Mar 23, 2007

မျက်လုံး

မင်းက
ဘာလို့
ဝိုင်အရက်တွေထည့်ထားရတာလဲ..
တံခါးကို ပိတ်လိုက်..
အခုကို ငါမူးနေပြီ..

(စံညိမ်းဦး)

အရမ်းကြိုက်လို့ကူးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ခေါင်းစဉ်နဲ့ တွဲဖတ်မှ အဓိပ္ပာယ်ရေးရေး နားလည်ပါတယ်။ နားမလည်ဘူးပြောမယ့်သူတွေအတွက် ကျွန်တော်နားလည်သလို ရှင်းပြပါမယ်...

“မင်းက ဘာလို့ ၀ိုင်အရက်တွေ ထည့်ထားရတာလဲ.. ”

သူ့ရဲ့မျက်ဝန်းတွေဟာ မူးယစ်ရီဝေဖွယ်ကောင်းနေတယ်...

“တံခါးကို ပိတ်လိုက်...”

အဲဒီ ရီဝေစဖွယ် မျက်ဝန်းတွေကို ကျေးဇူးပြုပြီး မှိတ်ထားပေးပါ။

“အခုကို ငါမူးနေပြီ...”

ဒီမျက်ဝန်းတွေကြောင့် ငါ့မှာ အခုကိုပဲ မူးဝေေ၀ဖြစ်နေရပြီ...

4 comments:

Nay Nay Naing said...

ကျေးဇူးပဲ.. အဲ့လိုဘာသာပြန်ပြမှပဲ နားလည်တော့တယ်.. နောက်ဆို ပန်းချီကားတွေတင်မကဘူး.. ကဗျာတွေပါ အဓိပ္ပါယ်အတိုချုပ်လေးနဲ့  တင်ပေးပါလား :D

ညီညီ(သံလွင်) said...

ဟုတ်ကဲ့ .. ကြိုးစားပါ့မယ် မနေနေနိုင်ခင်ဗျား.. တော်ကြာ နားမလည်ဘူးလို့ လာ နင် comment ရေးမှာစိုးလို့ တစ်ခါတည်း ရှင်းပြထားတာ.. :)

NayPhoneLatt said...

ငါတောင်ကဗျာတစ်ပုဒ်ရေးဖို့ အိုင်ဒီယာရသွားတယ်ကွ။

ပါးစပ်

မင်း
ဘာဖြစ်လို့
လေထုကို ညစ်စေတာလဲ
ပိတ်ထားလိုက်စမ်းပါ
အခုကို ငါနံလာပြီ ...။

အတင်းပြောသူများအတွက် ...
ဒီကဗျာလေးအတွက် စံညီမ်းဦးကိုရော ညီညီ့ကိုရောကျေးဇူးတင်ပါတယ်။

စကားချပ်၊ နောက်တာမဟုတ်ဘူး အတည်ပြောတာ

ညီညီ(သံလွင်) said...

နေဘုန်းလတ်ရေ.. လေလည်သူများအတွက်လည်း မင်းကဗျာကို သုံးလို့ရတယ်ကွ .. ခေါင်းစဉ်လေး ပြောင်းလိုက်ရုံပဲ..ဟဲဟဲ.. :P