် မဖွဲ့ချင်တဲ့အခါ
ဂစ်တာတစ်လက်ပေါ် ထားလို့ဖြစ်တယ်။
သံစဉ် မဖွဲ့ချင်တဲ့အခါ
ကွန်ပျူတာကီးဘုတ်ပေါ် ထားလို့ဖြစ်တယ်။
ပရိုဂရမ် မရေးချင်တဲ့အခါ
အိပ်မက်တွေထဲ ထားလို့ဖြစ်တယ်။
မအိပ်စက်ချင်တဲ့အခါ
အတွေးတွေထဲ ထားလို့ဖြစ်တယ်။
မတွေးချင်တဲ့အခါ
ဗလာနယ်ထဲ ထားလို့ဖြစ်တယ်။
ဘာဆိုဘာမှမရှိတဲ့အခါ
လူ့ဘ၀ရဲ့ အဓိပ္ပာယ်ဆိုတဲ့ ခေါင်းစဉ်အောက်ထဲ ထားလို့ဖြစ်တယ်။
ခေါင်းစဉ် ဘယ်လိုမှ တပ်မရတဲ့အခါ
“ကဗျာ”လို့ပဲ ထားလို့ဖြစ်တယ်။

ကာရန် မဖွဲ့ချင်တဲ့အခါ
သံစဉ် မဖွဲ့ချင်တဲ့အခါ
ပရိုဂရမ် မရေးချင်တဲ့အခါ
မအိပ်စက်ချင်တဲ့အခါ
မတွေးချင်တဲ့အခါ
ဘာဆိုဘာမှ မရှိတဲ့အခါ
ခေါင်းစဉ်ဘယ်လိုမှ တပ်မရတဲ့အခါ
ဘ၀ထဲမှာက တကယ်တမ်း ဗလာ
ရင်ဘတ်ထဲမှာက တကယ်တမ်း ကဗျာ.. ။ ။

ခေလွန်း
ဇူလိုင် ၃၁၊ ၂၀၀၈
မွန်းလွဲ ၂ နာရီ ၂၀ မိနစ်

Read More...

Jul 22, 2008

သံလွင်ဒေါ့ကွန်းနဲ့ သံလွင်အိပ်မက် ထွက်ပါပြီ

အခက်အခဲတွေကြားကပဲ သံလွင်ဒေါ့ကွန်းနဲ့ သံလွင်အိပ်မက်ကို ကျွန်တော်တို့ ဇူလိုင်လ ၂၁ ရက် ယနေ့မှာ စောင့်မျှော်နေတဲ့ ပရိသတ်ဆီ အရောက်ပို့နိုင်ခဲ့ပါပြီ။ မနက်ကတည်းက ဒီပို့စ်ကို ရေးသင့်ပေမယ့် ကိုယ်တွေလက်တွေ ညောင်းကိုက်ပြီး ဘယ်လိုမှ မရေးနိုင်လို့ စီဘောက်စ်မှာ ထွက်ပြီဆိုတဲ့အကြောင်း ရေးထားခဲ့ပြီး ပို့စ်ကို အခုမှ ရေးဖြစ် ပါတယ်။ ဖျားနေတယ် ဆိုပါတော့။ တစ်နေ့လုံး အိပ်နေလိုက်တာ အတော် လန်းဆန်းသွားပါပြီ။ သံလွင်အိပ်မက် မထွက်သေးဘူး ဆိုရင် စောင့်နေတဲ့ ပရိသတ်တွေက မထွက်သေးဘူးလား လို့ တဖွဖွ မေးတတ်ကြတယ်။ “မကြာခင် ထွက်နိုင်အောင် လုပ်နေပါတယ်” လို့ ပြန် ဖြေရတိုင်း စောင့်နေတဲ့ သူတွေကို အားနာမိတာ အမှန်ပဲ။ ဒါပေမယ့် အဲဒီ “ထွက်ပါပြီ” ဆိုတဲ့ စကားတစ်ခွန်းကို ပီပီပြင်ပြင် ကြေညာနိုင်ဖို့ ကျွန်တော်တို့ နောက်ကွယ်မှာ ဘယ်လောက် effort စိုက်ထုတ်ခဲ့ရသလဲဆိုတာ သူတို့တတွေ သိချင်မှ သိမယ်။ အရင်းအနှီးကလည်း မသေးပါဘူး။ စိုက်ထုတ်ကြရတဲ့ အချိန်၊ လုပ်အား၊ ပျက်ကွက်ရတဲ့ လူမှုရေးကိစ္စတွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ .. ပြီးတော့ အိပ်ရေးပျက်ရတဲ့ ညတွေ။ အထူးသဖြင့် အခု သံလွင်အိပ်မက် အတွဲ ၂ အမှတ် ၂ လို portal တစ်ခုလုံးကို အသစ် ပြန်ဆောက်ရတဲ့အခါ ပုံမှန် ထုတ်နေကျထက် အားထုတ်မှု ၂ ဆ ပိုစိုက် ရပါတယ်။ Webmaster အနေနဲ့ရော.. အယ်ဒီတာအနေနဲ့ပါ Role နှစ်ခု ယူရတဲ့အတွက် ပို ပင်ပန်းပါတယ်။ သံလွင်ဝိုင်းတော်သားများ အားလုံးကသာ ညီညီညွတ်ညွတ်နဲ့ ၀ိုင်းမလုပ်ကြရင် အချိန်မီ ပြီးမှာ မဟုတ်ဘူး။

