Jul 31, 2008

ကဗျာဆရာနဲ့ စကားစမြည်

ရင်ဘတ်ထဲမှာက
တကယ်တမ်း ကဗျာ.. ။
ကာရန် မဖွဲ့ချင်တဲ့အခါ
ဂစ်တာတစ်လက်ပေါ် ထားလို့ဖြစ်တယ်။
သံစဉ် မဖွဲ့ချင်တဲ့အခါ
ကွန်ပျူတာကီးဘုတ်ပေါ် ထားလို့ဖြစ်တယ်။
ပရိုဂရမ် မရေးချင်တဲ့အခါ
အိပ်မက်တွေထဲ ထားလို့ဖြစ်တယ်။
မအိပ်စက်ချင်တဲ့အခါ
အတွေးတွေထဲ ထားလို့ဖြစ်တယ်။
မတွေးချင်တဲ့အခါ
ဗလာနယ်ထဲ ထားလို့ဖြစ်တယ်။
ဘာဆိုဘာမှမရှိတဲ့အခါ
လူ့ဘ၀ရဲ့ အဓိပ္ပာယ်ဆိုတဲ့ ခေါင်းစဉ်အောက်ထဲ ထားလို့ဖြစ်တယ်။
ခေါင်းစဉ် ဘယ်လိုမှ တပ်မရတဲ့အခါ
“ကဗျာ”လို့ပဲ ထားလို့ဖြစ်တယ်။

ကာရန် မဖွဲ့ချင်တဲ့အခါ
သံစဉ် မဖွဲ့ချင်တဲ့အခါ
ပရိုဂရမ် မရေးချင်တဲ့အခါ
မအိပ်စက်ချင်တဲ့အခါ
မတွေးချင်တဲ့အခါ
ဘာဆိုဘာမှ မရှိတဲ့အခါ
ခေါင်းစဉ်ဘယ်လိုမှ တပ်မရတဲ့အခါ
ဘ၀ထဲမှာက တကယ်တမ်း ဗလာ
ရင်ဘတ်ထဲမှာက တကယ်တမ်း ကဗျာ.. ။ ။

ခေလွန်း
ဇူလိုင် ၃၁၊ ၂၀၀၈
မွန်းလွဲ ၂ နာရီ ၂၀ မိနစ်

No comments: