ကြယ်တွေအိပ်တန်းတက်ပြီလား
အလွမ်းနှစ်ဖက်သွားဓားတစ်လက်
ဟက်တက်ကြီးစိုက်ဝင်နေပုံက
အဖြေရတဲ့ညထဲ ပြန်ရောက်သွားသလိုမျိုး
ချောင်းဆိုးသံ တစ်ခါတစ်ခါထွက်နေတာကလွဲရင်
အနမ်းဖွဖွတွေကို ခံစားလို့ရသေးတယ်
ဟော ဟိုမှာ ..
ခရေတွေ တ၀ုန်းဝုန်းကြွေ
ကဗျာရွတ်သံတွေ ကြားကြားနေရတာ မဆန်းဘူး
လိမ္မော်ရည်တစ်ပုလင်း ပေးပါ
ထောပတ်သီးဖျော်ရည်တစ်ခွက် ပေးပါ
အတောင်ပံတစ်စုံ ပေးပါ
မှာချင်တာတွေသိပ်များနေပြီ
သက်ပြင်းတွေကို ဖြည်ချလိုက်တော့
အဆိပ်တစ်ခွက်ကို မော့ဖို့ မလိုတာ သေချာနေတဲ့နောက်
အိပ်မက်တွေထဲ လျှောက်
မဖြစ်နိုင်ဘူးဆိုတဲ့ စကားတွေထဲ လျှောက်
နှစ်ကိုယ်ကောင်းဆန်ဆန် ယုံကြည်မှုတွေထဲ လျှောက်
ဆုတောင်းကိုယ်စီနဲ့ လျှောက်
မဆုံးတမ်း လျှောက် လျှောက် လျှောက်
နွေဦးပေါက်တဲ့အခါ
ပိတောက်တွေ ပွင့်တဲ့အခါ
ကဗျာဆရာ ပြန်လာမယ်ဆိုတဲ့အကြောင်း
ပန်းသိအောင် အကြောင်းကြားပေးပါ... ။ ။
ခေလွန်း
၃၁ ဒီဇင်ဘာ ၂၀၀၆
မနက် ၃နာရီ ၁၅မိနစ်
Jan 22, 2007
သို့ .. စကားပန်း
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
1:20 PM
0
comments
ဒီဇင်ဘာမှာ ရွာမယ့်မိုး
ဆယ်နှစ်ဆယ်မိုး ပျိုးထားခဲ့တဲ့ မိုးတိမ်တွေက ပြောတယ်
ဒီဇင်ဘာမှာ
ရွာမယ် တဲ့..
ရပါတယ် ထီးမပါလဲ
မိုးရွာထဲ နှစ်ယောက်အတူပေါ့ (မဟုတ်ဘူးလား...)
စိတ်ကိုလျှော့ပြီး
ခေါင်းကိုမော့ထား
ပြီးတော့ အတိတ်တွေကို ထားခဲ့
စကားပန်းလေးကို ဖွဖွလေးနမ်းတဲ့အခါ
တစ်လောကလုံး အပြာရင့်
ဒီလိုနဲ့ ..
စကားပန်းတစ်ပွင့် ပွင့်ခဲ့တယ်.. ။ ။
ခေလွန်း
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
1:18 PM
0
comments
Oct 29, 2006
မိုင်ပေါင်းများစွာ
ကာရန်ညီညီ ကဗျာသီပြီး
သူ့အနီးမှာ နေဖူးပါရဲ့ ..
နုနယ်ပျိုမြစ် အချစ်မျက်နှာ
အခါခါကြည့် ရင်မှာငြိတွယ်
ကွယ်ဝှက်သိုသိပ် တိတ်ဆိတ်ဖူးရဲ့ ..
အိပ်မက်မြစ်တွေ ရေခြောက်ခမ်းလာ
ကြင်နာမိုးစဲ ကာရန်ကွဲကြေ
ဆည်းဆာတွေပျောက် ဝေးပြီးနောက်ဝယ် ... ။ ။
ခေလွန်း
(အထက်တန်းကျောင်းတုန်းက နွေရာသီကျောင်းပိတ်တော့ မှတ်မှတ်ရရ ရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်)
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
1:57 AM
1 comments
Goodbye
နေရောင်လွင့်ပါး
လမ်းခွဲသွားချိန်
ကိုယ်စီအိမ်ပြန်
ရင်ခုန်သံပြင်း
ငြိမ်သက်ခြင်းမဲ့
မျက်ဝန်းနဲ့ပြော
သောကဝေဒနာ
တုန်ခါခဲ့ရင်
တည်ငြိမ်ချင်ယောင်
တို့ဟန်ဆောင်နေ
ဒဏ်ရာတွေငါ
ကြေငြာမရဲ
မျိုသိပ်ဆဲလေ
အလွမ်းတွေသာ
ရင်မှာထင်ကျန်
အိမ်ပြန်လက်ဆောင်
နောင်တစ်ချိန်တို့
ဆုံဖို့မျှော်လင့်
ရင်နင့်ခွဲခွာ
ကြေကွဲစွာပေါ့
နှုတ်ဆက်တော့မယ်
အချစ်ရယ်လေ
တီးတိုးရေရွတ်
အို Goodbye ... ။ ။
ခေလွန်း
(စည်သူလွင်နဲ့အေးချမ်းမေ စုံတွဲဆိုထားတဲ့ သီချင်းလေးကို ပြန်ခံစားပြီး ငယ်ငယ်က ရေးဖြစ်ခဲ့တဲ့ကဗျာတစ်ပုဒ်)
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
1:45 AM
0
comments
ဒြပ်မဲ့ကမ္ဘာ
အကြည့်ခဏ
ဆုံခွင့်ရတိုင်း
ရင်ခွင်လှိုင်းထ
ထိန်းချုပ်ရခက်
ကိုယ်စီမျက်ဝန်း
စကားရွှန်းဝေ
တို့တတွေရဲ့
ဒြပ်မဲ့ကမ္ဘာ ... ။ ။
ခေလွန်း
(အထက်တန်းကျောင်းတုန်းက ရေးဖြစ်တဲ့ကဗျာတစ်ပုဒ်)
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
1:39 AM
0
comments
Oct 28, 2006
အပြုံး=ကဗျာ
မင်းရဲ့ .. အဲဒီအပြုံးတစ်ပွင့်က
ငါ့ရဲ့ .. ရင်ဘတ်ထဲက ကဗျာအတွက် မျိုးစေ့။
မင်းရဲ့ .. အဲဒီစကားသံတစ်ခုက
ငါ့ရဲ့ .. မတီးတာကြာပြီဖြစ်တဲ့ ဂစ်တာတစ်လက်ရဲ့အသံ။
မင်းက .. မင်းရဲ့အပြုံးကို စာလုံးပေါင်းပြတော့
ငါက .. မင်းရဲ့စကားသံကို အသံထွက်ဖတ်မိတယ်။
မင်းက .. ရယ်မလား
ငါက .. တယုတယသိမ်းထားတဲ့ နှစ်ချို့ကဗျာတွေပါ။
ဒီကဗျာတွေရဲ့ အစဟာ မင်းအပြုံး
ဒိကဗျာတွေရဲ့ အဆုံးဟာ မင်းအသံ
တိတ်တဆိတ် (ဒါမှမဟုတ်) အမှတ်မထင်
ကဗျာပင်လေး အသက်ဝင်လာပြီ ဆိုပါတော့ .. ။ ။
ခေလွန်း
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
1:12 AM
8
comments