CMS (Content Management System) ဆိုတာ ဘာမှန်း သေချာမသိပေမယ့် သင်ယူချင်စိတ်ရှိပြီး လိုအပ်တာတွေကို တဖက်တလမ်းကနေ ကူညီခဲ့တဲ့ ကျွန်တော့် ဘ၀လက်တွဲဖော် စကားပန်း၊ မျက်နှာဖုံး ဒီဇိုင်းကို ဟိုဟာထည့်လိုက်ပါလား၊ ဒီလိုဆို ကောင်းမယ်ဆိုပြီး ကျွန်တော် တောင်းဆိုသမျှ မညည်းမညူလုပ်ပေးခဲ့တဲ့ မောင်ပွတ်၊ မာတိကာကို မထွက်ခင်ညမှာ မိုးအလင်း လုပ်ပေးသွားတဲ့ ဇင်ကိုလတ်၊ လိုအပ်မယ် ထင်တဲ့ အပိုင်းတွေကို ဖြည့်ရေးပေးတတ်တဲ့ ကိုငယ်၊ စာမူများကို ဘလော့မှာ မတင်ဘဲ သံလွင်အိပ်မက်အတွက် ချန်ထားပေးခဲ့ကြတဲ့ သူငယ်ချင်း ဘလော့ဂါ အစ်ကိုအစ်မများ၊ ဓာတ်ပုံများ ပေးပို့ခဲ့ကြသူများ၊ အိုင်ဒီယာချပေးရင် လက်မနှေးဘဲ ကာတွန်း ဆွဲပေးတတ်တဲ့ KNT၊ ကာတွန်း အသုံးပြုခွင့်ပေးခဲ့တဲ့ ဆရာအော်ပီကျယ်၊ လက်ရေးစာမူတွေကို ဇော်ဂျီဖွန့်နဲ့ ကူရိုက်ပေးခဲ့တဲ့ မမယ်လိုဒီမောင်နဲ့ KPZ အစရှိသူတွေ အားလုံး အားလုံးကို ကျေးဇူး အထူးတင်ပါတယ်။ သံလွင်အိပ်မက်ထွက်တိုင်း မပျက်မကွက် အားပေးတတ်တဲ့ စာဖတ်ပရိသတ်ကိုလည်း ကျေးဇူးတင်ရှိပါတယ်။

အတွဲ ၂ အမှတ် ၃ ကျရင်တော့ ဒီ Thanlwin.com portal ငြိမ်သွားပြီ ဖြစ်တဲ့အတွက် အခု တစ်စောင်လောက် ပင်ပန်းတော့မယ် မထင်ပါဘူး။ ပြောစရာ ရှိတာက သံလွင်အိပ်မက်မှာ ဒီတခါ သီချင်းကဏ္ဍ မပါဘူး။ မြန်မာ mp3 သီချင်းတွေ ပေးနေတဲ့ ဘလော့တွေ ၀က်ဆိုက်တွေ အများအပြား ပေါ်ထွက်လာတာကြောင့် ဒီကဏ္ဍကို ဖြုတ်လိုက်တဲ့အတွက် ဘာမှ ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်မယ် မထင်လို့ ကျွန်တော်တို့ မထည့်တော့ဘူး။ နောက် သံလွင်စကားဝိုင်း ကိုတော့ ပြီးခဲ့တဲ့ စကားဝိုင်းရဲ့ တုံ့ပြန်မှု အားနည်းခဲ့တာကြောင့် ကျွန်တော်တို့ review ပြန်လုပ်ဖို့ လိုမယ်ဆိုပြီး ဖြုတ်ထားလိုက်ပါတယ်။ နောင် အသစ်ထွက်မယ့် သံလွင်အိပ်မက်မှာတော့ စကားဝိုင်းကဏ္ဍ ပြန်ပါကောင်း ပြန်ပါလာပါမယ်။

သံလွင်.com မှာ ကျွန်တော် Subdomain သုံးခု ဖန်တီးထားတယ်။

၁) thanlwinainmat.thanlwin.com
အဲဒီကို သွားလိုက်ရင် သံလွင်အိပ်မက် မျက်နှာဖုံး စာမျက်နှာကို တန်းရောက်သွားပါမယ်။ သံလွင်.com ကို နှိပ်ပြီး အဲဒီကတဆင့် သံလွင်အိပ်မက်ကို ဖတ်ရတာနဲ့ အတူတူပါပဲ။

၂) blogs.thanlwin.com
အဲဒီမှာ ကျွန်တော် လက်လှမ်းမီသလောက် သူငယ်ချင်း ဘလော့ဂါတွေရဲ့ ဘလော့ Feed တွေကို Subscribe လုပ်ထားပါတယ်။ ဆိုတော့ သူတို့ ဘလော့တွေမှာ ပို့စ်အသစ်တင်တိုင်း အဲဒီက တဆင့် တထိုင်ထဲ ဖတ်နိုင်ပါတယ်။ မိမိ ဘလော့ Feed ကို တင်ချင်တဲ့ သူငယ်ချင်းများ thanlwinainmat@gmail.com သို့မဟုတ် nyinyiprogrammer@gmail.com ကို ဆက်သွယ် စာရင်းပေးနိုင်ပါတယ်။

