Apr 28, 2007

လမ်းပြကြယ်

“လမ်းပြကြယ်” လို့ နာမည်ပေးထားတဲ့ မြန်မာစာကြည့်တိုက်တစ်ခုကို စင်္ကာပူရောက် မြန်မာများ စုဝေးရာ ပင်နီဆူလာပလာဇာမှာ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ ထိုစာကြည့်တိုက်အတွက် စာအုပ်စာတမ်းများ လှူဒါန်းလိုပါက စာကြည့်တိုက်သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ လမ်းပြကြယ်အတွက် တဖက်တလမ်းက ကူညီတဲ့အနေနဲ့ သံလွင်အင်တာနက်ဆိုက်ဒ်မှာ တင်ထားဖို့ ဟောဒီ ဒီဇိုင်းလေးကို လုပ်ဖြစ်ခဲ့ပါတယ်...




လောလောဆယ်ဖတ်ရှုလို့ရတဲ့ စာအုပ်စာရင်းကို ဟောဒီ အင်တာနက်လိပ်စာမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

http://www.thanlwin.com/polaris

4 comments:

Mr.Pooh @ မောင်ပွတ် said...

အစ်ကိုရေ - ကျွန်တော်ဘာကူညီလို့ရမလဲ။ ဒီချာတိတ် ဝင်ရှုပ်ပြန်ပြီလို့တော့ မတွေးပါနဲ့နော့်။

ညီညီ(သံလွင်) said...

mr. pooh >> အကူအညီလိုရင် ပြောပါ့မယ်။ ကျေးဇူးတင်ပါတယ်ဗျာ..

Thet Oo said...

ဦးနု ရဲ့ တာတေစနေသား၊ ကြေးမုံဦးသောင်း ရဲ့ ဘီလူးတို့ရွာ၊ ဦးတင်မောင်ဝင်း ရဲ့ နိုင်ငံရေးသမားနဲ့ နိုင်ငံရေး အစရှိတဲ့ ပြည်တွင်းမှာ ထုတ်ဝေခွင့်မရတဲ့ စာအုပ်မျိုးတွေ စင်္ကာပူက လမ်းပြကြယ် စာကြည့်တိုက်မှာ တင်ဖို့ အကြံဥာဏ်ပေးလိုပါတယ်ခင်ဗျား
Yours truly
Thet Oo (thetoodk@gmail.com)

Unknown said...

thet >>> ဟုတ်ကဲ့ ကျွန်တော်တို့ လမ်းပြကြယ် စာကြည့်တိုက်က ပြည်တွင်းမှာ ထုတ်ဝေခွင့်မရတဲ့ စာအုပ်မျိုးတွေကို တဖြည်းဖြည်းခြင်း လက်လှမ်းမှီသလောက် တင်သွားဖို့ အစီအစဉ်ရှိကြောင်း အသိပေးလိုပါတယ်။