Apr 3, 2007

လူကြုံ

ယခု မကြာမီ ထွက်ရှိမည့် သံလွင်အိပ်မက် အထူးထုတ် အမှတ်(၁၀)အတွက် ရည်ရွယ်ရေးသားထားသော ကျွန်တော့် အက်ဆေးတစ်ပုဒ် ဖြစ်ပါတယ်... ခေါင်းစဉ်က “လူကြုံ” တဲ့။

ဟောဒီမှာ အနည်းအကျဉ်း ဖတ်ကြည့်ပါ.. အပြည့်အစုံကိုတော့ သံလွင်အိပ်မက် အမှတ်(၁၀) ထွက်တဲ့အခါ ဖတ်ရမှာပါ...

“လူကြုံကူညီသယ်ပေးခြင်းသည် ရိုးသားစွာ ကူညီခြင်းတစ်မျိုးသာဖြစ်သည်။ သို့သော် အချို့သော လူမှုရေး နားမလည်သူများကမူ ရလေလိုလေ အိုတစ္ဆေ ဟူသော စကားအတိုင်း အလကား မတ်တင်းရသည့် လူကြုံကို အရေးတကြီးပေးရန်များကိုသာ မဟုတ်ဘဲ ဘာမဟုတ်တာလေးတွေကိုပါ တပြုံတမကြီး ထည့်ပေးကြသည်။ ထိုသို့ သူတပါး၏ အကူအညီကို အခွင့်ကောင်းတစ်ခုအဖြစ် အသုံးချကာ အားမနာပါးမနာ ထည့်ပေးကြခြင်းဖြင့် လူကြုံပါးခြင်းကို အရောင်ဆိုးကြသူ တချို့ကြောင့် လူကြုံဟူသည့် ဝေါဟာရသည် တဖြည်းဖြည်းချင်း အကျည်းတန်လာရသည်။”

2 comments:

Nay Nay Naing said...

ရန်ကုန်ပြန်မယ်ဆို လူကြုံပေးလိုက်ချင်တယ်ဗျို့ ။ မများပါဘူး ၃၀ကီလိုကို နည်းနည်းလေးပဲ ကျော်ပါတယ်။ :P စာမြည်းတွေတော့ ပေးတာများနေပြီ။ ၁၃ ရက်နေ မြန်မြန်ရောက်ပါစေလို့  ဆုတောင်းနေရင် သံလွင်အယ်ဒီတာတွေကများ စိတ်ဆိုးနေကြမလား မသိပါဘူး :D

ညီညီ(သံလွင်) said...

ပေးချင် ပေးလိုက်လို့ရပါတယ်။ ကြိုက်သလောက်ပေး။ အားမနာတမ်း ပေး။ ငါလည်း အားမနာတမ်း သယ်ခ တောင်းရမယ်။ တစ်ကီလို ဘယ်လောက်လို့ ပြောရင်ကောင်းမလဲ။ ဟိုအန်တီကြီး ဈေးထက် တစ်ကျပ်လျှော့ပေးမယ်လေ… ဖြစ်မလား။