၃) news.thanlwin.com
ဒါကတော့ Yahoo, Google က News မှာ Keywords "Myanmar, Burma" စသဖြင့် ရိုက်ရင် ထွက်လာမယ့် သတင်းတွေ၊ ပြီးတော့ Mizzima, ဒေါက်တာလွဏ်းဆွေ , မိုးမခ စတဲ့ မြန်မာ့သတင်းမီဒီယာတွေ သတင်းအသားပေး ဘလော့တွေက Feed တွေကို တထိုင်ထဲ ဖတ်နိုင်ပါတယ်။ ဟိုသွားဖတ်လိုက် ဒီသွားဖတ်လိုက် အလုပ်မရှုပ်တော့ပါဘူး။

သံလွင်ဒေါ့ကွန်းနဲ့ သံလွင်အိပ်မက်မှာ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ အများကြီး ရှိမှာပါ။ ဒါကို နားလည်ပေးကြဖို့နဲ့ အားနည်းချက်တွေ လိုအပ်ချက်တွေကို ထောက်ပြဝေဖန် အကြံပေးကြဖို့ ပန်ကြားလိုပါတယ်။

သံလွင်အိပ်မက်ကတော့ မရပ်မနား တသွင်သွင်စီးဆဲပါ။ ခင်ဗျားတို့ စူးစူးစိုက်စိုက် နားစွင့်ကြည့်တဲ့အခါ “သံလွင်ကို အိပ်မက်တဲ့အခါ ကျွန်တော်တို့ရဲ့ တေးသွားကို ကြားရပါလိမ့်မယ်.... ”

Read More...

Jul 3, 2008

သံလွင်ဒေါ့ကွန်း၊ သံလွင်အိပ်မက်နဲ့ ကျွန်တော်

ဒီရက်ပိုင်း ကျွန်တော် အလုပ်များနေလို့ ဘလော့ဂ်ဘက်ကို သိပ်မလှည့်ဖြစ်တဲ့ အတွက် ဘလော့ဂ်ကို လာတဲ့သူတွေ အတွက် အသစ်ဖတ်စရာ ရှားပါးနေရတာကို အားနာမိပါတယ်။ လတ်တလော ကျွန်တော် ပရောဂျတ် သုံးခု တပြိုင်တည်း လုပ်နေပါတယ်။ သံလွင်ဒေါ့ကွန်း၊ သံလွင်အိပ်မက်နဲ့ နောက်တစ်ခုပါ (ဒါကတော့ သိပ်ပီပီပြင်ပြင်မလုပ်ရသေးတဲ့အတွက် ထုတ်မပြောသေးပါဘူး။ သြဂုတ် သို့ စက်တင်ဘာလောက်တော့ ပြီးမယ် မှန်းပါတယ်)။ ဟိုးအရင်က သံလွင်ဒေါ့ကွန်းကို SG based Web Portal အနေနဲ့ အရင် စလုပ်ခဲ့ပြီး သံလွင်အိပ်မက်ကို သံလွင်ဒေါ့ကွန်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပြုလုပ်ခဲ့ရာက နောက်ပိုင်းမှာ သံလွင်အိပ်မက်ကိုပဲ အားစိုက်လုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ သံလွင်ဒေါ့ကွန်း မှေးမှိန်သွားပြီး ခဏတာ ပိတ်ထားခဲ့ပါတယ်။ အခုတော့ သံလွင်ဒေါ့ကွန်းကို သွားတာနဲ့ သံလွင်အိပ်မက်ကို ရောက်သွားမှာပါ။ မကြာခင်ကာလမှာတော့ သံလွင်ဒေါ့ကွန်း ပြန်လာပါမယ်။ သံလွင်ဒေါ့ကွန်းကို မကြာခင်ထွက်မယ့် သံလွင်အိပ်မက် အတွဲ ၂ အမှတ် ၂ နဲ့အတူ သို့မဟုတ် အနည်းငယ်စောပြီး release လုပ်ပါမယ်။

