Oct 8, 2008

အားလုံးကို ကျေးဇူး

ကျွန်တော့်မွေးနေ့အတွက် ဂျီတော့ခ်ကနေ တဆင့် ဆုတောင်းပေးခဲ့သူတွေ၊ sms ပို့ပြီး wish လုပ်ပေးခဲ့သူတွေနဲ့ အမှတ်တရ ရေးဖြစ်တဲ့ မွေးနေ့ ကဗျာမှာ ကွန်မန့်တွေ တကူးတက အချိန်ပေးပြီး ရေးသွားသူတွေ အားလုံးကို ကျေးဇူး အထူးပါပဲ။ နောက်ပြီး မွေးနေ့အကြိုပို့စ်ကတည်းက ကြိုဆုတောင်းပေးခဲ့ကြတဲ့ မဂျစ်နဲ့ ကိုသန့်ဇင်အောင်တို့ကိုလည်း ကျေးဇူးတင်ပါတယ်။

မဇီဇ၀ါ .. ပို့စ်တင်ပြီး ခဏမှာပဲ ပထမဆုံး လာပြီး ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါ။

ဇင်ကိုလတ် .. ကိုတွေ ဦးတွေ ထည့်ခေါ်မနေတော့ပါဘူး။ အသက်သိပ်မကွာလှတဲ့ ညီအစ်ကို အချင်းချင်းပဲ။ ဆုတောင်းနေကြထဲက ပထမဆုံးဟာ မဖြုတ်ရင် ပိုး နှုတ်ခမ်းစူနေလိမ့်မယ်။ အဲဒီ ဆုတောင်းအကြောင်း တွေးရင် နေဘုန်းလတ်ကို သတိရတယ်။ ဆုတောင်းအတွက် ကျေးဇူး။ မွေးနေ့ မကျွေးဖြစ်တော့ဘူး။ အဝေးကြီးသွားဖြစ်တဲ့အခါ သွားခါနီးမှ 2 in 1 မယ်။

မြတ်မင်းဟန် .. အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့ကို ကြိုက်ရုံတင် မကဘဲ ကိုယ်တိုင်လည်း တစ်နေ့ ပြန်နိုင်ပါစေဗျာ။ Birthday Wish အတွက် ကျေးဇူးပါ။

မမီ .. မွေးနေ့ဆုတောင်းအတွက် ကျေးဇူး။ ဗိုက်ကြောဆွဲခံမထိအောင် ၀မ်းလျားမှောက်အိပ်ပြီး ဆုတောင်းလိုက်မယ်။ :P

shin .. ခုလို ဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ်။ ကဗျာကနေ အတွေးပွားသွားတယ် ဆိုလို့ ၀မ်းသာပါတယ်။

မဇင် .. ဆုတောင်းအတွက် ကျေးဇူးပါ။ အဝေးကြီးမှာ အစစအရာရာ အဆင်ပြေပါစေ။ သံလွင်အိပ်မက်အတွက်လည်း စာများများ ရေးနိုင်ပါစေလို့ ပြန်ဆုတောင်းပေးလိုက်ပါတယ်။ အနီးဆုံး ပြန်ကြရတဲ့ တစ်နေ့မှာ သံလွင်အိပ်မက်က ပင်တိုင် စာရေးဆရာတွေ အားလုံး Gathering လုပ်ကြတာပေါ့။

yin .. တစ်နှစ်တာလုံး အကောင်းဆုံးတွေချည်းရအောင် ဆုတောင်းပေးသွားတာ ကျေးဇူးပါပဲဗျာ။ ဒီနှစ်က ဘ၀ကို တစ်ကနေ ပြန်စရမယ့်နှစ်ဆိုတော့ အဲဒီလို ဆုတောင်းမျိုး တကယ်ကို လိုအပ်တယ်။

ကိုတက်စလာ .. မွေးနေ့ဆုတောင်းအတွက် ကျေးဇူးပါ။ ဟိုတခါ ဘူဖေးစားကြပြီးကတည်းက မတွေ့ဖြစ်တော့ဘူးဗျာ။ စလုံးပြန်ရောက်လာတဲ့အခါ မောင်ပွတ်တို့နဲ့အတူ တစ်ရက်တွေ့တာပေါ့။

