“လမ်းပြကြယ်” လို့ နာမည်ပေးထားတဲ့ မြန်မာစာကြည့်တိုက်တစ်ခုကို စင်္ကာပူရောက် မြန်မာများ စုဝေးရာ ပင်နီဆူလာပလာဇာမှာ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ ထိုစာကြည့်တိုက်အတွက် စာအုပ်စာတမ်းများ လှူဒါန်းလိုပါက စာကြည့်တိုက်သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ လမ်းပြကြယ်အတွက် တဖက်တလမ်းက ကူညီတဲ့အနေနဲ့ သံလွင်အင်တာနက်ဆိုက်ဒ်မှာ တင်ထားဖို့ ဟောဒီ ဒီဇိုင်းလေးကို လုပ်ဖြစ်ခဲ့ပါတယ်...
လောလောဆယ်ဖတ်ရှုလို့ရတဲ့ စာအုပ်စာရင်းကို ဟောဒီ အင်တာနက်လိပ်စာမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
http://www.thanlwin.com/polaris
4 comments:
အစ်ကိုရေ - ကျွန်တော်ဘာကူညီလို့ရမလဲ။ ဒီချာတိတ် ဝင်ရှုပ်ပြန်ပြီလို့တော့ မတွေးပါနဲ့နော့်။
mr. pooh >> အကူအညီလိုရင် ပြောပါ့မယ်။ ကျေးဇူးတင်ပါတယ်ဗျာ..
ဦးနု ရဲ့ တာတေစနေသား၊ ကြေးမုံဦးသောင်း ရဲ့ ဘီလူးတို့ရွာ၊ ဦးတင်မောင်ဝင်း ရဲ့ နိုင်ငံရေးသမားနဲ့ နိုင်ငံရေး အစရှိတဲ့ ပြည်တွင်းမှာ ထုတ်ဝေခွင့်မရတဲ့ စာအုပ်မျိုးတွေ စင်္ကာပူက လမ်းပြကြယ် စာကြည့်တိုက်မှာ တင်ဖို့ အကြံဥာဏ်ပေးလိုပါတယ်ခင်ဗျား
Yours truly
Thet Oo (thetoodk@gmail.com)
thet >>> ဟုတ်ကဲ့ ကျွန်တော်တို့ လမ်းပြကြယ် စာကြည့်တိုက်က ပြည်တွင်းမှာ ထုတ်ဝေခွင့်မရတဲ့ စာအုပ်မျိုးတွေကို တဖြည်းဖြည်းခြင်း လက်လှမ်းမှီသလောက် တင်သွားဖို့ အစီအစဉ်ရှိကြောင်း အသိပေးလိုပါတယ်။
Post a Comment