သံလွင်ဒေါ့ကွန်းမှာ ဘာတွေပါလာမလဲဆိုရင် ပုံမှန် web portal တွေမှာ ပါနေကျအတိုင်း ဖိုရမ်ပါမယ်။ သံလွင်စကားဝိုင်းကို သံလွင်အိပ်မက်ဘလော့ကနေ ဖိုရမ်ကို ရွေ့ပါမယ်။ ဧည့်စာအုပ် (Guestbook) ပါမယ်။ သတင်းတွေ ပါမယ်။ အဆင်သင့်ရင် သင့်သလို သတင်းတွေကို update လုပ်သွားမှာပါ။ ပြီးတော့ News Feed ပါမယ်။ အဲဒါက မြန်မာပြည်နဲ့ ပတ်သက်တဲ့ သတင်းတွေကို RSS Feed ပေးတဲ့ နေရာတွေကနေ အလိုလို လှမ်းဆွဲပြီး ပြမှာပါ။ သဘောက Google News သွားလိုက် Yahoo News သွားလိုက် လုပ်ပြီး Myanmar, Burma စတဲ့ Keyword တွေနဲ့ တကူးတက သွားဖတ်စရာ မလိုတော့ပါဘူး။ အဲလိုသတင်းတွေကို ဖတ်လို့ ရအောင် http://news.thanlwin.com ဆိုပြီး sub-domain တစ်ခု ဖန်တီးပေးသွားမှာပါ။ ဒီ News Feed မှာ ပါမယ့် နောက်တစ်ခုက Myanmar Blog Feed ပါ။ ကျွန်တော်တို့ကို စာရင်းပေးထားမယ့် မြန်မာဘလော့ရဲ့ ပို့စ်တွေကို ပို့စ်အသစ်တင်တာနဲ့ သူ့အလိုလို ဖော်ပြပေးပါမယ်။ စိတ်ပါဝင်စားသူ ဘလော့ဂါများ ဒီပို့စ်ရဲ့ ကွန်မန့်မှာ ဘလော့လိပ်စာ ထားခဲ့ပေးပါ။ လောလောဆယ်တော့ သတင်းတွေနဲ့ ဘလော့တွေကို ရောထားပါတယ်။ နောက်ပိုင်းမှာတော့ ဘလော့တွေ သိပ်များလာရင် သက်သက်စီခွဲထားဖို့ စဉ်းစားထားပါတယ်။ subdomain ကိုလည်း http://blogs.thanlwin.com ဆိုပြီး လုပ်မယ်လို့ တွေးထားပါတယ်။ နောက်တစ်ခုက Today in History ဆိုတဲ့ စိတ်ဝင်စား စရာ ကဏ္ဍပါ။ ဒီနေ့ဟာ သမိုင်းက ဘယ်လိုနေ့စွဲမျိုးလဲ ဆိုတာ ကြည့်လို့ရပါတယ်။ ကမ္ဘာပေါ်က အထင်ကရနေ့စွဲတွေနဲ့အတူ မြန်မာပြည်နဲ့ သက်ဆိုင်တဲ့ အထင်ကရ နေ့စွဲတွေကို တဖြည်းဖြည်းချင်း update လုပ်သွားပါမယ်။ ဥပမာ - ၇ ဇူလိုင်၊ ၁၉ ဇူလိုင်၊ ဖေဖော်ဝါရီ ၁၂၊ သြဂုတ် ၈ စသဖြင့်ပေါ့။ နောက်ကဏ္ဍတစ်ခုက Web Links ပါ။ ဒါကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ web site တွေ၊ ပညာရေး၊ ဘာသာရေး၊ ဂီတ၊ သတင်း စသဖြင့် အသုံးဝင်နိုင်မယ့် web site တွေကို Web Directory တစ်ခု ဖန်တီးထားမှာပါ။ နောက်ဆုံး ကဏ္ဍကတော့ မြန်မာတွေအတွက် Yellow Pages ပါ။ ဒေါ်သန်းသန်းနုဆိုင် ဖုန်းနံပါတ်ပေးပါဦး။ စင်းမြန်မာ လိပ်စာသိလား။ မော်လမြိုင်ကို ငွေလွှဲနှုန်းမေးမလို့ ဖုန်းနံပါတ်ရှိလား စတဲ့ မေးခွန်းတွေအတွက် ပြည်ပရောက် မြန်မာတွေရဲ့ စီးပွားရေး လုပ်ငန်းတွေကို Yellow Pages မှာ ဖော်ပြပေးပါမယ်။ လောလောဆယ်တော့ စင်္ကာပူကို အဓိကထားပြီး နောက်ပိုင်း တဖြည်းဖြည်း တိုးချဲ့သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

သံလွင် အတွဲ ၂ အမှတ် ၂ ကိုတော့ ဂျူလိုင်လထဲမှာ ထုတ်ဝေနိုင်ဖို့ ကျွန်တော်တို့တွေ ကြိုးစားနေကြပါတယ်။ စာမူပေးပို့သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ထပ်မံပြီး စာမူပေးပို့လိုသူတွေ အနေနဲ့ ဇူလိုင် ၇ ရက်နေ့ နောက်ဆုံးထားပြီး thanlwinainmat@gmail.com ကို ပေးပို့နိုင်ပါတယ်။ သံလွင်ကို အသွင်ပြောင်းတဲ့အနေနဲ့ အတွဲ ၂ အမှတ် ၁ ဆိုပြီး ကျွန်တော်တို့ လုပ်ခဲ့တာကို မှတ်မိကြမှာပါ။ အခု သံလွင် အတွဲ ၂ အမှတ် ၂ .. (ကျွန်တော်တို့ ခေါ်ကြတဲ့ Code name ကတော့ သံလွင် 2.2 ) ကိုတော့ သံလွင်ဒေါ့ကွန်းမှာ တပါတည်း ထည့်သွင်းမှာပါ။ ဘလော့တွေမှာလိုပဲ စာဖတ်သူတွေရဲ့ အမြင်တွေကို ဖော်ပြနိုင်မယ့် ကွန်မန့်တွေပါလာမယ့်အပြင် အယ်ဒီတာတွေရဲ့ ကွန်မန့်တွေ သီးခြားပါလာမယ်။ Vote/Rating ပေးလို့ ရမယ်။ Favourite အနေနဲ့ ပေးလို့ရမယ်။ ဖတ်ပြီး ကြိုက်နှစ်သက်ရင် Del.icio.us မှာ သိမ်းလို့ ရမယ်။ ဒါမှ မဟုတ် သူငယ်ချင်းမိတ်ဆွေတွေဆီကို အီးမေးလ်ပို့ပြီး ဝေငှနိုင်မယ်။ Printer Friendly Version နဲ့ Print ထုတ်ပြီး သိမ်းထားလို့ရမယ်။ အဲလိုမဟုတ်ဘဲ soft copy နဲ့ လိုချင်ရင် Pdf version ထုတ်လို့ ရမယ်။ Rate အများဆုံး၊ လူအဖတ်အများဆုံး၊ ကွန်မန့်အများဆုံး စတဲ့ statistics တွေကိုလည်းကြည့်နိုင်မယ်။ ဒီတော့ လာမယ့် သံလွင် အတွဲ ၂ အမှတ် ၂ ဟာ ကျွန်တော်တို့ သံလွင်အိပ်မက် အဖွဲ့အတွက် တကယ့်ကို breakthrough ပါ။ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ မကြာခင်တော့ စာဖတ်သူတွေ ရှေ့မှောက်ကို အရောက်ပို့ပေးနိုင်မှာပါ။