ကိုပီတိ .. ဆုတောင်းပေးလို့ ကျေးဇူးပါပဲ။ အောက်တိုဘာ ၇ ရက်နေ့ဖွားတွေက ခေါင်းမာတယ်နဲ့ တူပါရဲ့။ မှန်တယ်ထင်ရင် နောက်မဆုတ်ချင်ဘူး။

မောင်ပွတ် .. Birthday wish အတွက်ရော မွေးနေ့ဓာတ်ပုံကတ်ဒ်အတွက်ပါ ကျေးဇူး။ မွေးနေ့မှာ ခွင့်ယူထားလို့ မောင်ပွတ်ရဲ့ ဆုတောင်းအတိုင်း ပျော်ရွှင်စရာမွေးနေ့ပေါ့။ ဒီဆုတောင်းပဲ ခဏခဏ ခလုတ်တိုက်နေကြပါလား။ မသိသေးသူတွေ သိချင်ရော့မယ်။ ဆုတောင်းက ဒီလိုပါဗျာ.. “စော်ကြည် အကြွေးကျေ တော်တော်နဲ့ မသေ” တဲ့။

မောင်သန့်ဇင် .. အလုပ်တဖက် ကျောင်းတဖက် “..” တဖက်နဲ့ ဗျာများနေတဲ့ကြားက ခုလို လာဆုတောင်းပေးအတွက် ကျေးဇူးပါပဲ။ :)

မပန် .. ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရဖို့ ဆိုတာ နည်းနည်းနောနော အခွင့်အရေး မဟုတ်ပါဘူး။ ခုလို ဆုမျိုး တောင်းပေးတာ ကျေးဇူးပါ။

မနိုင်းနိုင်း .. တကယ်ပြန်လာခွင့်ရတဲ့အခါ တကယ်ပဲ ပြန်လာချင်ပါတယ်ဗျာ။ မွေးနေ့ဆုတောင်း အတွက် ကျေးဇူး။

3 comments:

နေမိုး said...

ကိုညီညီရေ......
မနေ့ကတော့ ကျနော်လည်း အပြင်က တခြားကိစ္စလေးတွေရှိနေလို့ ကွန်ပြူတာမှာ ဘလော့တွေရဲ့ Live Show တွေကို လိုက်မကြည့်ဖြစ်တာနဲ့ ခင်ဗျားရဲ့မွေးနေ့ကို မသိလိုက်ဘူးဖြစ်သွားတယ်။ ခင်ဗျားလည်း ၂၈နှစ်တောင်ရောက်လာပြီပဲ။ ခင်ဗျားတို့က နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေဆိုတော့ ဘယ်နေရာဖြစ်ဖြစ် ရေကြည်ရာမြက်နုရာ ရှာဖို့က မခက်လောက်ဘူးလို့ထင်ပါတယ်။

ကျနော်ဘလော့တွေကို သိတတ်ကာစက ခင်ဗျားရဲ့ ဘလော့ကို အစပိုင်းမိတ်ဆက်အနေနဲ့ ထိတွေ့ခဲ့ဘူးတော့ အမြဲတမ်းလိုလို live show ကြည့်ပြီး စာအသစ်တွေ့တိုင်း အားပေးနေခဲ့ပါတယ်။ အခုနောက်ပိုင်းတော့ ဘလော့ဖတ်ရတာလည်း အီလာတယ်။ ဘလော့ဖတ်တာက အချိန်ပေးနိုင်ရင် ကောင်းတယ်။ အချိန်ပေးရတော့လည်း ကိုယ့်အချိန်တွေကို ဘလော့က စားသွားပြန်ရော။ ဒီလိုကျတော့လည်း မဖြစ်သေးပြန်ဘူး။ အဲဒါနဲ့ ကိုယ့်ကိုယ်ကို ပြန်ထိန်းရတယ်။ ဘလော့လောကမှာလည်း အခုဆို ပိုပြီးတော့တောင် ကျယ်ပြန့်လာနေတော့ အသံသိပ်မထွက်တာက ပိုကောင်းနေသလိုပဲ။

