“အမှောင်ထဲလျှောက်နေသူများ”
အမှောင်ထဲမှာ အမှောင်ကို မြင်မြင်နေရတာ
မဆန်းဘူးမဟုတ်လား
အလင်းထဲမှာ အမှောင်ကို မြင်မြင်နေရတာတော့ ဆိုးတယ်
လမ်းလွှဲကြီးအတိုင်း ဇွတ်အတင်းလျှောက်ခိုင်းနေတာ
ချောက်ထဲက ဘ၀တွေကို အားမနာ ပါးမနာ
မီးတွေ ပျက်တုန်း
ဖုန်းတွေ ပျက်တုန်း
လမ်းတွေ ပျက်တုန်း
ရေတွေ ကြီးတုန်း
ကုန်ဈေးနှုန်းတွေ ကြီးတုန်း
အပြောတွေ ကြီးတုန်း
အဲဒီလို
ဝရုန်းသုန်းကားခေတ်ထဲ
ဗလောင်းဗလဲအကျင့်တွေ ခေတ်စားတယ်
ဗရုတ်သုတ်ခအမြင်တွေ ပေါ်ပြူလာဖြစ်တယ်
ဗာလာနံတွေ နေရာအပြည့်ယူထားတယ်
ကြာတော့
မြဲမြဲဆုပ်ခံထားရတဲ့ ခုံတွေကို သနားတယ်
မြဲမြဲဆုပ်ကိုင်ထားတဲ့ လက်တွေကို သနားတယ်
ကျီးလန့်စာ စားမလား
မိုးခါးရေ သောက်မလား
ငရဲတံခါးကတော့ ပိတ်ကို မပိတ်တော့ဘူး...။ ။
ခေလွန်း
မေလ ၁၁ရက် ၂၀၀၇
May 11, 2007
အမှောင်ထဲလျှောက်နေသူများ
Subscribe to:
Post Comments (Atom)
3 comments:
ဟာ...ဒီကောင် အမှန်တွေကို လျှောက်ပြောရလား?
ဒီကဗျာရေးတာ ညီညီတဲ့လား ခဏလောက်လိုက်ခဲ့နော်..
ohh... what a great reflection of the current situation! nice one bro
Hnin
Post a Comment