ည ၂ နာရီ ၃ နာရီအထိ မအိပ်ဖြစ်ဘဲ ဒီပရောဂျတ်တွေထဲ နစ်နေလို့ အိပ်ရေးပျက်တဲ့ ရက်တွေ များနေပါပြီ။ ဒါပေမယ့် သံလွင်ဒေါ့ကွန်းရဲ့ အောင်မြင်မှု၊ သံလွင်အိပ်မက်ရဲ့ အောင်မြင်မှုကို မဝေးတော့တဲ့ အချိန်မှာ တွေ့ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ... ။

Read More...

Jun 5, 2008

Change We Believe In

In recent days, I used to hear success stories and news of those I have been following.

Being a loyal fan of Red devils, the name given by media to Manchester United Footballers, I feel astonishingly terrific for winning two major trophies in 2007-2008 season: Premiership Trophy and Champions League Trophy. I had never missed a match of every Premiership soccer matches played by Man U in this season. During Champions League Final, I watched until 5am till the end of deadly penalty kick out and award presenting ceremony. I recalled I had to get up again at 8am to go to work with red and sleepy eyes. Man U Football Club is made up of many talented youth players and they deserve more victories in years to come.

The world renowned American Idol Programme was just over and the winner was David Cook whom my wife and I had been supporting. My favourite songs by David Cook were "Hello", pop song by Lionel Richie, "I don't wanna miss a thing", rock song by Aerosmith and "Hero", a duet song with runner-up David Archuleta. It is originally a soundtrack by Chad Kroeger from blockbuster Spiderman movie. Despite not winning American the Idol, Kristy Lee was the one who sang the song I like most, "God Bless USA", in this year programme. It is about a US civilian being proud of heroes who fight for human rights, freedom and Independence of America. While others are proud of their accomplishments, we Burmese are losing face in International Community because of our inhumane government.

Democrats and Republicans have finally come out with their candidates for upcoming US presidential election. John McCain, a 71 years old Vietnam War veteran, was emerged as the presidential candidate for Republican Party. Democrats' candidate, Barack Obama, an African American senator, is the one I admire and support in this general election. He defeated his rival, Hilary Clinton, the former first lady of US, after their tough battles for five consecutive months. It is very likely he may also overcome his opponent of Republican, John McCain, in the forthcoming presidential election in this year end. The phrase from his inspirational speech of 2004 election campaign exclaims, "There is no liberal America. There is no conservative America. There is only United States of America." The slogan of the election campaign led by Obama is "Change We Believe In". Certainly, Americans are ready for change to disastrous policies of Bush administration.

Being a faithful supporter of our national leader, Daw Aung San Su Kyi, I am eager to make ourselves ready for change to let her take a leadership role in Burmese Government. I sincerely hope and suppose we are going to see her victory against dictators soon before the end of 2008. Her supporters are not divided by fans of Man U, Chelsea, Liverpool or Arsenal. Her followers are not divided by admirers of David Cook, David Archuleta or Jason. Her devotees are not divided by supporters of McCain, Hilary or Obama. Apart from those who fear to lose power and suppress the people, all of us are supporting Daw Su exclusively for her bravery and love towards the people of Burma. Whatever it is, the only unchanged universal truth is the Change in this Changing World. Last but not least, the change we believe in is the change of Democratic Burma from the foolish tyranny.

Nyi Nyi (Thanlwin)

Read More...

May 31, 2008

အကြင်နာတွေနဲ့ဖေးကူပါ

“အကြင်နာတွေနဲ့ဖေးကူပါ” သီချင်းကို ကျွန်တော့်ဘလော့မှတဆင့် ဝေငှထားခြင်းအား ကိုခင်မောင်သန့် (IC) မှ ခေတ္တ ရပ်ဆိုင်းပေးပါရန် တောင်းဆိုလာသောကြောင့် သီချင်းဖန်တီးသည့်သူများကို လေးစားသည့်အနေဖြင့် အထက်ပါသီချင်းကို ဝေမျှခြင်းမှ ခေတ္တ ရပ်ဆိုင်းထားပါတယ်။ စိတ်အနှောင့်အယှက် တစုံတရာဖြစ်စေခဲ့မယ်ဆိုရင် ကျွန်တော့် အပြစ်သာဖြစ်ကြောင်း ဒီကနေ တောင်းပန်လိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Read More...

