Jul 26, 2007

အိပ်ပျော်နေတဲ့ကဗျာ

“အိပ်ပျော်နေတဲ့ကဗျာ”

မိုးမလင်းခင် နှိုးစက်က အရင်လင်းတယ်
မထသေးဘူး မျက်လုံးတွေက ငြင်းတယ်
အိပ်ရာက မထခင် ၁၅ မိနစ်ဟာ
ဘာစည်းစိမ်နဲ့မှ လဲလို့မရဘူး
ဟိုဘက်လူး ဒီဘက်လှိမ့်
ခဏတဖြုတ် ငြိမ့်တယ်
မှောက်အိပ် ပက်လက်အိပ် ဘေးတစောင်းအိပ်
အိပ်ရာဟာ ကမ္ဘာ့ဆွဲအားထက် ပြင်းသတဲ့
အိပ်ချင်မူးတူးနဲ့ ကယောင်ကတမ်း ပြောတယ်
အိပ်ရေးပျက်မှာကို ဆေးခါးတစ်ခွက်လို ကြောက်တုန်း
အိပ်မက်တွေက ရုံးမသွားချင်ဘူး
အိပ်ငိုက်ခြင်း ကူးစက်ရောဂါဟာ
ခေါင်းအုံးကိုရော စောင်ကိုပါ ပျံ့နှံ့တယ်
ဒါနဲ့ ..
အိပ်ငိုက်နေတဲ့ ခေါင်းအုံးရယ်
ပန်ကာလေကြောင့် ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ စောင်ရယ်
မထချင်တဲ့ ကျွန်တော်ရယ်
ပျော်ပျော်ရွှင်ရွှင် ဆက်အိပ်လိုက်ကြတယ်။ ။

ခေလွန်း

3 comments:

Anonymous said...

ဒီကဗျာကတော့.. အားလုံးနဲ့ တိုက်ဆိုင်မယ်ထင်တယ်.. =)
အိပ်ရာဟာ ကမ္ဘာ့ဆွဲအားထက် ပြင်းသတဲ့ << မှန်လိုက်တာ.. =D
ပျော်ပျော်ရွှင်ရွှင် ဆက်အိပ်လိုက်ကြတယ်။ ။ <<< ပြီးတော့ ဆရာဝန်ကြီးဆီမှာ ညာညာပြီး MC သွားသွားတောင်းတတ်တယ်.. =) ဟုတ်လား..

KPZ said...

demo ရေ... ဟုတ်ပ ဟုပ်ပ...

ညီညီ(သံလွင်) said...

demo & KPZ >> မှန်ပါ့ဗျာ