Mar 6, 2007

Fulbright ပညာသင်ဆု


၂၀၀၈-၂၀၀၉ ခုနှစ် ပညာသင်နှစ်အတွက် Fulbright ပညာသင်ဆုလျှောက်လွှာများကို ယခု စတင်လက်ခံနေပြီ ဆိုတာကို ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ဖေဖော်ဝါရီ ၂၇ရက်နေ့တွင် ကြေညာခဲ့ပါတယ်။ ဒီပညာသင်ဆုရရှိသူ မြန်မာကျောင်းသားများကို အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များမှာ ဘွဲ့လွန်ပညာသင်ကြားနိုင်ဖို့အတွက် ပညာသင်စရိတ်အပြည့်ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ ပညာသင်ဆု ရရှိသူတွေဟာ စက်တင်ဘာ ၂၀၀၈ ကနေ စတင် တက်ရောက်နိုင်ပါမယ်။

ဒီပညာသင်ဆုလျှောက်ထားမယ့်သူတွေဟာ အောက်ပါ အချက်များနဲ့ ပြည့်စုံရပါမယ်...
၁) မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံမှာ လက်ရှိနေထိုင်နေသူဖြစ်ရပါမယ်။
၂) Social sciences, natural sciences, and humanities စတဲ့ ဘွဲ့လွန်ပညာများကို သင်ယူဖို့ စိတ်ဝင်စားသူဖြစ်ရပါမယ်။ အထူးသဖြင့်တော့ political science, international relations, economics, public health, education, public policy or journalism စတဲ့ ပညာရပ်တွေကို သင်ယူလေ့လာရန် ရည်ရွယ်ထားသူဖြစ် ရပါမယ်။
၃) ပညာရေးမှာ ထူးချွန်သူဖြစ်ရပါမယ်။
၎) အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သူဖြစ်ရပါမယ်။ TOEFL ရမှတ် အနည်းဆုံး ၅၅၀ ရှိရမှာဖြစ်ပြီး ၅၇၅မှတ် အထက်ဖြစ်ရင် ပိုမိုကောင်းမွန်ပါတယ်။ IELTS ရမှတ် ဆိုရင်တော့ ၆.၅ ရှိရပါမယ်။
၅) ဒီပညာသင်ဆု အစီအစဉ်ကို တက်ရောက်သင်ယူပြီးတဲ့နောက် မြန်မာနိုင်ငံသို့ အနည်းဆုံး ၂နှစ် ပြန်နေပေးနိုင်မယ့်သူ ဖြစ်ရပါမယ်။
၆) အမေရိကန်နိုင်ငံသို့ ခေတ္တ(သို့မဟုတ်) လုံးဝ လာရောက်လည်ပတ်ဖူးခြင်း မရှိသူ အမေရိကန်နိုင်ငံတွင် နေထိုင်ဖူးခြင်း မရှိသူ ဖြစ်ရပါမယ်။

ယခုနှစ် ပညာသင်ဆု အစီအစဉ်မှာ အခြားသောနှစ်များနဲ့ မတူတဲ့ အစီအစဉ်တစ်ခုကတော့ TOEFL နဲ့ IELTS အမှတ် မရှိသူများအတွက် English Proficiency Test ကို စစ်ဆေးပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ အဆိုပါ စာမေးပွဲကို ဖြေဆိုရန် စိတ်ပါဝင်စားသူများအနေဖြင့် ရန်ကုန်မြို့ရှိ အမေရိကန်စင်တာကို မတ်လ ၁၆ရက်မတိုင်မီ စာရင်းပေးသွင်းကြရမှာ ဖြစ်ပါတယ်။ ထို English Proficiency Test ကို မတ်လ ၂၂ရက် နှင့် မတ်လ ၂၄ရက်နေ့များမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အောင်စာရင်းများကိုတော့ ဖြေဆိုပြီးတစ်ပတ်အကြာမှာ အမေရိကန်စင်တာ အရှေ့ရှိ ကြော်ငြာသင်ပုန်းများမှာ ကြည့်ရှုနိုင်ပါတယ်။

TOEFL နဲ့ IELTS အမှတ်ရှိသူများအနေနဲ့ကတော့ ပညာသင်ဆုလျှောက်လွှာကို မေလ ၁ရက်နေ့ မတိုင်မီ ဖြည့်စွက်ပေးပို့ရမှာဖြစ်ပါတယ်။

ဒီပညာသင်ဆုကို စိတ်ဝင်စားသူများအနေနဲ့ အသေးစိတ်သိရှိလိုပါက ရန်ကုန်မြို့အမေရိကန်စင်တာ ပညာရေးငှာနရှိ မပုံ့ပုံ့ဖြူ နှင့် Nang Hom Leik တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ အီးမေးလ်လိပ်စာကတော့ Fulbright.Rangoon@state.gov ဖြစ်ပါတယ်။


News Source : Fulbright Scholarships

No comments: