Mar 16, 2007

မြန်မာအခက် စင်္ကာပူအချက်


အခုနှစ်ပိုင်းမှာတော့ စင်္ကာပူဟာ မြန်မာတွေအတွက် အလုပ်ရှာဖို့ ရေကြည်ရာ မြက်နုရာဖြစ်လာနေပါတယ်။ စနေ၊ တနင်္ဂနွေ မြို့ထဲဘက်သွားရင် မြန်မာတွေ ဟိုနားတစ်စု..ဒီနားတစ်စုနဲ့ တွေ့ရမှာပါ။ အခုတလော မြန်မာပြည်ကနေ စင်္ကာပူကို အများဆုံး အိတ်စ်ပို့လုပ်နေတာကတော့ မြန်မာလူငယ်အိုင်တီသမားတွေ ဖြစ်မယ် ထင်ပါတယ်။ အလည်အပတ်ဗီဇာနဲ့ လာရောက် အလုပ်ရှာဖွေကြပြီး အလုပ်ကောင်းကောင်း လခကောင်းကောင်း ရသွားကြသူတွေ ရှိသလို၊ မျှော်လင့်ထားသလို မဖြစ်ဘဲ ပြည်တော်ပြန်ကြရသူတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ရွှေမြန်မာတွေကတော့ ၀င်လာမစဲ တသဲသဲဖြစ်နေဆဲပါ။ စင်္ကာပူကလည်း မြန်မာလူငယ်ပညာတတ်တွေကို ပြုံးပြုံး ပြုံးပြုံးနဲ့ အလုပ်အကိုင်တွေပေး၊ တရားဝင်လုပ်ကိုင်ခွင့်ပါပစ် ရလို့ နည်းနည်းကြာတာနဲ့ အမြဲတမ်းနေထိုင်ခွင့်တွေ ရက်ရက်ရောရော ပေးပါတယ်။ အဲဒီနောက်တော့ စလုံးနိုင်ငံသားခံယူချင်သူများကိုလည်း အထူး အခွင့်အရေးတွေ တပုံတပင်ပေးပြီး တစ်ခါတည်း အပိုင်စီးထားလိုက်ပါတော့တယ်။ ဒါပေါ့ဗျာ.. မြန်မာအခက် စင်္ကာပူအချက်ဆိုတာ..

မြန်မာပြည်ကနေ စင်္ကာပူမှာ လာရောက် အလုပ်ရှာလိုသူများအတွက် ခန့်မှန်းခြေရနိုင်မယ့် လစာကို အလုပ်ရှာဖွေရေး အေဂျင်စီတစ်ခုက ပြုလုပ်ထားတဲ့ ဒီ Salary Guide ကနေ ကြည့်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီမှာ ဖော်ပြထားတဲ့ လစာတွေဟာ အမှန်တကယ်ရတဲ့လစာတွေထက် ၄၀၀-၅၀၀ လောက် ကွာနေတာကိုတော့ သတိပြုပါ..

JobStreet.com က ပြုလုပ်ထားတဲ့ Salary Report ကတော့ ပိုပြီး မှန်ကန်နီးစပ်မှုရှိပါတယ်..

Read More...

ကာတွန်းအတွေး

ဆရာအော်ပီကျယ်ရဲ့ ကာတွန်းအတွေးလေးတစ်ခုကို မျှဝေလိုက်ပါတယ်..

Read More...

Mar 14, 2007

ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း

ဆရာနန္ဒာသိန်းဇံ၏ “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” အမည်ရသည့် စာအုပ်မှ ဆရာပေါ်ဦးသက်ရေးဆွဲတဲ့ မျက်နှာဖုံးပန်းချီပုံ ဖြစ်ပါတယ်။



“ပြင်းထန်သော ဆန္ဒရှိသူတစ်ယောက်အဖို့ မိမိအလိုရှိအပ်သော အရာသည် စကြ၀ဠာ၏ ဟိုမှာဘက်ကမ်းတွင် ရှိသည် ဆိုငြားအံ့၊ ထိုအရာအား မီးခင်းသည့်လမ်းကို နင်းလျက်သွားရောက်ယူခြင်းဖြင့်သာလျှင် ရယူနိုင်မည် ဟုလည်း ဆိုငြားအံ့၊ ထိုသူသည် ဆန္ဒ၏ အဟုန်ဖြင့် သွားရောက်ယူပေလိမ့်မည်။ ရရှိသောအခါ၌မူ ထိုသူ၏ ခြေဖ၀ါးကိုပင် မီးမကူးကြောင်း တွေ့မြင်ရပေ လိမ့်ဦးမည်။ ဤကား ပြင်းထန်သော ဆန္ဒ၏ သတ္တိတည်း”

