Nov 10, 2008

ဘလော့ဂါ နေဘုန်းလတ်အား အမိန့်ချလိုက်ပြီ

အခုလောက် များလိမ့်မယ် ထင်မထားဘူး။ အနှစ် ၂၀ နဲ့ ၆ လ တဲ့။ ခင်ဗျားတို့ သားသမီးတွေ အဲလိုများ ထောင်ချခံရလို့ရှိရင် ဘယ်လိုများ နေမလဲလို့ စစ်ခေါင်းဆောင်တွေကို မေးချင်တယ်။ မိုးကောင်းတုန်း ရွာထားလို့ မပြောတော့ဘူး။ မုန်တိုင်းအောက်က လွတ်မြောက်ခွင့်ရမယ့် နေ့ရက်တွေကိုပဲ အရောက်သွားကြဖို့ လိုတော့တယ်။

11 comments:

ကိုပေါ said...

အင်္ဂလိပ်မှာတော့ သည်လိုဆိုရိုးရှိတယ်။

"Better that ten guilty persons escape than that one innocent suffer."

နေဘုန်းလတ်အဖြစ်မှာတော့ အပြစ်မရှိသူ လူငယ်တယောက်ကို သက်သက် အညွန့်ချိုးပစ်တဲ့ သဘောပေါ့ဗျာ။ နအဖ လုပ်နေကျ အော့နှလုံးနာစဖွယ်လုပ်ရပ်ပါဘဲ။

နေဘုန်းလတ်နဲ့တကွ မတရားအကျဉ်းချခံထားသူတွေအကြောင်းကို စဉ်းစားမိတိုင်း ကျနော် ၀မ်းလည်း ၀မ်းနည်းမိတယ်။ ဒေါသလည်းထွက်တယ်။ ခံပြင်းတယ်။ ကမ္ဘာမကြေဘူးဗျာ။

မတရားမှုဟာ ခံရတဲ့လူတွေဘက်ကနေ ခံစားကြည့်ရင် အင်မတန် ကြေကွဲဘို့၊ နာကျည်းဘို့၊ ခံပြင်းဘို့ ကောင်းလှပါတယ်။

pandora said...

လောလောဆယ်တော့ ပြောစရာ စကားတွေတောင် ခန်းနေတယ် ညီညီ
ရက်စက်လိုက်ကြတာ

Anonymous said...

အငြိုးအာဃာတ ကြီးမားလိုက်တာနော်။ လူငယ်တယောက်ရဲ့ဘ၀ထဲက အချိုမြိန်ဆုံးအချိန် နှစ်၂၀လောက်ရွေးဖယ်လိုက်ပြီးရင် ဘာတွေကျန်ပါတော့မလဲဟင်

Anonymous said...

ရင်ထဲမှာ စာနာ ခံပြင်းမှုတွေနဲ့  နင့်နေအောင်ခံစားနေရပါတယ်။

Anonymous said...

အေးလေ လုပ်ကြပေါ့။

Anonymous said...

သူငယ်ချင်း နေမျိုးကျော်
ငါတို့ YIT တတ်တုန်းက မင်း စာအုပ် တွေ မှာ ရေးနေကြ စာလိုပေါ့ ကွာ.....

" အာဇာနည်မျိုး သေမျိုးမရှိ ။ "

မင်း သူငယ်ချင်း
SN

Anonymous said...

YIT mhar khin khat ya dae sate htar kg tat ko nay myo ah twat...sakar lone shar ma ya aung ko sate ma kg phit mi par dae...bar lo di lout hti yat sat kya dar par lae??? 20 years so dar lu ta yout yat Bawa 1/3 naw...

Anonymous said...

YIT ka ah ko ta yout...
Really feel sorry for you...
Really don't understand to them...
Do they have human mind or not?

tinmoelintun said...

kalay lay ta yaunt daung adult pyit naing det karla ta khu ko nae del htin lar ma thi bu

MELODYMAUNG said...

မုန်တိုင်းအောက်က လွတ်မြောက်ခွင့်ရမယ့် နေ့ရက်တွေကိုပဲ အရောက်သွားမယ် အမြန်သွားမယ် အမြန်ပြနှ်ဆုံချင်တယ်လေ

Anonymous said...

ကမ္ဘာပေါ်က တချို.သော ဘလော့ဂါတွေကလည်း ထပ်တူတပ်မျှ ခံစားကြပါတယ်။
http://keithmh.wordpress.com/2008/11/12/an-apology-first/ ( Poem including link for his news )
http://jotman.blogspot.com/2008/11/burma-blogger-nay-phone-latt-sentenced.html
http://sylwiapresley.wordpress.com/2008/11/11/nay-phone-latt-burmese-blogger-sentenced-to-20-years/
http://tegis.wordpress.com/2008/11/14/burma-blogger-jailed/