ကျနော်တို့က ရွယ်တူတွေပါပဲ။ ကျနော်ကတော့ ၈လေးလုံးမှာ ၈နှစ်ပြည့်တယ်ဆိုပါတော့ဗျာ။ ဒါပေမယ့် ခင်ဗျားက အတတ်ပညာပိုင်းဆိုင်ရာ လမ်းကြောင်းပေါ်မှာ ကြီးပြင်းခဲ့တော့ နည်းပညာပိုင်းအတွက် ကျနော်က အများကြီးလေးစားပါတယ်။ ခင်ဗျားစာတွေကိုဖတ်ရတာကလည်း ခင်ဗျားစိတ်ဓာတ်ကို ခန့်မှန်း သဘောပေါက်လို့ရပါတယ်။ လူငယ်ဆိုတာကတော့ လူငယ်ပဲဗျ။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း လူငယ်စိတ်ဓာတ်ကတော့ လူငယ်လိုပဲ သွားမှာပဲ။ တချို့နေရာတွေမှာ စကားတွေ အများကြီးပြောဖို့ မလိုဘူးဆိုတာ တကယ်မှန်တယ်ဗျ။ ကျနော်ကတော့ လူကြီးမဖြစ်ချင်ဘူး။ လူငယ်ဖြစ်နေရတာကိုပဲ ကျေနပ်တယ်။

တခါတည်းဗျာ ပြောဦးမယ်။ ခင်ဗျားရဲ့ကဗျာတွေက ခေတ်ဆန်လွန်းသလို စူးရှပြင်းထန်လွန်းပါတယ်။ ကောင်းတော့ ကောင်းပါတယ်။ ဒါပေမယ့်လည်း အရှည်တည်တံ့ နာမည်ကြီးလာတဲ့ ခေတ်ပေါ်ကဗျာတွေဆိုတာက မော်ဒန်စကားလုံးတွေကို အပြည့်အသိပ်ထည့်ထားတာနဲ့တင် ပြီးမြောက်တာမဟုတ်ဘူး။ နူးညံ့ချောမွေ့ပြီး ရိုးစင်းတဲ့စကားလုံးတွေကိုလည်း ပုံစံလှလှလေးဖြစ်အောင်ပြင်ပြီး ကြားညှပ်ထည့်ထားတတ်ကြတယ်လို့ ကျန်ာခံစားခဲ့မိဖူးတယ်။ ခင်ဗျားကဗျာတွေက စူးရှပြင်းထန်တာတွေ များလွန်းနေတယ်။ ခေတ်ပေါ် မော်ဒန်စကားလုံးတွေကိုပဲ အပြည့်အသိပ် သုံးနေတာတွေများတယ်။ ချိုသာငြိမ့်ညောင်းတဲ့စီးဆင်းမှု ကဗျာဆန်မှုတွေ အားလျော့နေတယ်လို့ ကျနော်ခံစားခဲ့ဖူးတယ်။ ကျနော်လူတတ်ကြီးလာလုပ်တာ မဟုတ်ပါဘူး။ လူဆိုတာ စိတ်အမျိုးမျိုး ခံစားချက်အမျိုးမျိုးရှိတာပဲ။ ကျနော်က ဘောလုံးပွဲဝါသနာအိုးလို ကဗျာကိုအားပေးတဲ့ ကဗျာဖတ်ဝါသနာအိုးအဆင့်ထက် ဘာမှမပိုပါဘူး။

နောက်ပိုင်းစာတွေရေးနိုင်ရင်လည်း နည်းပညာပိုင်းဆိုင်ရာ ပညာပေးစာတွေ ရေးပါဦး။ ကျနော်တို့လိုလူတွေအတွက် အများကြီး ဗဟုသုတရပါတယ်။ အခုတလော အင်တာနက်ဝဘ်ဆိုဒ်ပြန်ပေးဆွဲသမားတွေ လေ့ကျင့်ရေးကွင်းဆင်းနေတာတွေလည်း ကြားနေရတယ်။ ထုံးစံအတိုင်း ငပွကြီးတို့ ကျောယားနေပြန်ပြီထင်တယ်။

