Jun 9, 2007

မနက်ဖြန်မှာ နင်နဲ့ငါ

“မနက်ဖြန်မှာ နင်နဲ့ငါ”

ပထမအရွယ်မှာ
စကားပန်းပွင့်လေး နင့်ကို စတွေ့ခဲ့တယ်
အဲဒီတုန်းက
ကဗျာအပိုင်းအစတွေရေး
နင့်အပြုံးလေးတွေ ငေးမောရင်း
ငါတစ်ယောက်ထဲ မိုးလင်းသွားတဲ့ညတွေရှိဖူးတယ်။

နောက် ၁၀နှစ်အကြာ ..
ဒုတိယအရွယ်မှာ
ငါတို့ တစ်ခါပြန်ဆုံခွင့်ရ
ပန်းစကားအိပ်မက်ညတွေ
ချိုမြိန်လှပတဲ့နေ့စွဲတွေ
နင့်အသံလေးတွေ ကြားယောင်ရင်း
ငါတစ်ယောက်ထဲ မိုးလင်းသွားတဲ့ညတွေရှိဖူးတယ်။

မနက်ဖြန်မှာ
နင်နဲ့ငါ
ကောင်းကင်ပြာကြီးအောက်
နှစ်ယောက်အတူ ထိုင်
ကဗျာဝိုင်တွေပဲ သောက်နေမလား
နှစ်ယောက်အတူ အော်ဟစ်
အချစ်သီချင်းတွေပဲ ဆိုနေမလား
နှစ်ယောက်အတူ ဆုတောင်း
အတောင်ပံတွေညောင်းတဲ့အထိပဲ ပျံနေမလား
ပြီးတော့
နင်နဲ့ငါ
နှစ်ယောက်အတူပဲ လျှောက်နေမလား
ဘ၀ရဲ့ နေရောင်တွေ ပျောက်သွားတဲ့အထိ ... ။ ။

ခေလွန်း

1 comment:

Anonymous said...

ဆုတောင်းပြည့်ပြီပေါ့နော်.. ညက အိပ်လို့တောင်ပျော်ရဲ့ လား.. =)