Jun 4, 2007

တနင်္ဂနွေနေ့မှာ

ကဗျာတစ်ပုဒ်ရေးပေးမယ်လို့ ချစ်သူကို ဒီနေ့ ကတိပေးလိုက်တယ်။ ဒီတော့ ကဗျာတစ်ပုဒ် ချရေးဖြစ်တယ်။ ထုံးစံအတိုင်း စိတ်ထဲ ရှိရာတွေပါပဲ။ စကားလုံးတွေက လက်ရှိစိတ်ခံစားချက်ကို အကုန်မဟုတ်တောင် တ၀က်တပျက်တော့ ပုံဖော်နိုင်မယ် ထင်ပါတယ်...

“တနင်္ဂနွေနေ့မှာ”

ကြားနေကျ ခပ်များများမယုံသင်္ကာစကားလုံးတွေ .. လွှင့်ပစ်ထားခဲ့
အေးခဲလုမတတ်ဖြစ်နေတဲ့ သွေးခွဲချင်သူတွေရဲ့ ခပ်ရိုင်းရိုင်းအမူအကျင့်တွေ .. လွှင့်ပစ်ထားခဲ့
မမီတဲ့ စပျစ်သီးကို ချဉ်တယ် ပြောတတ်တဲ့ ခပ်ပြင်းပြင်းခံတွင်းနံ့ဆိုးတွေ .. လွှင့်ပစ်ထားခဲ့
စတုရန်းနဲ့ စက်ဝိုင်း ထပ်တူမကျကြောင်း အားအားယားယား စာလုံးပေါင်းပြတတ်တဲ့ ခပ်ထူထူအတ္တတွေ .. လွှင့်ပစ်ထားခဲ့
အလိုမတူတိုင်း အလိုမကျ မလိုတမာဖြစ်နေတဲ့ အရူးအနှမ်းတွေ .. လွှင့်ပစ်ထားခဲ့
ဒီ ပုပ်သိုးသိုး ညှီစို့စို့ အမှောင့်ပယောဂတွေအတွက်
တစ်လက်မတောင် လမ်းဖယ်ပေးစရာ မလိုဘူး။

ဟောဒီမှာ ...
ရေကြည်တယ် မြက်နုတယ်
တိမ်ပြာတယ် .. နေသာတယ်
ချစ်သူရေ ..
ငါ့လက်ကို မြဲမြဲဆုပ်ပါ
ယုံကြည်ရာ နားလည်ရာ ခြေရာလက်ရာမပျက်သရွေ့
ရှေ့မှာ ..
ဆန်းဒေးဆိုတဲ့ နေ့တစ်နေ့က စောင့်နေတယ် ... ။ ။

ခေလွန်း

4 comments:

Anonymous said...

ကိုညီညီ နဲ့ မပိုး တို့ရဲ့ အဲဒီ့ တိမ်ပြာပြာနေ့ တစ်နေ့ ဆန်းဒေး ဆိုတဲ့ နေ့တစ်နေ့ အမြန်ဆုံးရောက်ပါစေလို့.. =)

ကိုဖြိုး said...

ကြာတယ်ကွာ ဒီတစ်ပါတ်ဆန်းဒေးလုပ်လိုက် ဒါမှ ငါတို့စားကြောခိုင်မှာ ....

ညီညီ(သံလွင်) said...

demo >> အခုလို ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါ ညီမရေ။

ကိုဖြိုး >> ဒီတစ်ပတ် ဆန်းဒေးလုပ်ရအောင် မင်းက စပွန်ဆာ ပေးမှာလား?

ကိုဖြိုး said...

အေးမင်းကြိုက်တဲ့ ဘုန်းကြီးကျောင်းသာရွေးကွာ ဆရာတော်ကို ငါလိုက်ပြောပေးမယ်