Jun 28, 2007

လွတ်ကျခဲ့သောမြို့တော်မှ မြို့စားကြီးနေဘုန်းလတ်၏ မွေးနေ့ပွဲ

လွတ်ကျခဲ့သောမြို့တော်မှ မြို့စားကြီးနေဘုန်းလတ်၏ မွေးနေ့ပွဲကို ယနေ့ ဇွန်လ ၂၈ရက်နေ့က ဂျီတော့ခ်တွင် ကျင်းပခဲ့ရာ တက်ရောက်အားပေး ချီးမြှင့်ကြသူများကို မှောက်ကျခဲ့သော ကော်ဖီများ တစ်ခွက်စီ တိုက်ခဲ့ကြောင်း၊ ထို့အပြင် ဘလော့ဂ်ကို လည်ရောက်လည်ပတ်ကြသူများကို ကဗျာတစ်ပုဒ်ရွတ်ပြခဲ့ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ရရှိသည်။ ဆက်လက် စုံစမ်းရာတွင် မြို့စားကြီးနေဘုန်းလတ်၏ သူငယ်ချင်း အန္တရာယ်ဇုံတွင် နေထိုင်သူ ခင်မင်တတ်သော ဇင်ကိုလတ်မှ လတ်ပုံတူခြင်း အကြောင်းစုံကို ရှင်းလင်းကာ Birthday Wish လုပ်ခဲ့ကြောင်း၊ ဘလော့ဂ်များအကြားတွင် အိုအေစစ်ပိုင်ရှင် (သူဋ္ဌေးအိုနာစစ်နှင့် အမျိုးတော် မတော်မသိပါ) မောင်ပွတ် (ခ) Mr. Pooh မှလည်း စားချင်စဖွယ်မွေးနေ့ကိတ်ကြီးဖြင့် မြို့စားကြီးအတွက် မွေးနေ့လက်ဆောင် ပို့စ်တစ်ခု ရေးကာ Birthday Wish လုပ်ခဲ့ကြောင်း ဘလော့တိုင်း ဂျာနယ် အတွက် ဖောင်ပိတ်သတင်း အနေဖြင့် ရရှိသည်ဟု သိရပါသည်။


censored on 29th Jan, 2008

ယခုပုံမှာ တိုက်ဂါးဖလားတွင် မြန်မာအသင်းဖက်မှ တခဲနက်ထောက်ခံအားပေးနေသော နေဘုန်းလတ်၏ ရှားပါး ပုံ တစ်ပုံဖြစ်ပြီး ဂျီတော့ခ်မှတဆင့် ဇင်ကိုလတ်ပေးပို့သည်။


မြို့စားကြီးနေဘုန်းလတ် အောင်မြင်မှုမှတ်တိုင်များကို ဒီထက်မက စိုက်ထူနိုင်ပါစေ။

5 comments:

NayPhoneLatt said...

ဟေ့ကောင် အနောက်ကပုံတွေကို ဘာလို့ဝါးထားရတာလဲကွ ... သွားပါပြီ ငါ့ကိုတော့ အကုန်လုံးသိကုန်ပါပြီ

ညီညီ(သံလွင်) said...

အနောက်ကပုံကို မ၀ါးရင် ငါ့ပုံပါ သူများတွေ မြင်သွားမှာပေါ့ မြို့စားကြီးရဲ့

Unknown said...

အေး.. သေချာတာပေါ့ ညီညီရယ်။ ပါးစပ်ကြီးပြဲနေတဲ့ ငါ့ပုံလည်း ပါသွားမှာပေါ့ကွ။

Anonymous said...

မြို့စားကြီးမွေးနေ့ပွဲက တော်တော်စည်ကားတာပဲ.. တကယ့်ကို ရှားရှားပါးပါး ဓါတ်ပုံတစ်ပုံပါပဲ.. =)
မြို့စားကြီးက ခုလိုလဲဘောလုံးပွဲကို တက်တက်ကြွကြွ အားပေးတာကိုး..
ထပ်ပြီး ဆုတောင်းပေးလိုက်ပါအုံးမယ်.. Happy Birthday again Bro..

Anonymous said...

ကိုညီညီတော်တယ် တစ်ယောက်တည်း ရှင်းရှင်းလင်းလင်း မြင်သွားတာပေါ့။