Aug 8, 2007

ဝင်းမြန်မာမှ ဇော်ဂျီသို့ ပြောင်းလဲပေးနိုင်သည့် ပရိုဂရမ်



ဝင်းဖွန့်နဲ့ ရိုက်ထားတဲ့ စာတွေကို ၀င်းကနေ ဇော်ဂျီကို ပြောင်းလဲပေးနိုင်တဲ့ ပရိုဂရမ်တစ်ခုကို အကြမ်းထည်တော့ ရေးပြီးသွားပါပြီ။ လိုအပ်ချက်တွေ ရှိနေဦးမှာပါ။ ဒါကြောင့် Beta Version 1 အနေနဲ့ စမ်းချင်တဲ့သူများ Download လုပ်ပြီး စမ်းသပ်နိုင်အောင် တင်ပေးထားပါတယ်။ Beta Version 1 မှာ ၀င်းကနေ ဇော်ဂျီပြောင်းလို့သာ ရပေမယ့် Beta Version 2 မှာတော့ ဇော်ဂျီကနေ ၀င်းဖွန့်ကို ပြောင်းလို့ရအောင် ပြုလုပ်ပေးသွားပါမယ်။




အမှန်ကတော့ ဒီလို utility လေးကို ဖန်တီးချင်ခဲ့တာ ကြာပါပြီ။ မြစေတီ ယူနီကုတ်ဒ်ကို သုံးခါစ ၂၀၀၅ ၀န်းကျင်လောက်ကတည်းက စမ်းပြီး လုပ်ဖြစ်ခဲ့ပေမယ့် အခြေအနေအရပ်ရပ်ကြောင့် ဆက်မလုပ်ဖြစ်ခဲ့တာပါ။

ပြီးတော့ လေ့လာချင်သူတွေ လေ့လာလို့ရအောင် source code ကိုပါ ပေးသွားမှာပါ။ ကျွန်တော် ဒီ utility program လေးကို Visual Studio 2005 ကို အသုံးပြုပြီး C#.net programming language နဲ့ ရေးသားခဲ့ပါတယ်။

ဒီနေရာကနေ Download လုပ်နိုင်ပါတယ်။

------------------
နောက်ဆက်တွဲ (ဇွန်လ ၂ ရက်၊ ၂၀၀၉)

ဇော်ဂျီကနေ ၀င်းဖွန့်ကို ပြောင်းလို့ရအောင် မလုပ်ဖြစ်သေးဘူး။ Source Code လိုချင်တယ်ဆိုပြီး အီးမေးလ်ပို့ တောင်းဆိုလာသူတွေ ရှိတာကြောင့် Source Code ကို ဝေမျှပေးလိုက်ပါတယ်။

Source Code ကို ဒီကနေ ရယူနိုင်ပါတယ်
Download

ပရိုဂရမ်ကို ဒီကနေ ရယူနိုင်ပါတယ်
Download

4 comments:

Anonymous said...

တော်လိုက်တာ ညီညီ ။ ကျေးဇူးပဲ ။ ပြောင်းကြည့်ဦးမယ် ။ အမအရင်ရိုက်ထားတဲ့စာတွေ အားလုံးက ၀င်းမြန်မာနဲ့ ဖြစ်နေတာ.. အတော်ပဲ ။

pandora said...

ကျေးဇူးပဲ ညီညီ လောလောဆယ်တော့ ကိုမောင်လှ ဘလော့ဂ်က ပေးထားတဲ့ လင့်ခ်နဲ့ ပြောင်းတယ်။ ရုံးကဆိုရင် အဲဒါပဲသုံးတယ်။

ညီညီ(သံလွင်) said...

မဂျစ်နဲ့ မပန် >> ဒီလကုန်လောက်တော့ Beta version 2 ထွက်လာနိုင်မှာပါ။ အဲဒီမှာ လောလောဆယ်လိုနေသေးတာလေးတွေ ထပ်မံဖြည့်စွက် ထားပါမယ်။ ပြီးတော့ ဇော်ဂျီကနေလည်း ၀င်းကို အပြန်အလှန်ပြောင်းလို့ ရမှာပါ။

sankooo said...

အစ်ကို ရေ source code လေးပေးမယ်ဆို
ရချင်တယ်
လုပ်ပါဦး
ကျွန်တော်က PHP နဲ့ ၀င်းမြန်မာ၊ဇော်ဂျီ စတဲ့ဖောင့်အားလုံးကို Myanmar 3 ပြောင်းဖို့ Try ချင်လို့ပါ..
အစ်ကိုရဲ့ source code နမူနာလေးကိုလေ့လာချင်လို့ပါ.
ကျေးဇူးတင်ပါတယ်..