May 2, 2008

အိုင်ဖုန်းနှင့် ကျွန်တော် (၂)





မျှော်တလင့်လင့်နှင့် စောင့်နေရသော အိုင်ဖုန်းသည် ရောက်မည်ဟု မျှော်လင့်ထားသောရက်ထက် နှစ်ရက်လောက် နောက်ကျပြီးမှ စင်္ကာပူသို့ ရောက်လာသည်။ လူကြုံသွားယူပြီးနောက် လေဆိပ်သို့ သွားရန်ရှိသဖြင့် လေဆိပ်တွင် စောင့်ဆိုင်းနေရင်း အသင့်ယူလာသော လက်ကိုင်ကွန်ပျူတာမှ တဆင့် လိုအပ်သည့် ဆော့ဝဲလ် (iLiberty+) ကို လေဆိပ်တွင်ရှိသော Free Public Wireless စနစ်နှင့် ချိတ်ဆက် ထည့်သွင်းကာ အိုင်ဖုန်းကို အသုံးပြုနိုင်ရန် စတင်လုပ်ဆောင် ရတော့သည်။ အိုင်ဖုန်းကို စပြီး ဖွင့်လိုက်သည်နှင့် Apple ဆော့ဝဲလ်ဖြစ်သော iTunes မှတဆင့် ချိတ်ဆက်ရန် အချက် ပြနေသည်။ ပုံမှန် အတိုင်းဆိုရင်တော့ iTunes ကို ဖွင့် AT & T ဖုန်းကုမ္ပဏီနှင့် ဆက်သွယ်အသုံးပြုနိုင်ရန် ၂ နှစ် စာချုပ် ချုပ်ကာ Activate လုပ်လိုက်ရုံပင် ဖြစ်သည်။ သို့သော် စင်္ကာပူတွင် AT & T မရှိ။ ကျွန်တော် သုံးသည့် မိုဘိုင်း SIM Card က Starhub ကုမ္ပဏီမှ ဖြစ်သည်။ အင်တာနက် စာမျက်နှာများ ဖိုရမ်များတွင် ကြိုတင်လေ့လာထားပြီး ဖြစ်သည့်အလျှောက် လိုအပ်သည်တို့ကို ဆက်တိုက်လုပ်လိုက်သည်။ iLiberty+ ကို လက်ကိုင်ကွန်ပျူတာထဲသို့ ထည့်သွင်း၊ iTunes ကို ဖွင့်ထား၊ အိုင်ဖုန်းကို USB Cable မှ တဆင့် လက်ကိုင်ကွန်ပျူတာသို့ ချိတ် အဆင့်ဆင့် လုပ်ပြီးသည့်နောက် iLiberty+ တွင် လိုအပ်သည်များကို ရွေးချယ်ကို အိုင်ဖုန်းအတွင်းသို့ ထည့်သွင်းလိုက်သည်။ ထိုသို့ မထည့်ခင် ပျက်သွားရင် ဒုက္ခပဲဟူသည့် အသိက ၀င်လာသေးသည်။ သို့သော် ပျက်စရာ အကြောင်း မရှိပါဘူးဟု တွေးကာ စိတ်ဒုံးဒုံးချရင်း ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရသည်။ အိုင်ဖုန်းကို hack မလုပ်ခင် သုံးလေးရက်လောက်ကပဲ ကိုဖြိုး၏ iPod Touch ကို အောင်မြင်စွာ hack နိုင်ရန်အတွက် ဘာလုပ်ရမယ် ညာလုပ်ရမယ်ဆိုကာ ဂျီတော့ခ်မှတဆင့် ဆရာကြီး လုပ်လိုက်သေးသည်။



