Oct 7, 2008

အတောင်ပံခတ်သံများ ၂၈ ခါတိတိ

၂၀ + ၈ ဖြစ်ဖြစ်
၃၀ - ၂ ဖြစ်ဖြစ်
မျှော်လင့်ချက်အသစ်နဲ့အတူ ၂၈ ရောက်လာတယ်။

၁၉၈၀ ၁၀လပိုင်း ၇ ရက်နေ့ဟာ အင်္ဂါနေ့ ဖြစ်သလို
၂၀၀၈ ၁၀လပိုင်း ၇ ရက်နေ့ဟာ အင်္ဂါနေ့ ဖြစ်တယ်။

(၁၉၈၀-၁၉၉၉)
မိသားစုထဲ နောက်ဆုံးမှ ရောက်လာတဲ့ သားကို
ဘယ်သူနဲ့ ယှဉ်ယှဉ်
အမြဲရှေ့ဆုံးမှာ ရောက်ချင်ခဲ့ပေမယ့်
ကျရှုံးတိုင်း နားလည်တတ်တဲ့ အဖေနဲ့ အမေ
အောင်မြင်တိုင်း ဂုဏ်ယူတတ်တဲ့ အဖေနဲ့ အမေ။

(၁၉၉၉)
ဦးသုံးကြိမ်ချပြီး ခပ်မြန်မြန် ခတ်လိုက်တဲ့ မျက်တောင်တွေ အောက်
ငိုမဲ့မဲ့ဟန် မပေါက်အောင် ကြိုးစား..
"သား .. သွားတော့မယ်" လို့ နှုတ်ဆက်
နယ်မြေသစ်တွေ ရှာဖို့ထွက်ခဲ့ရ
စင်္ကာပူရဆိုတဲ့ ကျွန်းကလေးထဲ ၉ နှစ်တာ။

(၂၀၀၈)
၉ နှစ်ကြာ ရှာတာတောင် အခြေချစရာ နေရာ စိတ်တိုင်းကျ မတွေ့
အရိုးများသလေး ချီးခါးသလေး ပြောတတ်တဲ့ သား
ကမ္ဘာတဘက်ခြမ်းမှာ ထပ်ရှာဖို့ ကြိုးစားမယ်။

အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့
အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့
အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့
ဒီလိုပဲ ကိုယ့်ဟာကိုယ် ဖြေသိမ့်
နိမ့်ဆင်းလိုက် မြင့်တက်လိုက်
လေဟုန်စီးဆဲ ငှက်တစ်ကောင်
ကမ္ဘာဆိုတဲ့ လှောင်ချိုင့်ထဲ ၂၈ နှစ်တာ။

ခေလွန်း
၇၊ ၁၀၊ ၂၀၀၈

15 comments:

ko watote said...

Happy birthday! May all your wishes come true very soon.

Unknown said...

ပျော်ရွှင်ဖွယ်ကောင်းတဲ့ ၂၈နှစ်ပြည့် မွေးနေ့ဖြစ်ပါစေ။ ငါတို့ ဆုတောင်းနေကြဟာထဲက ပထမဆုံးဟာကို ဖြုတ်ပြီး ဆုတောင်းပေးတယ်လို့လဲ သဘောထားပါ။ :D

mmhan said...

Happy Birthday ပါဗျာ.

အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့
အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့
အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့

သိပ်ကြိုက်သွားပြီ...

MELODYMAUNG said...

အင်းဟုတ်တယ် ခါတိုင်းဆုတောင်းထဲက ရှေ့ဆုံးတစ်ခုဖြုတ်မှရမယ် မဟုတ်ရင် ဗိုက်ကြောဆွဲခံထိမယ် :P

အားမာန်အပြည့်နဲ့ ၂၈ခါမြောက်အတောင်ပံခတ်သံများလည်း ဒီမွေးနေ့ကစလို့ (အဝေးကြီးထပ်သွားပြီးနောက် အနီးဆုံးပြန်မဲ့) အတောင်ပံခတ်သံများဆက်၍ ညံပါစေလေ

Happy Birthday, Nyi Nyi

shin said...

Happy Birthday to you...

Your birthday poem really give me a lot of thoughts...

Anonymous said...

ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေ ညီညီရေ...
ဒီိီလို အင်္ဂါနေ့မျိုးမှာ အရင်နှစ်တွေထက် ပျော်နေနိုင်မယ်ထင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့ .........
လေးစားလျှက်
မွန်းသက်ပန်

Unknown said...

Have a beautiful day and a year filled with the best of everything!
Happy Birthday

Unknown said...

Have a beautiful day and a year filled with the best of everything!
Happy Birthday

Tesla said...

ကိုညီ Happy Birthday ပါ..။ အတောင်ပံတွေကို အားအင်အပြည့် နဲ့ ဆက်လက်ခတ်နိုင်ပါစေ..။

P.Ti said...

ဒီမွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့ပါစေ။

အနီးဆုံးပြန်ကိုဖို့အချိန်တွေ အမြန်ဆုံးရောက်ပါစေလို့လည်း ဆုတောင်းလိုက်ပါတယ်...

P.Ti said...

သြော်.. ဒါနဲ့ ဒီနေ့က ကျွန်တော်တို့ရုံးက ကောင်မလေးတစ်ယောက်ရဲ့မွေးနေ့ဗျ... နောက်ပြီး သူကလည်း ၂၈နှစ်ပြည့်တာပဲ.. ကိုညီညီနဲ့ တစ်ရက်ထဲဖွားပေါ့...

အဲကောင်မလေးကတော့ တော်တော်လေးခေါင်းမာတယ် ဗျ... :)

Mr.Pooh @ မောင်ပွတ် said...

ကိုဇင်ကိုလတ်နဲ့ မမီကို တစ်နှစ်မှ တစ်ခါပဲ အတောင်ပံခတ်တဲ့ ကိုညီက စိတ်ထဲကနေ ကျိန်ဆဲနေလိမ့်မယ်။ ရှေ့ဆုံးကဆုတောင်းကို ဘာလို့ ဖြုတ်ရတာလဲဆိုပြီးတော့။ ခုတော့ သူ့ဟာသူ စိတ်ထဲက ဆုတောင်းနေရပြီ။ (စတာပါ)

ကိုညီရေ - ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေဗျာ။

mgthantzin said...

စိတ်ချမ်းသာမှုနဲ့အတူ... ရှေ့လမ်းခရီး အောင်မြင်နိုင်ပါစေဗျာ

အစ်ကို့ညီ

pandora said...

ကိုယ်လုပ်ချင်တာတွေ ပြည့်ပြည့်၀၀ လုပ်ခွင့်ရပါစေ။ ပျော်ရွှင်ပါစေ ညီညီ။

နိုင်းနိုင်းစနေ said...

အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့
အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့

တကယ်လည်း ပြန်လာနိုင်ပါစေ
တကယ်လည်း ပြန်လာချင်ပါစေ လို့

ဟက်ပီးဘတ်ဒေးပါ ညီညီး)