Aug 28, 2007

ကဗျာဆရာအမည် စာရင်းဝင်သွားခြင်း

သေရဲနေရဲတယ်ဆိုတာ
ကိုယ့်မြန်မာအချင်းချင်း ဖိနှိပ်ရတာဆိုရင်

လုပ်ရဲကိုင်ရဲတယ်ဆိုတာ
ကိုယ့်မြန်မာအချင်းချင်း ခေါင်းပုံဖြတ်ရတာဆိုရင်

တွေးရဲခေါ်ရဲတယ်ဆိုတာ
ကိုယ့်မြန်မာအချင်းချင်း ဖြစ်ချင်တာဖြစ်ပစေ သဘောထားရတာဆိုရင်

ပြောရဲဆိုရဲတယ်ဆိုတာ
ကိုယ့်မြန်မာအချင်းချင်း ဆဲဆိုငြင်းခုန်ရတာဆိုရင်

တိုက်ရဲခိုက်ရဲတယ်ဆိုတာ
ကိုယ့်မြန်မာအချင်းချင်း ရိုက်ရနှက်ရတာဆိုရင်

ခင်ဗျားတို့ နာမည်စာရင်းအရှည်ကြီးထဲက
“ချေမှုန်း” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ကဗျာဆရာ လို့ ခပ်ရဲရဲထည့်လိုက်ပါ။

ညီမင်းနိုင်

(မှတ်ချက်။ ။ “ဦးမင်းလူ နှုတ်ထွက်သွားခြင်း” ဆိုတဲ့ ဆရာမင်းလူရဲ့ ကဗျာတစ်ပုဒ်ကို သတိရမိပြီး ခုရက်ပိုင်း ခံစားနေရတဲ့ ခံစားချက်တွေကို ကဗျာအဖြစ် အသွင်ပြောင်းကြည့်တာပါ)

2 comments:

ကိုဖြိုး said...

ဦးမင်းလူကို သတိတွေရသွားတယ်ကွာ ..

သွင်မောင် said...

ကျွန်တော်အခုမှဒီဘလော့မှာကော်မန့်ရေးတာပါ... ကဗျာလေးကိုသဘောကျလို့ပါ။