အဲဒီညက ကျွန်တော် အဖေနဲ့အတူ မြို့တော်ခန်းမရှေ့နားက အစာငတ်ခံ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို သွားကြည့်ကြတယ်။ လူတွေ တိုးမပေါက်ဘူးဆိုတာ မှတ်မိရုံက လွဲလို့ ကျွန်တော့်ရဲ့ အာရုံမှာ ပုံရိပ်တွေ ရေးတေးတေးနဲ့ အသေအချာ မမှတ်မိတော့ဘူး။
အဲဒီညက ကျွန်တော့်ကို အိမ်ပြန်ပို့ပြီး အဖေ နောက်တစ်ခါ အဲဒီနေရာကို ပြန်ထွက်သွားတယ်။
အဲဒီညက အဖေပြန်ရောက်လာပြီး မကြာပါဘူး။ သေနတ်သံတွေ ဗြောင်းဆန်နေတယ်။
အဲဒီညက ကျွန်တော်တို့ တစ်မိသားစုလုံး ၄၂လမ်းမှာ ရှိတဲ့ အိမ်အပေါ်ထပ်ခိုးလေးမှာ ငြိမ်ငြိမ်လေး မီးအမှောင်ချပြီး နေရတယ်။
အဲဒီညကများ အဖေ အိမ်ကို ပြန်မလာနိုင်ဘဲ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် အခုနေ ဘာများဖြစ်နေမလဲ မတွေးဝံ့ဘူး။
အဲဒီညမှာ မိဘတွေ ဆုံးရှုံးသွားတဲ့ သား၊သမီးတွေ၊ သားသမီးတွေ ဆုံးရှုံးသွားတဲ့မိဘတွေ၊ ပြန်မလာနိုင်တော့တဲ့ ညီအစ်ကိုမောင်နှမတွေ မရေမတွက်နိုင်အောင် များပြားခဲ့လိမ့်မယ်။
အဲဒီညကို ဖြတ်သန်းခဲ့တာ ၁၉ နှစ်တောင် ရှိခဲ့ပြီပဲ။
အဲဒီညဟာ တကယ့်ကို သွေးစွန်းခဲ့တဲ့ညပါပဲ။
အဲဒီညကြောင့်ပဲ ရှစ်နှစ်သားအရွယ် ကျွန်တော့်အတွက် ရှစ်လေးလုံးဟာ ရှစ်ငါးလုံးဖြစ်ခဲ့တယ်။
Aug 8, 2007
မမေ့နိုင်သော ၁၉၈၈ သြဂုတ်လ ၈ရက်ည
Subscribe to:
Post Comments (Atom)
No comments:
Post a Comment