May 9, 2007

အမုန်းအလိုမရှိ - မင်းလူ

“အမုန်းအိပ်ပျော်နေပါစေ
သူနိုးလာလျှင် ကမ္ဘာကြီးအတွက်
စိုးရိမ်စရာ ဖြစ်လာလိမ့်မည်”


ဆရာမင်းလူရေးတဲ့ တက္ကသိုလ်ဇာတ်လမ်းတွေကို ဟိုးတုန်းကတည်းက ကြိုက်နှစ်သက်ခဲ့တာ။ အမုန်းအလိုမရှိကလည်း ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ ၀တ္ထုတစ်ပုဒ်လို့ ပြောလို့ရပါတယ်။
တက္ကသိုလ်အနုပညာအသင်း၊ ပန်းချီခန်းမ၊ နံရံကပ်စာစောင်တွေ၊ ပြီးတော့ “လတ်သခင်” ဆိုတဲ့ ကောင်မလေး.. အားလုံးက စိတ်ကူးယဉ်စရာတွေချည်းပဲ ဖြစ်ခဲ့တယ်။ ငယ်ငယ်ကတည်းက အဲဒီလို တက္ကသိုလ်ကျောင်းသားဘ၀ကို မျှော်လင့်အိပ်မက်ခဲ့တာ။ ဒါပေမယ့် အဲဒီအိပ်မက်တွေ ဖြစ်မလာခဲ့ဘူးဗျာ။ ဆယ်တန်းအောင်ပြီးတဲ့နောက် ကျွန်တော် စင်္ကာပူကို ရောက်လာခဲ့တယ်လေ။

ကျွန်တော် ကြိုက်လွန်းလို့ သုံးခေါက်ထက်မက ပိုဖတ်ဖြစ်တဲ့ စာအုပ်အတော်နည်းပါတယ်။ အမုန်းအလိုမရှိကို ဘယ်နှစ်ခေါက်ဖတ်ပြီးပြီဆိုတာ ရေလို့မရတော့ဘူးဗျ.. :)

ခင်ဗျားတို့ ဖတ်ကြည့်ချင်တယ်ဆိုရင်တော့ ဟောဒီကနေ Download [File Size: 2.31MB] လုပ်ပါ။

Alternative Download Link : Download here

3 comments:

ကိုဖြိုး said...

ေ-ာက်ရမ်းကျေးဇူးတင်တယ်ကွာ ငါလည်း ၀ယ်ထားတာတော့ရှိတယ် ဘယ်ကောင်ငှားသွားပြီး ပြန်မပေးမှန်းမသိလို့

Anonymous said...

Thanks for sharing this,Bro. မန်နေဂျာကြီး လစ်ရင် Print ထုတ်ပြီး အိမ်ရောက်ရင် ဖတ်ရမယ်.. =D

NayNay said...

Ko Nyi Nyi
Thanks for sharing.
I also like MinLu.
့ရှိသေးရင်လဲထပ် share ပေးဦးနော်