Oct 20, 2008

အသင့်အနေအထား




မနက်ဖြန်ကို ရောက်ဖို့
စောင့်ရတာ ကြာခဲ့ပြီရော။

ဒီအလျော်အစားအတွက်
ဘ၀နှစ်ခုစာ လောင်းကြေးထပ်ခဲ့တယ်။

ထောင့်စုံအောင် မေးမယ့် မေးခွန်းတွေထက်
အဆုံးအဖြတ်တစ်ခုပဲ လိုချင်ခဲ့တာ။

ဒီတော့ .... တစ်ခွန်းထဲ ရဲရဲ ပြောလိုက်ပါ
ငါ .......... အဖြေကို နားစွင့်ထားတယ်။

ခေလွန်း

2 comments:

Life is for Success said...

hoping for good news. do not worry.....

KPZ said...

ဘာကြောင့်မှန်း မသိပေမယ့် ကူညီတတ်တဲ့ ကိုညီနဲ့ ခင်မင်စရာကောင်းပြီး နူးညံ့သိမ်မြွေ့တဲ့ မပိုးတို့ အစစ အရာရာ အားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်နော်။