ဗန်ဂိုးလို့ လူသိများကြတဲ့ ဗင်းဆင့်ဗန်ဂိုးဟာ ပန်းချီလောကရဲ့ နတ်ဘုရားတစ်ပါးသဖွယ် လေးစားကြရတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် ဗင်းဆင့်ဗန်ဂိုးဟာ သူမသေခင်အချိန်အထိ သူ့ပန်းချီကားတစ်ကားကိုသာ ၀ယ်မယ့်သူပေါ်ခဲ့တာကတော့ စိတ်မကောင်းစရာပါပဲ။ ဒီကြယ်စုံတဲ့ည ပန်းချီကားကို ဗင်းဆင့်ဗန်ဂိုး မကွယ်လွန်ခင် ၁၃လ အလို ၁၈၈၉ခုနှစ်မှာ ရေးဆွဲခဲ့တာပါ။
Starry Night by Vincent Vangogh ကျွန်တော်ကြိုက်တဲ့ ပန်းချီကားတွေအကြောင်းရေးမယ် စိတ်ကူးမိတော့ ပထမဆုံးတွေးမိတာ ဒီပန်းချီကားပါပဲ။ ဒီ ပန်းချီကားမှာ ကြယ်တွေရယ် .. လခြမ်းဝါကွေးကွေးရယ် .. ဝှေ့ဝိုက်ပြီးတိုက်နေတဲ့လေတွေရယ် .. ကြယ်စုံတဲ့ညမှာ အိပ်မောကျနေတဲ့ အိမ်ကလေးတွေရယ် .. အားလုံးက အဲဒီညအကြောင်းကို အသံတိတ်ပြောပြနေကြတယ်။
တစ်ခါက gtalk status မှာ ကျွန်တော် ဒီလို ရေးထားဖူးပါတယ်။
“when i die, bury me in starry night sky”
အဲဒါကို မြင်သွားတဲ့ သူငယ်ချင်းတစ်ယောက်က “မင်း သေတဲ့အခါ အဲဒီပန်းချီကားကို အခေါင်းထဲထည့် မီးရှို့ပေးမယ်” လို့ နောက်ဖူးတာ သတိရပါတယ်။
တစ်ခါက အိပ်မက်မက်တော့ အိပ်မက်ထဲမှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ဒီလို အပြန်အလှန်ပြောကြတယ်။
ကောင်လေး- “when i die, bury me in starry night sky”
ကောင်မလေး - “ဒါဆို ကြယ်တွေငိုမှာပေါ့”
ကောင်လေး - “နင် ငါ့ကို သတိတရရှိတဲ့အခါ ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရုံပဲလေ”
ကောင်မလေး - “နင်က အရင်သေမလို့လား”
ကောင်လေး - “ကြယ်တွေပဲငိုမှာလား .. နင်ကရော”
ကောင်မလေး - “ငါကအရင်သေချင်တာ .. ငါအရင်သေတော့ နင်ငိုမငို ကြည့် လို့ ရတာပေါ့ ”
ကောင်လေး - “ငါ့ကဗျာတွေ ငိုကြလိမ့်မယ်”
.....
.....
တကယ်ပါ.. ကျွန်တော် သေဆုံးသွားတဲ့အခါ အဲဒီ ပန်းချီကားလေးကို ကျွန်တော့်အခေါင်းထဲ ထည့်ပေးလိုက်ဖို့ မမေ့ပါနဲ့ ...
Read More...
Summary only...