Jun 8, 2007

ခြင်ကိုက်ခြင်း

“ခြင်ကိုက်ခြင်း”

တ၀ီဝီနဲ့ကွာ
မှားတယ် တဲ့
မှန်တယ် တဲ့
မှားတယ်ဆိုတာ မှန်ကြောင်း
မှန်တယ်ဆိုတာ မှားကြောင်း
သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း
လူ့သွေးချိုကြောင်း လူတွေအသုံးမကျကြောင်း
ခဏခဏ စာလုံးပေါင်းပြဖို့
ထုံးစံအတိုင်း
ခြင်တစ်ကောင် စာအုပ်လှန်နေတာတွေ့တယ်
စာတစ်ကြောင်းဖတ်လိုက်
သွေးတစ်စက်စုပ်လိုက်
အိုသွေးဆို ဒီခြင်က ပိုကြိုက်တယ်
ငြိမ်ငြိမ်လေးနေတော့ ဒီခြင်က ပိုကိုက်တယ်
လက်ခုပ်သံတွေ မစဲတော့ဘူး
ဆက်ကိုက် ဆက်ကိုက် မရပ်လိုက်နဲ့
ခြင်ကိုက်ခြင်းဟာ ခြင်ရဲ့မွေးရာပါဗီဇဖြစ်တယ်
ခြင်ဟာ ခြင်တစ်ကောင်သာဖြစ်ကြောင်း
လှစ်ကနဲ တစ်ချက်ပျံ ပြလိုက်တယ်
ဆစ်ကနဲ တစ်ချက်ကိုက် ပြလိုက်တယ်
“အား” ကနဲ အော်သံကြားမှ
ခြင်က ပျော်ရွှင်စွာ လက်ခုပ်လက်ဝါးတီးတော့တယ် ... ။ ။

ခေလွန်း
၂နာရီ ၅၅မိနစ်
ဇွန်လ ၈ ရက်၊ ၂၀၀၇

4 comments:

ကိုဖြိုး said...

တော်သေးတာပေါ့ကွာ လက်ခုပ်တီးတဲ့ ခြင်က တစ်ကောင်တလေမို့လို့

Mr. Programmer said...

ကောင်းလိုက်တဲ့ ကဗျာ။ လောင်ချာ နဲ့ပစ်လိုက်သလား မှတ်ရတယ်။

Anonymous said...

Bravo!

pandora said...

အင်း.. ကဗျာလေးက စိတ်ဝင်စားစရာ..:)