Mar 31, 2007

စည်းအပြင်ကလူ

ပြင်သစ်စာရေးဆရာ အဲဘတ်ကမူးရဲ့ နာမည်ကျော် The Outsider ကို ဆရာထင်လင်း ဘာသာပြန်ထားတဲ့ “စည်းအပြင်ကလူ” ဟာ အခြားသော သာမန်ဇာတ်လမ်းများနှင့်မတူ တမူထူးခြားသောရသကို ပေးစွမ်းနိုင်ပါတယ်။ ဒီစာအုပ်ကို ဆယ်ကျော်သက်အရွယ်မှာ ဖတ်တုန်းကတော့ သိပ်နားမလည်ဘူး။ အဓိက ဇာတ်ဆောင် “မားဆိုး” ရဲ့ လုပ်ရပ်က နည်းနည်းကြောင်နေသလိုပဲလို့။ ဒါပေမယ့် အခုတော့ ကိုယ့်ကိုယ်ကို မှန်ထဲ တစ်ခါတစ်ခါ ပြန်ကြည့်ရင် “မားဆိုး” ကို တွေ့နေရသလိုပဲ။

“စည်းအပြင်ကလူ” လို့ နာမည်ပေးထားတဲ့ ကျွန်တော့် ကျောင်းနေဖက်သူငယ်ချင်း ကိုဖြိုးရဲ့ ဟောဒီဘလော့ဂ်လေးကိုလည်း မဖတ်ရသေးရင် သွားဖတ်ကြည့်လိုက်ပါဦး။

ဆရာထင်လင်း ဘာသာပြန်ထားတာကိုတော့ ဟောဒီကနေ ယူပြီးဖတ်ရှုနိုင်ပါတယ်...
[Download here : File Size 7.4MB]

1 comment:

ဂျူနို said...

မားဆိုးကို မှန်ထဲ မြင်နေရသလိုပဲတဲ့။ သဘောကျပါရဲ့ ကို ညီညီရေ။ မအယ် က သူ့ ကို ငဂေါက်လို့ ထင်ခဲ့တယ်။ ကိုယ်မှန်က ဖုန်တက်နေတော့ တော်သေးတယ်။

အယ်ဇီ