“တယ်လီဖုန်း”
“ချစ်တယ်” လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့။
မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့မရဘူး...။
ငါတို့ ဘာဖြစ်လို့ အငြင်းပွားနေကြရတာလဲ။
(တစ်ယောက်ကိုတစ်ယောက်) နားမလည်တာလည်း မဟုတ်ဘဲနဲ့...။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် သံသယဖြစ်နေကြတာလဲ။
“ယုံကြည်ပါ” လို့ ပြောစရာမလိုလောက်အောင် ယုံကြည်ထားခဲ့ရဲ့သားနဲ့...။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် ဒေါသတွေဖြစ်နေကြတာလဲ။
တို့နှစ်ယောက်ရဲ့ အချစ်ဟာ ကျိုးလွယ်ပဲ့လွယ်လည်း မဟုတ်ဘဲနဲ့ကွယ်...။
ငါတို့ လုပ်နေကြပုံက
တစ်ယောက်ခြေလှမ်းကို တစ်ယောက်က စောင့်ကြည့်အကဲခတ်နေကြပုံမျိုး။
ဒါ စစ်တုရင်ထိုးနေတာလည်း မဟုတ်ဘဲနဲ့ကွယ်...။
မင်း ငါ့ကို လွမ်းတဲ့အခါ ပွင့်ပွင့်လင်းလင်းပြောပါ
ငါလွမ်းတာကိုလည်း ပွင့်ပွင့်လင်းလင်းပြောမယ်။
“ချစ်တယ်” ဆိုတဲ့ စကားကို မကြာခဏပြောဖို့ မနှမြောစမ်းပါနဲ့...။
အချစ်ဆိုတာ တယ်လီဖုန်းတစ်လုံးလိုပါပဲ
မင်းက ဘာစကားမှ မပြောဘဲ ဖုန်းကိုပိတ်ထားရင်
ဘာမှ အသုံးမ၀င်တဲ့ ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့ ဘာထူးတော့မှာလဲ...။
(မင်းခိုက်စိုးစန်)
Jun 25, 2007
တယ်လီဖုန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment