Mar 23, 2007

ဂစ်တာကြိုးညှိရအောင်

တလောက ရန်ကုန်ပြန်တော့ ဂစ်တာတစ်လုံးထပ်ဝယ်လာပါတယ်။ ခက်တာက ဂစ်တာကို မတောက်တခေါက်သာ တီးတတ်ပြီး ကြိုးကို သေသေချာချာမညှိတတ်ပါဘူး။ ဒါနဲ့ ဂူဂယ်လ်ကို မေးရပါတယ်။ ဂစ်တာကြိုးညှိတဲ့ ဆော့ဝဲလ်တစ်ခုလောက်များ အလကားရနိုင်မလားလို့။ ဒါနဲ့ ဂူဂယ်လ်လမ်းညွှန်မှုတွေအရ လိုက်ရှာလိုက်တာ နောက်ဆုံးမှာ ဒီ Pitch Perfect ဆိုတဲ့ ဆော့ဝဲလ်လေးကို ရပါတယ်။ ဂစ်တာကြိုးညှိဖို့အတွက် လွယ်လွယ်ကူကူ အသုံးပြုနိုင်တဲ့ ဆော့ဝဲလ်လေးတစ်ခုပါ။ ကြိုးကို တစ်ချောင်းချင်းတီးတာနဲ့ အဲဒီကြိုးရဲ့ Frequency ကို လာပြပါလိမ့်မယ်။ ဂစ်တာကြိုးခြောက်ကြိုးစလုံး အောက်မှာ ပြထားတဲ့ အသံတွေ ရပြီဆိုရင် ကြိုးအားလုံး ညီသွားပါပြီ။





ခြောက်ကြိုး - E
ငါးကြိုး - A
လေးကြိုး - D
သုံးကြိုး - G
နှစ်ကြိုး - B
တစ်ကြိုး - E

Pitch Perfect လို့ ခေါ်တဲ့ ဆော့ဝဲလ်ကို ဟောဒီနေရာကနေ ရယူနိုင်ပါတယ်..

2 comments:

နေမိုး said...

ကိုညီညီရေ ၀ါသနာတူ အချင်းချင်းဆိုတော့လည်း ကျနော့်မှာလည်း ကြိုးညှိလို့မရနိုင်တဲ့ ဒုက္ခတခုက ဂစ်တာတီးတဲ့နေရာမှာ တော်တော် အနှောင့်အခှက်ပေးနေတယ်။ အခုလို ကိုညီညီက လမ်းညွှန်လေးချပေးလိုက်တော့ ကျနော်လည်း စမ်းသပ်လို့ရသွားတာပေါ့။ ကျေးဇူးကမ္ဘာပါ။

နေမိုး

Unknown said...

ကိုနေမိုး >> ဂစ်တာကြိုးတွေညီပြီး တီးလို့ခတ်လို့ အဆင်ပြေပါစေဗျာ.. :)