ထိုသို့ ထည့်သွင်းနေစဉ် ကွန်ပျူတာ၏ Dos Prompt ထဲ ရောက်နေသလို အိုင်ဖုန်း ဖန်သားပြင်၏ အမည်းရောင် နောက်ခံတွင် အဖြူရောင် စာများ ဟိုပြေး ဒီလွှားဖြစ်နေသည်။ Activation Completed... Jail break successful... YouTube Fix Done.. Installer App installed စသဖြင့် ရွေးချယ်ထားသမျှများကို ဆော့ဝဲလ်က တစ်ခုပြီးတစ်ခု ထည့်သွင်းနေသည်။ အားလုံးပြီးသွားတော့ ဖုန်းက သူ့အလိုလို ပိတ်သွားသည်။ ထို့နောက် ကမ္ဘာလုံးပုံနှင့်အတူ Slide To Unlock ဆိုတာ ပေါ်လာသည်။ အိုကေမှာ စိုပြေသွားပြီ။ SIM Card မထည့်ရသေးသဖြင့် ဖုန်းပြောလို့ မရသေးတာက လွဲရင် ကျန်သည့် Function များ အကုန် သုံးလို့ ရနေပြီ။ သို့သော် အိမ်ပြန်ရောက်ရောက်ခြင်း ဒုက္ခတွေ့တော့သည်။ ဖုန်းကို မည်သည့် SIM Card နှင့် မဆို သုံးနိုင်စေရန် unlock လုပ်နည်း၊ Activate လုပ်နည်း၊ Jailbreak လုပ်နည်း စသဖြင့် အကုန် ကြိုတင်လေ့လာထားသော်လည်း SIM Card ကို ဘယ်က ဘယ်လို ထည့်ရမလဲ မသိသဖြင့် ရွာပတ်နေခြင်း ဖြစ်သည်။ နောက်တော့ အိုင်ဖုန်းသုံးနေသည့် ယောက်ဖဆီ လှမ်းမေးလိုက်မှပဲ ဘယ်လို ထည့်ရမလဲ သိသွားသည်။ ဒါနဲ့ paper clip တစ်ခု ရှာ.. ဖွင့်ပြီး ထည့်လိုက်တော့ အိုကေ သွားသည်။ အဟား.. ထိုသို့ဖြင့် အိုင်ဖုန်းတစ်လုံးနှင့် ၂ ရက် ၃ ရက် အလုပ်ရှုပ်နေတော့သည်။ ဟို application လေး ထည့်လိုက် ဒီ application လေး ထည့်လိုက်နှင့် ကစားစရာတစ်ခု ရသလို လက်က မချနိုင် ဖြစ်နေတော့သည်။ ဖုန်းရပြီး တစ်ပတ်အတွင်း ကလိလွန်းသောကြောင့် ၁ ခေါက် crush သွားသဖြင့် သံလွင်အိပ်မက်ထွက်ခါနီး အလုပ်များနေသည့်ကြားက အကုန် ပြန်ပြီး restore လုပ်လိုက်ရသေးသည်။ အတွေ့အကြုံရတာပေါ့ဟု ဖြေသိမ့်ရသည်။