အထက်ပါ ဘုရားစကားကို ရည်မျှော်၍ မျက်နှာဖုံး ပန်းချီကို ရေးဆွဲလိုက်ရခြင်းဖြစ်ပါသည်။

(ပေါ်ဦးသက်)

Read More...

Mar 13, 2007

အရှေ့က နေ၀န်းထွက်သည့်ပမာ (ဒုတိယပိုင်း)

ဒုတိယပိုင်းကို ဖတ်ချင်သူတွေအတွက် အောက်မှာ ပေးထားတဲ့ လင့်ခ်ကနေ ယူပြီး ဖတ်နိုင်ပါပြီ...

[Download here]

ဒီစာအုပ်ရဲ့ ခေါင်းစဉ်ကို တို့ဗမာဆိုတဲ့ သီချင်းကနေ ပေးထားတာဖြစ်ပါတယ်..

တို့ဗမာ

တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား ???

Read More...

Mar 12, 2007

အရှေ့က နေ၀န်းထွက်သည့်ပမာ


“အရှေ့က နေ၀န်းထွက်သည့်ပမာပ.. တို့ခေတ်ကိုသာ ရောက်ရမည်မှာ မလွဲပါ” ဟု သီဆိုနေသံတွေကို နားထဲ ကြားယောင်မိသည့်အခါ ဆရာသိန်းဖေမြင့်ရေးတဲ့ “အရှေ့ကနေ၀န်းထွက်သည့်ပမာ” စာအုပ်ကို အမှတ်ရမိတတ်ပါတယ်။ ငယ်ငယ်ကတော့ ကျွန်တော့်အဘိုးက ထိုစာအုပ်ကောင်းကြောင်း ခဏခဏ ညွှန်းဆိုဖူးပါတယ်။ ပန်းဆိုးတန်း စာအုပ်အဟောင်းဆိုင်တန်းတွေမှာ မွှေနှောက်ရှာဖွေပေမယ့် ဘယ်လိုမှ ရှာမရခဲ့။ စင်္ကာပူရောက်ပြီး သုံးလေးနှစ်ခန့်အကြာမှာ အဲဒီစာအုပ်ကို မြန်မာဆိုင်တွေရှိတဲ့ ပင်နင်ဆူလာပလာဇာမှာ အသစ်ပြန်ပုံနှိပ်ထုတ်ဝေထားတာကို တွေ့ပါတယ်။ ဈေးနှုန်းကို ကြည့်လိုက်တော့ တစ်အုပ်ကို စင်္ကာပူ ၁၅ ဒေါ်လာ။ စာအုပ်က နှစ်အုပ်တွဲ။ ဒါနဲ့ မျက်စိစုံမှိတ်ပြီး ဒေါ်လာ ၃၀ ဖိုး ၀ယ်လိုက်ပါတယ်။ ၀ယ်လာပြီးပြီးချင်းညမှာပဲ နှစ်အုပ်လုံး တစ်ခါတည်း ဖတ်ပစ်လိုက်ပါတယ်။ ဒါနဲ့ .. နောက်တစ်ရက် အလုပ်သွားဖို့ မထနိုင်လို့ ခွင့်ယူလိုက်ရတာ မှတ်မိပါသေးတယ်။

ပထမပိုင်းကို အောက်က ပေးထားတဲ့လင့်ခ်ကနေ ယူပြီး ဖတ်နိုင်ပါတယ်။ ဒုတိယပိုင်းကိုတော့ မကြာခင် တင်ပေးပါမယ်။

[Download here]

Read More...

မဟုတ်မခံသူ

ဆရာအော်ပီကျယ်ရဲ့ ဒီကာတွန်းကို ဖတ်ပြီး မဟုတ်မခံတတ်တဲ့သူတွေအကြောင်း တွေးမိ ပြုံးမိပါတယ်..


Read More...