Jun 25, 2007

နားလည်မှုလွဲခြင်း

နားလည်မှုလွဲမှားခြင်းကြောင့် ပို့စ်တစ်ခုကို မနက်က ရေးဖြစ်သည်။ ယခုတော့ ကာယကံရှင်ကိုယ်တိုင်မှ ကျေနပ်အောင် တောင်းပန်လာသဖြင့် ထိုပို့စ်ကို ကျွန်တော် ပြန်လည်ရုပ်သိမ်းလိုက်ပါသည်။ အမှန်ကတော့ ကျွန်တော်သည် အားနာတတ်သူတစ်ယောက်ဖြစ်သဖြင့် ယခုလို တောင်းပန်လာချိန်တွင် ကျွန်တော်၏ တုံ့ပြန်သောအရေးအသားအတွက် အထူးပင် အားနာမိပါသည်။ အမှန်တရားဘက်မှ ရပ်တည်တတ်သည့် မိမိအမှားကို မှားကြောင်းဝန်ခံတတ်သည့်သူတစ်ယောက်ကို ကျွန်တော် လေးစားပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်တွင် သူငယ်ချင်းအသစ်တစ်ယောက် တိုးလာသည်ဟု ခံယူပါသည်။ နားလည်မှုလွဲမှားခြင်းကြောင့် လူအချင်းချင်း စည်းတစ်ဘက်ခြားကာ ဆက်ဆံမိစေသလို နားလည်မှုတစ်ရပ်တည်ဆောက်နိုင်ခြင်းကြောင့် မိတ်ဆွေများ တိုးပွားစေသည်ဟုလည်း ယုံကြည်ပါသည်။

No comments: