Jul 21, 2007

သံလွင်အိပ်မက် (၁၁) မကြာမီမျှော်...

၂၀၀၇ ဇူလိုင် ၂၃ရက် တနင်္လာနေ့မှာ သံလွင်အိပ်မက် အမှတ်(၁၁) ထွက်ပါမယ်။
ဒါကတော့ ကျွန်တော် ဒီဇိုင်းလုပ်ထားတဲ့ ဘန်နာပါ။


ဒါကတော့ ကျွန်တော့်သူငယ်ချင်း ကိုဖြိုး ကူညီပြီး လုပ်ပေးထားတဲ့ မျက်နှာဖုံးပါ။


ဒါကတော့ အသစ်ထွက်မယ့် သံလွင်အိပ်မက်(၁၁)မှာ ပါမယ့် ကျွန်တော့်ရဲ့ “ငါးလေးရဲ့ ကဗျာ” ဆိုတဲ့ ကဗျာထဲက စာသားတချို့ပါ။

“ငါဟာ ငါးတစ်ကောင်ပါ
ဘောင်ခတ်ထားတဲ့ ကမ္ဘာထဲမှာ နေတယ်
မသေရုံတမည် ရေခပ်နည်းနည်းမှာ ကူးတယ်
၉ နာရီမှာ ရုံးတက်ပြီး ၆ နာရီမှာ ရုံးဆင်းတယ်
စိတ်ပါရင် ကဗျာရေးပြီး
စိတ်မပါတဲ့အခါ ဗလာတွေချည်း ချချရေးတယ်..”

သံလွင်အိပ်မက် အမှတ်(၁၁) မထွက်မချင်း ကျွန်တော် ပို့စ်အသစ်ထပ်မရေးတော့ပါဘူး။ ကျေးဇူးတင်ပါတယ်။

No comments: