May 30, 2007

မကဖြစ်တဲ့ပြဇာတ် (အပိုင်း ၂)

စင်္ကာပူလေဆိပ်တွင် လေယာဉ်ဆိုက်ခါနီး စကားပြောခန်း


(ထို့နောက် မီးပြန်လင်းလာရန်)
(ရှက်ကီ နှင့် ချက်တီတို့ အိပ်နေရန်။ ဘတ်တီ နိုးနေရန်)

(လေယာဉ်ပျံ စင်္ကာပူချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို မကြာမီ ဆိုက်တော့မည်ဖြစ်ကြောင်း ကြေညာရန်)

ဘတ်တီ - ဟေ့ကောင်တွေ အိပ်မနေနဲ့ ထကြတော့ .. စင်္ကာပူရောက်တော့မယ်တဲ့။

ရှက်ကီ - (လန့်နိုးလာပြီး အိပ်ချင်မူးတူးအသံဖြင့်) ဟင်.. ဒါဆို ဘီယာကို ရေခဲနဲ့သောက်ရတော့မှာပေါ့ ..

ဘတ်တီ - ဘာ.. ဘီယာကို ရေခဲနဲ့သောက်ရမယ်။ မင်းကို ဘယ်သူပြောလဲ။

ရှက်ကီ - ငါက စင်္ကာပူမလာခင်ကတည်းက အပီစုံစမ်းပြီးသား။ ရှက်ကီပါကွ။ ရန်ကုန်မှာကတည်းက အကျင့်ရအောင် စမ်းသောက်ကြည့်ပြီးပြီ။

ဘတ်တီ - အေး ကောင်းတယ်.. ငါလည်း စင်္ကာပူပူးအကြောင်း လေ့လာခဲ့တယ်။

ရှက်ကီ - ဘာလဲကွ။ စင်္ကာပူမှာ စင်္ကာပူပူးတွေ။ စင်္ကာပူကြွက်တွေ ရှိလို့လား။

ဘတ်တီ - မသိရင်မှတ်ထား .. အစ်ကိုအောင် ရန်ကုန်ကို ဟိုတစ်ခါပြန်လာတုန်းက ငါ့ကို ပြောဖူးတယ်။ စင်္ကာပူမှာ စင်္ကာပူပူးဆိုတာရှိတယ်တဲ့။ မင်းတို့ရန်ကုန်မှာက နှစ်လုံး၊သုံးလုံးပဲ ဆော့ကြတာ။ စင်္ကာပူမှာက လေးလုံးဆော့ကြတယ်တဲ့။

ရှက်ကီ - ဘာလဲ 4D(4 digits) ဆိုတာလား။

ဘတ်တီ - ဟုတ်တယ် .. 4D .. Toto .. S'pore Sweep .. ဘောလုံးပွဲ အစုံရှိတယ်။ ငါတော့ စင်္ကာပူရောက်တာနဲ့ တရားဝင်လောင်းကစားသမားဖြစ်ပြီ။

ရှက်ကီ - အံမယ် .. တယ်ဟုတ်ပါလား .. ဘာတဲ့ .. တရားဝင်လောင်းကစားသမားဆိုတာ လင်းစမ်းပါဦး။

ဘတ်တီ - ဒီမယ် ကိုယ့်လူ .. မင်းကို တစ်ခုမေးမယ် .. ရန်ကုန်မှာ လောင်းကစားဒိုင်ဆိုတာ တရားဝင်လား။ လောင်းကစားလုပ်တာဟာ တရားဝင်လုပ်ကြတာလား။

ရှက်ကီ - ရန်ကုန်မှာ တရားဝင်ဒိုင် မရှိပါဘူး။ ဒီလိုပဲ တိုးတိုးတိတ်တိတ် ဖုန်းဆက်လောင်းကြတာပဲ။

ဘတ်တီ - အေး .. စင်္ကာပူမှာတော့ စင်္ကာပူပူးဆိုတာ တရားဝင်ဒိုင်ပဲ။ တရားဝင်ဒိုင်ကနေ လောင်းတာဟာ တရားဝင်တယ်။ ဒါကြောင့် ငါက တရားဝင်လောင်းကစားသမားဖြစ်ပြီလို့ ပြောတာ။

ချက်တီ - (မျက်စိနှစ်လုံးပွင့်လာပြီး ပြောရန်) ဟေ့ကောင်တွေ တရားဝင်တာတွေ တရားမ၀င်တာတွေ ဘာတွေ လျှောက်ပြောနေတာလဲ။ လောင်းကစားလုပ်တယ်ဆိုတာ မကောင်းတာလုပ်တာပဲ။ မကောင်းတာလုပ်ပြီး လူကြားကောင်းအောင် ငါလုပ်တာ တရားဝင်ပါတယ် တရားဝင်ပါတယ် ထထ အော်နေလို့ ဘယ်ဖြစ်မလဲ။

ရှက်ကီ - ဟုတ်ပါပြီကွာ ချက်တီ .. ချက်တာကရော ကောင်းတာလုပ်တာလား မကောင်းတာလုပ်တာလား။

ချက်တီ - ဒီလို ငါ့ကို ပြန်ပြန်မမေးနဲ့ကွာ။ ငါပြောတာနားထောင်။ ငါပြောသလိုလိုက်လုပ်။ ငါ့ကိုပြန်မပြောနဲ့။ ငါ့ကို ဘုမတောနဲ့။ မင်းကို အချိန်မရွေး ဖြုတ်ပစ်လိုက်လို့ရတယ် နားလည်လား။ ဒါ .. ငါတို့ အဖိုးကြီးရဲ့ ပေါ်လစီပဲ။

ဘတ်တီ - ဘယ်က အဖိုးကြီးလဲ ။

ချက်တီ - မင်းကလဲကွာ .. ငါတို့ လမ်းထဲက ဘုရင်ရူးရူးနေတဲ့ အဖိုးကြီးလေ ..။

ရှက်ကီ - ဒါနဲ့ ချက်တီ .. မင်းက ရန်ကုန်က မဟုတ်ဘူးဆို။

ချက်တီ - အေး .. ငါက နေပြည်တော်ကလာတာ ... ။

No comments: