Apr 23, 2007

Blogger Returns

သတင်းခေါင်းစဉ်…


တနင်္ဂနွေနေ့ညနေအချိန်တွင် ဆိုက်ရောက်သော Silk Air လေယာဉ်ဖြင့် စင်္ကာပူသို့ ညီညီ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါကြောင်း။

ရန်ကုန်သင်္ကြန်တွင် ပျော်ရွှင်စွာရေကစားခြင်း၊ ရေပက်ခံထွက်ခြင်းတို့ကြောင့် နဂိုကတည်းက မဖြူသော အသားအရေများ ပိုမိုနက်မှောင်လာကြောင်း။

မြန်မာဘလော့ဂ်ဂါစာအုပ်ထုတ်ဝေနိုင်ရေးအတွက် အစည်းအဝေးတစ်ရပ်ကို ရန်ကုန်ရှိဘလော့ဂ်ဂါများနှင့် ဆွေးနွေးညှိနှိုင်း တိုင်ပင်ခဲ့ကြောင်း။

နှေးကွေးလှသော အင်တာနက်အမြန်နှုန်းကြောင့် ရန်ကုန်တွင် ရှိစဉ်အတွင်း အီးမေးလ်စစ်ချင်စိတ်၊ ဘလော့ဂ်ရေးချင်စိတ်များ ကုန်ခန်းသွားမလို ဖြစ်ခဲ့ကြောင်း။

ချစ်သူနှင့် အချိန်ရှိခိုက် လုံ့လစိုက်ကာ တနေကုန်လျှောက်လည်ခြင်းကြောင့် ပင်ပန်းသလိုရှိသော်လည်း ထိုဒဏ်လောက်ကို စိုးစဉ်းမျှ မမှုကြောင်း။

တနေကုန်လည်ပတ်ထားသော်လည်း အလုပ်မသွားရခြင်းကြောင့် အလွန်အကျွံအိပ်ခြင်း၊ အစားအသောက်ပေါင်းစုံကို လှည့်ပတ်စားသောက်ခြင်း တို့ကြောင့် ပေါင်ချိန် အနည်းငယ်မျှ တက်လာကြောင်း။

လေးလံသောခြေလှမ်းများဖြင့် အားလုံးကို လက်ပြနှုတ်ဆက်ကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော (သို့မဟုတ်) မီးအလှည့်ကျပျက်သော (သို့မဟုတ်) Taxi အစုတ်များပေါသော နိုင်ငံတော်သစ်ကြီးကို ကျောခိုင်းထွက်ခွာခဲ့ကြောင်း။


သတင်းအပြည့်အစုံမှာ …. ….. …. ။ ။

1 comment:

ကိုဖြိုး said...

မီးအလှည့်ကျပျက်တာ မဟုတ်ပါဘူး။ ပျက်ချင်သလို ပျက်တာပါ။