Aug 16, 2007

နံပါတ်တွေနဲ့ ရေးတဲ့ကဗျာ

အနာဂတ်ကို စိတ်ထဲမှာမှတ်
လက် ရှစ်ချောင်းထောင်
မရေရာမှုတွေကြောင့်
နေ့ရောညပါ မှောင်သလား။

တစ် .. ကုန်ဈေးနှုန်း တက်တယ်
ငါး .. ကိုယ်ရည်ကိုယ်သွေး ကျတယ်
သုည .. စိတ်ဓာတ် ကျတယ်
ရှစ် .. ကားခ တက်တယ်
နှစ် .. ငွေစက္ကူတန်ဖိုး ကျတယ်
သုည .. လောင်စာဆီ တက်တယ်
သုည .. ယုံကြည်မှု ကျတယ်
ခုနစ် .. ဆင်းရဲမွဲတေမှု တက်တယ်

တစ် ငါး
သုည ရှစ်
နှစ် သုည သုည ခုနစ်
နစ်သထက် နစ်
အစ်သထက် အစ်
ကြယ်တွေလခြမ်းတွေ အစား
ရှစ် ဆိုတဲ့ နံပါတ်သာ ပုခုံးမှာ ထမ်းထားတော့… ။ ။

ခေလွန်း

2 comments:

pandora said...

Poetry is code. တဲ့ ဟဲဟဲ..

မိုက်တယ်ကွာ .. အဲဒီအကြောင်းတွေ တွေးတိုင်း အဲဒီဂဏန်းလေး အမြဲရွတ်နေကျ..

Anonymous said...

မိုက်လှချီလား..