Mar 16, 2007

မြန်မာအခက် စင်္ကာပူအချက်


အခုနှစ်ပိုင်းမှာတော့ စင်္ကာပူဟာ မြန်မာတွေအတွက် အလုပ်ရှာဖို့ ရေကြည်ရာ မြက်နုရာဖြစ်လာနေပါတယ်။ စနေ၊ တနင်္ဂနွေ မြို့ထဲဘက်သွားရင် မြန်မာတွေ ဟိုနားတစ်စု..ဒီနားတစ်စုနဲ့ တွေ့ရမှာပါ။ အခုတလော မြန်မာပြည်ကနေ စင်္ကာပူကို အများဆုံး အိတ်စ်ပို့လုပ်နေတာကတော့ မြန်မာလူငယ်အိုင်တီသမားတွေ ဖြစ်မယ် ထင်ပါတယ်။ အလည်အပတ်ဗီဇာနဲ့ လာရောက် အလုပ်ရှာဖွေကြပြီး အလုပ်ကောင်းကောင်း လခကောင်းကောင်း ရသွားကြသူတွေ ရှိသလို၊ မျှော်လင့်ထားသလို မဖြစ်ဘဲ ပြည်တော်ပြန်ကြရသူတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ရွှေမြန်မာတွေကတော့ ၀င်လာမစဲ တသဲသဲဖြစ်နေဆဲပါ။ စင်္ကာပူကလည်း မြန်မာလူငယ်ပညာတတ်တွေကို ပြုံးပြုံး ပြုံးပြုံးနဲ့ အလုပ်အကိုင်တွေပေး၊ တရားဝင်လုပ်ကိုင်ခွင့်ပါပစ် ရလို့ နည်းနည်းကြာတာနဲ့ အမြဲတမ်းနေထိုင်ခွင့်တွေ ရက်ရက်ရောရော ပေးပါတယ်။ အဲဒီနောက်တော့ စလုံးနိုင်ငံသားခံယူချင်သူများကိုလည်း အထူး အခွင့်အရေးတွေ တပုံတပင်ပေးပြီး တစ်ခါတည်း အပိုင်စီးထားလိုက်ပါတော့တယ်။ ဒါပေါ့ဗျာ.. မြန်မာအခက် စင်္ကာပူအချက်ဆိုတာ..

မြန်မာပြည်ကနေ စင်္ကာပူမှာ လာရောက် အလုပ်ရှာလိုသူများအတွက် ခန့်မှန်းခြေရနိုင်မယ့် လစာကို အလုပ်ရှာဖွေရေး အေဂျင်စီတစ်ခုက ပြုလုပ်ထားတဲ့ ဒီ Salary Guide ကနေ ကြည့်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီမှာ ဖော်ပြထားတဲ့ လစာတွေဟာ အမှန်တကယ်ရတဲ့လစာတွေထက် ၄၀၀-၅၀၀ လောက် ကွာနေတာကိုတော့ သတိပြုပါ..

JobStreet.com က ပြုလုပ်ထားတဲ့ Salary Report ကတော့ ပိုပြီး မှန်ကန်နီးစပ်မှုရှိပါတယ်..

2 comments:

Nay Nay Naing said...

ဒါဖတ်ပြီး ကိုယ့်ကိုကိုယ် လစာ ဘယ်လောက်ရလို့  ဘယ်အဆင့်ထဲ ထည့်ရမယ်မှန်းမသိတော့ဘူး.. ကျွန်တောနဲ့ သိပ်မကိုက်သလိုပဲ. သူများတွေ အတွက် လစာရယ် experience ရယ် တွေက okie မယ်ထင်တယ်...တွေးမိတာလေးပါ.. ကျွန်တော် ဘယ်လောက်ရလဲ ညီည်ီသိပေမယ့် ဒီမှာတော့ လာမပြောနဲ့ နော်.. :D

ညီညီ(သံလွင်) said...

ဒီမှာမပြောဘူး။ သံရုံးမှာပဲ သွားပြောလိုက်တော့မယ်ဟာ.. မကောင်းဘူးလား..