ကျနော်ကတော့ ဘလော့မရေးတော့ဘူးဗျ။ အကြောင်း အကြောင်း အကြောင်း ကြောင့်တွေ ကြောင့်ပေါ့ဗျာ။ ရေးနိုင်တဲ့သူတွေကိုပဲ အားပေးနေပါတယ်။ ခင်ဗျားလည်း တယောက် အပါအ၀င်ပေါ့။ မွေးနေ့အတွက်ရယ်လို့တော့ မဟုတ်ပါဘူး။
နောင်အနာဂါတ် နှစ်များစွာအတွက်ပေါ့ ... ခင်ဗျားတို့ လင်မယား ချစ်ခင်မှုတွေ ပိုမိုကျစ်လစ်ခိုင်မာပြီး အသက်ရှည်သမျှ လက်တွဲသွားနိုင်ကြပါစေ။ အပူအပင် သောကတွေနည်းပါးပြီး ငြိမ်းချမ်းသာယာတဲ့ မိသားစုဘ၀လေး တည်ဆောက်နိုင်ပါစေ။ နယ်မြေသစ်တိုင်းမှာ ၀ိုင်းရံဖေးမပေးမယ့် မိတ်ဆွေကောင်းတွေနဲ့ဆုံတွေ့ပြီး နည်းပညာအသစ်တွေကို စိတ်ကျေနပ်လောက်အောင် လေ့လာသင်ယူခွင့်ရရှိပါစေ။
မြန်မာပြည်မှာ .............................. လူငယ်(သို့)လူကြီး တယောက်အဖြစ်နဲ့ အုပ်တချပ် သဲတပွင့်ထက်မက ဖြစ်ပါစေ။

သြော်.... ဒါနဲ့ဗျာ တိုက်ဆိုင်တာဆိုလို့ ကျနော်လည်း မြန်မာနိုင်ငံကိုလွမ်းနေရတာ ၈နှစ်ရှိနေပြီ။ အခုကလည်း ၂၀၀၈။ ကျနော်တို့ဘ၀တွေလည်း မြန်မာနိုင်ငံလိုများ ၈နဲ့ကြုံလေတိုင်း ကံဆိုးမိုးမှောင် မုန်တိုင်းထန်တဲ့ အဖြစ်ဆိုးတွေကိုများ ကိုယ်စားပြုနေသလား ထင်ယောင်ထင်မှား ဖြစ်လောက်စရာပါပဲဗျာ။

အောင်မြင်ပျော်ရွှင်နိုင်ပါစေ
နေမိုး

ညီညီ(သံလွင်) said...

ကိုနေမိုး..

အခုလို အချိန်ပေးပြီး ကွန်မန့် တကူးတက လာရေးပေးသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ အကြံပေးချက်ကိုလည်း ၀မ်းမြောက်ဝမ်းသာ လက်ခံပါတယ်။

ကျွန်တော့် ကဗျာတွေက အားနည်းနေတယ်လို့ ခံစားရတယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ အားနည်းချက်သာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် အထက်တန်းကျောင်းသား ဘ၀ တလျှောက်လုံး ခေတ်ဟောင်း ကဗျာပုံစံတွေကို တစိုက်မတ်မတ် ရေးခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ ကဗျာကို ပိုလေ့လာဖြစ်တော့ မော်ဒန်(သို့) ပို့စ်မော်ဒန်ဆန်တဲ့ စကားလုံးတွေဟာ ရိုးရှင်းတဲ့စကားလုံးတွေထက် ကျွန်တော့်စိတ်ကို ပိုပြီး တွယ်ငြိစေသလို နိမိတ်ပုံတွေနဲ့ ပုံဖော်ရတာကို ပိုသဘောကျလာတယ်။ ဆယ်တန်း ကျောင်းသားဘ၀မှာ ကျွန်တော့် အင်္ဂလိပ်စာဆရာဖြစ်သလို ကဗျာဆရာတစ်ဦးလည်းဖြစ်တဲ့ သားကြီးမောင်ဇေယျနဲ့ စာသင်ခဲ့ရတော့ သူတို့ စပြီး ထုတ်ခဲ့တဲ့ ကဗျာ စာအုပ် (နာမည်က “ရွှေအိုရောင်နှလုံးသား” ထင်ပါတယ်။ ဆရာ မင်းလူနဲ့ အခြားကဗျာဆရာတွေ စုရေးခဲ့တဲ့ စာအုပ်ပါ) စထုတ်ခါစက ကဗျာပုံစံသစ်ဖြစ်ခဲ့တာကြောင့် ကဗျာဝေဖန်ရေးလောကမှာ အတော်လေး ဝေဖန်ခံခဲ့ရတာတွေ၊ ကဗျာဆိုတာ ခံစားမှုကပဲ ကဗျာဆန်နေဖို့လိုပြီး စာသားတွေက ကဗျာဆန်စွာ နူးညံ့နေဖို့ မလိုဘူးဆိုတာတွေ မှတ်သားခဲ့ရဖူးပါတယ်။ ကဗျာဆိုတဲ့ စံဝင်အောင် ဘောင်ဝင်အောင် ရေးထားပေမယ့် ဖတ်မိဖူးတဲ့ တချို့ တချို့သော ကဗျာတွေကို ကျွန်တော်လည်း ကဗျာလို့ မခံစားမိတာ အမှန်ပဲဗျ။ ကဗျာရေးသူတစ်ယောက် အနေနဲ့ ကျွန်တော်ကတော့ ကျွန်တော်ရေးချလိုက်တာတွေကို ဒါဟာ ကဗျာဆန်တယ်လို့ ယူဆတဲ့အတွက် ကဗျာ တစ်ပုဒ်လို့ ခေါင်းစဉ်တပ်လိုက်ပေမယ့် အဲဒါကိုပဲ ကဗျာဖြစ်ခြင်း မဖြစ်ခြင်း အားနည်းခြင်း မနည်းခြင်းဟာ ကဗျာဖတ်သူရဲ့ ခံစားပိုင်ခွင့် ဝေဖန်ပိုင်ခွင့် သတ်မှတ်ပိုင်ခွင့် ဖြစ်တာမို့ ကျွန်တော် ဘာမှ မပြောလိုပါဘူး။ လွတ်လပ်စွာ ကွဲလွဲကြခြင်းအပေါ် နားလည်မှု ရှိတဲ့အခါ လက်ခံနိုင်တဲ့အခါ မင်္ဂလာတစ်ပါးပဲပေါ့ဗျာ။ အသက် တဖြည်းဖြည်းရလာတော့ ငယ်ငယ်ကလောက် ခံစားချက်တွေ သိပ်မပြင်းထန်တော့သလို ဖြစ်လာတယ်။ ကန်ထဲက ရေမျက်နှာပြင်လို ငြိမ်သက်နေတာများတယ်။ ခဲလုံးကြီးကြီး မကျသရွေ့တော့ သိပ်လှုပ်မှာ မဟုတ်ပါဘူး။ ဘ၀မှာ ခဲလုံးကြီးကြီးတွေလည်း မလိုချင်တော့ပါဘူး။

