Apr 3, 2008

ဇာတ်ပွဲ

ငိုက်ချင်ယောင် ဆောင်နေလိုက်တယ်
မသိလိုက် မသိဘာသာပေါ့
ကြာတော့လည်း အကျင့်ပါလာတာ မဆန်းဘူး
အရပ်ကူပါ လူဝိုင်းပါ
ငါ လုပ်မလား သူ လုပ်မလား စောင့်ရင်း
ဟို လက်ညှိုးထိုး ဒီ လက်ညှိုးထိုး
မိုးခါးရေတွေက အလျှံအပယ်
ပြီးစလွယ်လုပ် ကြုံသလိုစခန်းသွား
ခပ်ပါးပါးလေး ပြုံးပြပြီး
ကူညီပါရစေ လို့ လောကွတ်ချော်
ပျော်ပျော်နေသေခဲတဲ့
ရူးချင်ယောင်ဆောင်
ကြောင်တောင်တောင်မျက်နှာပေးနဲ့
မပြီးနိုင် မစီးနိုင် မဟာဇာတ်တော်ကြီးကို အားပေးဖို့
ငိုက်မြည်းရာက ကမန်းကတန်းထပြီး လက်ခုပ်တဖြောင်းဖြောင်းတီးလိုက်တယ်
တစ်နိုင်ငံလုံး ဆူညံပွက်လောကို ရိုက်ရော .. ။ ။

ညီမင်းနိုင်

2 comments:

P.Ti said...

တကယ်ကောင်းတဲ့ ကဗျာလေးပါ ကိုညီညီ။

Anonymous said...

ညီညီတို့ ကဗျာတွေကတော့ ပြောစရာမလို ..း)