အရင်က ရုံးရောက်မှ အီးမေးလ်စစ်သည်။ မနက်နိုးနိုးချင်း ကွန်ပျူတာဖွင့်နေလျှင် ကြာနေမည် စိုးသောကြောင့် ဖြစ်သည်။ အခုတော့ မနက် နိုးနိုးချင်း အိုင်ဖုန်းကနေ တဆင့် အရေးတကြီး အီးမေးလ်ဝင်မ၀င် စစ်တတ်နေပြီ။ ညက ညဥ့်နက်နက်ကန်သဖြင့် မကြည့်ဖြစ်လိုက်သည့် ဘောလုံးပွဲများရှိလျှင်လည်း ပွဲရလဒ်ကို Safari Browser မှ တဆင့် ကြည့်ဖြစ်ပြီ။ အလုပ်သွားခါနီး ရေချိုးနေတုန်း ဖုန်းကို ဘက်ထရီအားသွင်းရင်း တခါတည်း Subscribe လုပ်ထားသည့် Pod Cast များကို Sync လုပ်ထားလိုက်သည်။ ရုံးအသွား ရထားပေါ်တွင် သီချင်းနားထောင်ချင်ထောင် Sync လုပ်ထားသည့် Pod Cast အသစ်များကို နားထောင်ဖြစ်သည်။ မြန်မာသတင်းဆိုလျှင် RFA Pod Cast ကနေ တဆင့် နားထောင်ရန် အသင့်။ BBC Pod Cast... CNN News Pod Cast များကလည်း နားထောင်ရန် ဖုန်းအတွင်းသို့ သူ့အလိုလို ၀င်နေပြီ။ ကမ္ဘာကြီးသည် အရင်ကထက် ပိုမို နီးကပ်လာသလို ခံစားရသည်။ သတင်းများ၊ Pod Cast များ နားမထောင်ချင်ရင် သီချင်းများ နားထောင်ချင် နားထောင်၊ YouTube ကနေတဆင့် Offline ကြည့်နိုင်ရန် MxTube Application နှင့် Download လုပ်ထားသည့် MTV တွေ ကြည့်၊ ဒါမှ မဟုတ် Chess ထိုးချင်ထိုး၊ Sudoku ဆော့ချင်ဆော့ လုပ်နေတတ်ပြီ။ Project Gutenberg မှ ဖန်တီးပေးထားသည့် copy rights ကျော်လွန်ကာ public domain သို့ ရောက်နေပြီဖြစ်သည့် စာအုပ်များကလည်း eBook Viewer နှင့် ဖတ်ရန် အသင့်။ လောလောဆယ်တော့ Napolean Hill ၏ စာအုပ် ဖြစ်သည့် Think & Grow Rich ကို ဖတ်နေသည်။ ကက်ဖ်ကာ၏ ၀တ္ထုတိုများ၊ ဆွန်ဇူး၏ Art of War၊ ဂျက်လန်ဒန်၏ အရိုင်းခေါ်သံ၊ လီယိုတော်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး စသဖြင့် အလကားရတိုင်း ထည့်ထားသော စာအုပ်တွေ များနေပြီ။ အရင်က ညအိပ်ခါနီး အိပ်ရာပေါ်နေရာယူတတ်သော လက်ကိုင်ကွန်ပျူတာလေး အခုတလော အနားရနေတာ ကြာပြီ။ ညအိပ်ခါနီးလျှင် အိုင်ဖုန်းလေး တကိုင်ကိုင်ဖြင့် ၀ယ်နိုင်တာလည်း မဟုတ်ဘဲ လျှောက်ထည့်ထားသော ကုမ္ပဏီအချို့၏ စတော့ခ်အတက်အကျကို ဘာရယ်မဟုတ်ကြည့်သည်။ သြော်.. Google ရှယ်ယာတွေ တက်ပြီးရင်း တက်နေပြန်ပြီ။ ပြီးတော့ မိုးလေ၀သအခြေအနေ ကြည့်သည်။ ရန်ကုန်မှာ ဒီနေ့ မိုးရွာတာပဲ။ ၂၅ ဆိုတော့ အေးမှာပေါ့။ စင်္ကာပူကတော့ နာမည်နဲ့ လိုက်အောင် ပူနေတာပဲ။ ၀ါရှင်တန်ဒီစီဘက်တော့ အေးတုန်းပဲ စသဖြင့် အားအားယားယား ကြည့်နေတတ်ပြီ။ မြန်မာဘလော့တွေ ဖတ်ကြည့်တော့ လေးထောင့်တွေချည်း ပေါ်နေသဖြင့် ခုထိဖတ်လို့ မရသေးပါ။ ဇော်ဂျီကို အင်္ဂလိပ်စာလုံးရှိသမျှ နေရာတိုင်းမှာ လိုက်ထည့်သော်လည်း မအောင်မြင်သေး။ ဇော်ဂျီရိုးရိုးသာမက ဇော်ဂျီ Arial ကိုလည်း စမ်းပြီးပြီ။ မရ။ တခါတလေတော့ အိုင်ဖုန်းကနေတဆင့် ဂျီတော့ခ်ထဲ ၀င်ပြီး ချက်ချင်လည်း ချက်နေတတ်သည်။ အိုင်ဖုန်းတွင် လွယ်လွယ်ကူကူ Ringtone ကို သီချင်းထည့်လို့ မရအောင် ဘာလို့များ လုပ်ထားမှန်းတော့ မသိ။ အင်တာနက်ထဲ ဟိုဖတ်ဒီဖတ်လုပ်ပြီး ရအောင် လုပ်လိုက်တော့လည်း ရသွားသည်။ သိသွားတော့လည်း လွယ်လွယ်လေးပဲ။ Install လုပ်ထားသည့် application တွေ များလွန်းသဖြင့် လေးမျက်နှာလောက် ဖြစ်နေပြီ။ နဂိုအတိုင်း ပါတာမှ application က ဆယ်ခုလားပဲ ပါသည်။ အခုတော့ တစ်မျက်နှာကို ၁၆ခုနှုန်းနှင့် အခု လောလောဆယ်ထည့်ထားတာ ၅၅ခု ရှိသည်။ အဟဲ.. သိပ်မများပါဘူး။ Nitendo Emulator ထည့်ပြီး ဂိမ်းတွေ ထည့်ကာ ကစားကြည့်သေးသော်လည်း သိပ်လက်မတွေ့သဖြင့် ပြန်ဖြုတ်လိုက်သည်။ သူ့နဂိုအတိုင်း ပါသည့် built-in ကင်မရာက Digital Zoom မရသဖြင့် Digital Zoom ရသည့် application တစ်ခု ထပ်ထည့်ထားသည်။ နဂိုက ဗီဒီယိုရိုက်လို့ မရ.. အသံဖမ်းလို့ မရ .. Screenshot ရိုက်ချင် ရိုက်လို့မရ။ ရအောင် ဖန်တီးလိုက်တော့လည်း ရနေပြန်သည်။ ဒါပဲ .. နည်းပညာခေတ်ကြီးမှာ ဘာဆိုဘာမှ တားဆီးလို့ မရ။ ကြိုက် ကြိုက် မကြိုက်ကြိုက် နည်းပညာလှိုင်းလုံးကြီးတွေကတော့ တစ်လုံးပြီး တစ်လုံး ၀င်ရိုက်မှာ အသေအချာပင်။ ဒါကို ကိုယ်က အလိုက်အထိုက် လိုက်သွားဖို့သာ ရှိတော့သည်။ အခုတလော ဟစ်ဖြစ်နေသည့် အဆိုတော် Leona Lewis ၏ Bleeding Love ကို Ringtone ပြောင်းထားသဖြင့် ဖုန်းသံမြည်လျှင် Keep Bleeding .. Keep Bleeding ဟု မြည်နေသည်။ ကျွန်တော်ကတော့ ထိုအသံကြားတိုင်း Keep Dreaming .. Keep Dreaming လို့ပဲ ကြားနေသည်။ သိပ္ပံဇာတ်ကားတွေထဲ မြင်ဖူးတွေ့ဖူးသည့်အရာတွေသည် အိပ်မက်သက်သက် မဟုတ်ဘဲ လက်တွေ့ဖြစ်လာနေတာတော့ အသေအချာပဲ ဖြစ်သည်။ တစ်နေ့ကျရင်တော့ ဒီမိုကရက်တစ် မြန်မာနိုင်ငံတွင် ပြန်နေကို နေဦးမည်။ ထိုအိပ်မက်သည် လက်တွေ့ဖြစ်မလာနိုင်ဘူးဟု ပြောမလား။ ကျွန်တော်တို့ အားလုံး ညီညွတ်ဖို့သာ လိုပါသည်။





Read More...