နည်းပညာပိုင်းစာတွေ ရေးဖို့ စဉ်းစားထားတာတွေ ရှိပါတယ်။ အရင်ကတည်းက ၀ါသနာပါလို့ စထားခဲ့တဲ့ သံလွင်အိပ်မက် မဂ္ဂဇင်းရယ်၊ ဘလော့ရယ်အတွက် အချိန်ပေးရသလို အခုနောက်ပိုင်း တင်ဖြစ်နေတဲ့ သံလွင်သတင်းတွေအတွက်ပါ နေ့စဉ်လိုလို အချိန်ပေးရတဲ့အတွက် အချိန်က အတော့်ကို ရှားပါးလာတာတော့ အမှန်ပဲဗျ။ အဲဒီကြားထဲ ဆော့ဝဲလ်အသစ်လေး မြင်ရင် စမ်းချင်၊ နည်းပညာအသစ်အဆန်းလေး မြင်ရင် စူးစမ်းချင်၊ စိတ်ဝင်စားစရာလို့ ယူဆတဲ့ စာအုပ်တွေ့ရင် ဖတ်ချင်တဲ့ စိတ်တွေကလည်း အချိန်အတော်များများကို ဖဲ့ယူသွားတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ဘလော့ရေးသွားပါမယ်။

ဆုတောင်းအတွက် ကျေးဇူးပါပဲ။ သြဂုတ်လ ၈ ရက်နေ့မှာ ၂၈ နှစ်ပြည့်ခဲ့တဲ့ ကိုနေမိုးလည်း အခက်အခဲမှန်သမျှကို ဖြတ်ကျော်ပြီး လိုအင်ဆန္ဒတွေ ပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Nay Nay Naing said...

ညီညီ ..
ကိုယ့်ဟာကို အလုပ်ရှုပ်နေတာနဲ့  မွေးနေ့ ကို မသိလိုက်ဘူးဟာ..
မွေးနေ့ တွေမှာ မဟုတ်ပါဘူး.. အချိန်တိုင်း၊ နေရာတိုင်း.. အရာရာတိုင်းမှာ အဆင်ပြေအောင်မြင်မှု့ တွေကို ပိုင်ဆိုင်ပြီး၊ ပိုးနဲ့  အတူ ပျော်ရွှင် အောင်မြင်နဲ့  မိသားစု ဘ၀ကို တည်ဆောက်နိုင်ပါစေ..